ဒီမနက်လဲနံနက်၁-၀၀လောက်မှာနိုးလာပါတယ်ခါတိုင်းဆိုဘုရားကန်တော့သစ္စာပြုပြီးစာဖတ်၊ပြီးရင်တရားထိုင်ပြီးကရေးခြင်တဲ့စာရေးတင်ပါတယ်ပြီးရင်ပြန်လှဲပါတယ်ဒီမနက်

ကတော့စာမဖတ်အားဘဲရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စရပ်လေးတစ်ခုရှိနေပါတယ်ဒါကတော့ငါးပါးသီလလုံစွာနေထိုင်နေပေမဲ့လောကဓံဒါဏ်ကိုခံနေရတဲ့မိတ်ဆွေများအတွက်ပါ

မနေ့ကတော့ဘုရားစာတွေရွတ်ပေမဲ့ဘဝမတိုးတက်သူတွေအနှောင့်အရှက်ခံနေရသူတွေကိုပရိကံလိုအပ်ချက်ဖြန့်ဝေပေးခဲ့ပြီးပါပြီဒီနေ့ကတော့ငါးပါးသီလလုံပါလျက်မပြည့်မစုံဖြစ်

နေကြရသောမိတ်တွေအတွက်ပါစာတွေလိုက်ဖတ်တဲ့အခါမှာဂမ္ဘီရကြက်ခြေပါရင်အရာရာပြည့်စုံမယ်ကြီးပွားမယ်လို့ရေးထားတာတွေဖတ်ရပါတယ်သုတေသနအရတဝက်မှန်တ

ဝက်မှားပါတယ်လို့ကျွန်တော်အခိုင်အမာပြောပါမယ်ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃နှစ်သားကစတင်ရင်းနှီးပြီးယနေ့အချိန်အထိ အဆက်မပြတ်

သုတေသနလုပ်ခဲ့လို့ပါဘဲလက္ခဏာပညာရဲ့အားသာချက်ကတွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြောနိုင်ပါတယ်။မွေးနှစ်မွေးလ

ရက်နေ့ဘာမှမလိုပါလက်ခဏာနဲ့အသေးစိတ်ကတော့အတိုင်းအထွာလိုပါတယ်။ဒါပေမဲဗေဒင်ပညာလောက်အနုမစိတ်နိုင်ပါဘူးသယ်ဆောင်ရတဲ့ပစ္စည်းပစ္စယတာဝန်နည်းပါ

တယ်မျန်ဘီလူးတစ်ချပ်ပါရင်ရပါပြီ။ဝန်ကျဉ်းပေမဲ့ဒီပညာလဲမိမိမှာအတွေ့အကြုံရှိသလောက်မှန်ဘီလူးကောင်းရင်ကောင်းသလောက်သိနိုင်ပြောနိုင်တဲ့ပညာတွေအများကြီးရှိပါတယ်

သမထ နဲ့ပေါင်းရင်တော့လက်ကိုကိုင်တာနဲ့အပူအအေးအရှိန်အဟုန်ရိုက်ခတ်မှု့ကြောင့်၃၀%လောက်ပြောနိုင်နေပါပြီရုပ်ရှင်တွေထဲမှာလက်ခဏာဆရာလက်ကိုင်ရင်အသားယူ

တယ်ဆိုတဲ့ပြကွက်တွေဟာသနှောရိုက်ထားတာတွေ့နေကြမို့လူအများကအထူးသဖြင့်မိန်းခလေးတွေမနှစ်သက်ပါဘူးဒါပေမဲ့လက်ရေစာကြမ်း မကြမ်းကအဓိကအချက်ပါ။မကိုင်

ဘဲမပွတ်သပ်ဘဲမသိနိုင်ပါဘူးနုရင်ပင်ပန်းဆင်းရဲနည်းပါတယ်။ကြမ်းရင်သူဌေးတောင်မနေနိုင်မထိုင်နိုင်ဖုန်သုတ်နေရမှနေတတ်ပါတယ်လက်ရေစာကြဲရင်လဲပင်ပန်းပါတယ်။လက်

ရေစာစိတ်ရင်သက်သာပါတယ်အားလုံးလဲအခြေခံသိအောင်ထည့်ပြောနေတာပါအရောင်အသွေးမှာလဲပန်းရောင်ဖြစ်ရင်အေးချမ်းပြီးအနီရောင်ဆိုရင်လောဘဒေါသမောဟများ

လာပါပြီခရမ်းရောင်ဆိုရင်ပြစ်မှု့နီးစပ်နေပြီး ဖြူဖျော့နေရင်ကျန်းမာရေးကျနေတာဖော်ပြနေပါတယ်။အနီရောင်သန်းပြီးအဖြူစကတွေများနေရင်အသည်းကိုဒုက္ခပေးနေပါပြီစာလေး

မှာစိုးလို့အခြေခံသဘောတွေကိုရပ်ပါပြီ။ဂမ္ဘီရကြက်ခြေပါတာကောင်းတဲ့အမှတ်အသားဆိုတာထောက်ခံပါတယ်။ဒါပေမဲ့ဒီဘဝမှာလောကဓံအတော်ခံရမဲ့သူတွေလို့ကျွန်တော်

တိတိကျကျပြောပါတယ်သက်သက်သာသာနဲ့ဘာတခုမှအချောင်မရပါဘူးတခါလုပ်ရုံနဲ့လဲအဆင်မပြေပါဘူးအနည်းဆုံး ၂ကြိမ်ကြိုးစားရသူတွေပါဒီအမှတ်ပါထားရင်၁။

အများအတွက်လူပင်ပန်းစိတ်ပင်ပန်းရပါမယ်အကျိုးဆောင်လိုက်ပါ၂။အများအားကိုးခံရပါမယ်ပဲခူးဆားပါ၃။အိပ်မက်ထူးများမြင်မက်ပါတယ်၄။တခါမှမရောက်ဘူတဲ့နေရာရောက်

သွားရင်ရင်းနှီးစွာသိနေပါတယ်၅။မသန့်တဲ့နေရာအသုံးအဆောင်နဲ့ကြုံရင်ချက်ခြင်းစိတ်ကသိပြီးဓါတ်ပြင်းသူတွေဆိုယားယံလာပါမယ်။၆။လူတယောက်ကိုချက်ခြင်းအကဲခတ်

မသိစိတ်ကပုံဖော်ပြီးလူကောင်းဟုတ်မဟုတ်ချက်ခြင်းသိပါတယ်၇။ဓါတ်ပြင်းသူများဆိုရင်စုန်းတတစ္ဆေပူးသူနားရောက်တာနဲ့ချက်ခြင်းရောဂါပျောက်ပါတယ်၈။မွေးမြူရေးလုပ်

အရင်းပြုတ်ပါတယ်၉။အကုသိုလ်အလုပ်ဘာမှအကျိုးမပေးပါ။၁၀။မီးလောင်ရေနစ်ဓါတ်လိုက်accidentမျိုးစုံကြုံဘူးပါမယ်၁၁။အိမ်ထောင်ရေးသာယာမှု့နည်းပါတယ်။ကွဲတတ်ပါ

တယ်မကွဲရင်ခွဲနေရပါမယ်၁၂။အခက်အခဲသိပ်ကြုံလာရင် နောက်ဆုံးအချိန်မှာကူညီသူပေါ်လာပါတယ်။၁၃။အချုပ်အနှောင်ကိန်းတွေလဲကြုံရပါတယ်၁၄။သွားပုပ်လေလွင့်လဲ

အပြောခံရပါမယ်၁၅။ဘဝနေဝင်ချိန်မှဥစ္စာချမ်းသာတရားအသိချမ်းသာရပါတယ်၁၆။ပထမဒုတိယတတိယအရွယ်တွေမှာခံရပြီးစတုထ္ထအရွယ်မှာမှအေးချမ်းရပါမယ်ဒါကိုကောင်း

တယ်ပြောမှာလားလို့မေးရင်ကောင်းတယ်လို့ဖြေပါမယ်ဒီလက်ပိုင်ရှင်ဟာသောတာပန်အဆင့်အနည်းဆုံးကူးပြောင်းတော့မဲ့သူမို့ပါသံသရာပြတ်ဖို့ငါးဘဝသာကျန်တော့တယ်လို့

ရှေးဟောင်းကျမ်းတွေကဆိုပါတယ်ဒါကြောင့်၈မ္ဘီရကြက်ခြေပါပြီးလောကဓံကြုံနေသူတွေ ကိုပြောပြခြင်တာကဝဋ်ကြွေးအကုန်ဆပ်ရအောင်အကြွေးတောင်းခံနေရတာပါလို့လောကဓံ

တွေကသင့်ကိုအတိတ်အကြွေးတွေဆပ်ခိုင်းနေသလိုသံသရာပြတ်ခြင်အောင်တွန်းပို့နေတာပါလို့မှာပါရစေစိတ်ဓါတ်မကျပါနဲ့။ဘယ်တော့မှထမင်းမငတ်တဲ့လက်ပါ။ကိုယ်စိတ်ကတော့

အနားမရဘဲပင်ပန်းပါမယ်သူများလက်ချက်နဲ့ဘယ်တော့မှမသေပါဘူAccidentကြောင့်လဲမသေပါဘူးတွဲလျက်အရံအသက်လမ်းကြောင်းလဲပါမှာပါခွဲစိတ်ဖြတ်တောက်ကုသခံရ

မှာတော့၁၀၀%အပြည့်ပါလို့မှာရင်းသူတော်ကောင်းလက်၊ဒါမှမဟုတ်သူတော်ကောင်းဖြစ်တော့မဲ့လက်လို့အာမခံပြောရဲပါတယ်။တရားထိုင်ရင်တရားထူးအမြန်ရပါမယ်ထူးခြားသူများ

နဲ့ထူးခြားဖြစ်စဉ်များကိုကြုံရမြင်ရပါမယ်နိတ်ဗာန်ကိုမြင်နေရပါပြီ။ရောက်ဖို့အတွက်အားထုတ်ဖို့ကမိမိတာဝန်ပါသူများတွေဝေးနေသေးတဲ့နိတ်ဗာန်ကိုမြင်နေရတဲ့လမ်းပေါ်ခြေချမိနေမှ

တော့ဘာစိတ်ညစ်စရာလိုပါသေးလဲမြန်မြန်သွားရင်မြန်မြန်ရောက်မယ်နှေးနှေးသွားရင်နှေးနှေးရောက်မယ်။ဒါဘဲကွာပါတော့တယ်မိတ်ဆွေအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေcredit