အမ်ိဳးသမီးတစ္ေယာက္ရဲ႕တန္ဖိုးကိုအိမ္ေထာင္ရွိျခင္း၊မရွိျခင္းနဲ႔သိပ္ကိုဆုံးျဖတ္ၾကတာပါပဲအိမ္ေထာင္မက်ေသးတဲ့ အပ်ိဳႀကီးေတြဆိုရင္ပဲ ေလွာင္စရာ၊ ေျပာင္စရာ အျဖစ္ မွတ္ယူထားသူ ကမ်ားတတ္ပါတယ္ယူမယ့္သူမရိွလို႔ပဲအပ်ိဳႀကီးျဖစ္ေနရ သလိုလို၊အားနည္းခ်က္ တစ္ခုခု ေၾကာင့္လိုလို

အပ်ိဳႀကီးေတြကပဲပစိပစပ္သိပ္မ်ားေနသလိုလို၊အထင္ေသးတတ္ၾကပါတယ္တကယ္ေတာ့ေလာကမွာ တစ္ေယာက္ထဲ ရပ္တည္ႏိုင္ေနတာကိုက ဂုဏ္ယူစရာပါပဲအိမ္ေထာင္ဘက္ ေသဆံုးသြားတဲ့ မိန္ကေလးမ်ားကိုဆိုရင္လည္း အေနအထိုင္သိပ္ဆင္ျခင္ၾကရတယ္။သားမရိွဘဲသမီးေတြနဲ႔ပဲ က်န္ရစ္တဲ့ မိသားစုဆို ပိုဆိုးတတ္ပါတယ္

ပါတ္ဝန္းက်င္ကို သိပ္ဂရုထားရၿပီ။သမီးေတြကို အရမ္းသြန္သင္ရၿပီပါတ္ဝန္းက်င္ရဲ့ရိုက္ခတ္မႈကို အခံရဆံုးကအိမ္ေထာင္ကြဲသြားရတဲ့ အမ်ိဳးသမီးေတြပါပဲ။ရပ္ကြက္ထဲက ေယာက်ာ္းေတြကအထင္ေသးသလိုလို မိန္းမေတြကလည္းအခ်င္းခ်င္းနစ္နစ္နာနာ ေျပာခ်င္ၾကတယ္။ ေယာက်ာ္းတစ္ေယာက္ေယာက္ နဲ႔ ရိုးရိုးသားသားစကားေျပာရင္ေတာင္ရွာႀကံအျပစ္လို႔

တင္ၾကျပန္ပါတယ္ေရွးစကားပံုေတြကိုလည္း ၾကၫ့္ပါဦးအလံမရိွတဲ့ရထားတို႔ ေမာင္တစ္က်ိပ္ ရိွေပမယ့္လင္တစ္ေယာက္ မရိွရင္မသင့္ေတာ္ဘူးဆိုၿပီးအမ်ိဳးမ်ိဳး ပါပဲ။ မုဆိုးမ အိမ္ကဘာျဖစ္ ေနတာပဲတို႔စသျဖင့္ေပါ့ေလအမွန္ေတာ့မိန္းမတစ္ေယာက္ ဘဝမွာ ဘယ္လိုအေျခအေနပဲ ေရာက္ေနေရာက္ေန ေယာက်ာ္းရဖို႔ဆိုတာသိပ္ခက္ခဲတဲ့ကိစၥမွမဟုတ္တာ

တကယ္သာ အိမ္ေထာင္ျပဳခ်င္ရင္ ကိုယ့္ပါတ္ဝန္းက်င္မွာ ရိွတဲ့ကိုယ္နဲ႔ အဆင့္အတန္း မတိမ္းမယိမ္း ေယာက်ာ္း တစ္ေယာက္ကိုအခ်ိန္တိုအတြင္း ယူႏိုင္ၾကတာခ်ည္းပဲမယူတာက မလိုခ်င္ ၾကလို႔ပါ တကယ္ေတာ့ ေယာက်ာ္းယူၿပီး ဘဝကိုတည္ေဆာက္ေနတဲ့ အမ်ိဳးသမီးေတြထက္ ေယာက်ာ္းမယူဘဲ မိမိတာဝန္၊ မိဘတာဝန္

သားသမီးတာဝန္ေတြကိုတစ္ေယာက္တည္းထမ္းေနတဲ့၊ ထမ္းႏိုင္တဲ့ အမ်ိဳးသမီးေတြကမွတကယ္သတၲိရိွတဲ့ အမ်ိဳးသမီးေတြပါဘဝမွာတစ္ေယာက္တည္း ရပ္တည္ေနႏိုင္တဲ့ အမ်ိဳးေကာင္းသမီးေတြကို တန္ဖိုးထားၿပီး ေလးစားပါလို႔အႏူးအၫြတ္ ေမတၲာရပ္ခံအပ္ပါတယ္Khin Aye Nge

အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကိုအိမ်ထောင်ရှိခြင်း၊မရှိခြင်းနဲ့သိပ်ကိုဆုံးဖြတ်ကြတာပါပဲအိမ်ထောင်မကျသေးတဲ့ အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ၊ ပြောင်စရာ အဖြစ် မှတ်ယူထားသူ ကများတတ်ပါတယ်ယူမယ့်သူမရှိလို့ပဲအပျိုကြီးဖြစ်နေရ သလိုလို၊အားနည်းချက် တစ်ခုခု ကြောင့်လိုလို

အပျိုကြီးတွေကပဲပစိပစပ်သိပ်များနေသလိုလို၊အထင်သေးတတ်ကြပါတယ်တကယ်တော့လောကမှာ တစ်ယောက်ထဲ ရပ်တည်နိုင်နေတာကိုက ဂုဏ်ယူစရာပါပဲအိမ်ထောင်ဘက် သေဆုံးသွားတဲ့ မိန်ကလေးများကိုဆိုရင်လည်း အနေအထိုင်သိပ်ဆင်ခြင်ကြရတယ်။သားမရှိဘဲသမီးတွေနဲ့ပဲ ကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုးတတ်ပါတယ်

ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ။သမီးတွေကို အရမ်းသွန်သင်ရပြီပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးကအိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ။ရပ်ကွက်ထဲက ယောကျာ်းတွေကအထင်သေးသလိုလို မိန်းမတွေကလည်းအချင်းချင်းနစ်နစ်နာနာ ပြောချင်ကြတယ်။ ယောကျာ်းတစ်ယောက်ယောက် နဲ့ ရိုးရိုးသားသားစကားပြောရင်တောင်ရှာကြံအပြစ်လို့

တင်ကြပြန်ပါတယ်ရှေးစကားပုံတွေကိုလည်း ကြည့်ပါဦးအလံမရှိတဲ့ရထားတို့မောင်တစ်ကျိပ်ရှိပေမယ့်လင်တစ်ယောက်မရှိရင်မသင့်တော်ဘူးဆိုပြီးအမျိုးမျိုး ပါပဲမုဆိုးမအိမ်ကဘာဖြစ် နေတာပဲတို့စသဖြင့်ပေါ့လေအမှန်တော့မိန်းမတစ်ယောက် ဘဝမှာ ဘယ်လိုအခြေအနေပဲ ရောက်နေရောက်နေ ယောကျာ်းရဖို့ဆိုတာသိပ်ခက်ခဲတဲ့ကိစ္စမှမဟုတ်တာ

တကယ်သာ အိမ်ထောင်ပြုချင်ရင် ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ကိုယ်နဲ့ အဆင့်အတန်း မတိမ်းမယိမ်း ယောကျာ်း တစ်ယောက်ကိုအချိန်တိုအတွင်း ယူနိုင်ကြတာချည်းပဲမယူတာက မလိုချင် ကြလို့ပါ တကယ်တော့ ယောကျာ်းယူပြီး ဘဝကိုတည်ဆောက်နေတဲ့ အမျိုးသမီးတွေထက် ယောကျာ်းမယူဘဲ မိမိတာဝန်၊ မိဘတာဝန်

သားသမီးတာဝန်တွေကိုတစ်ယောက်တည်းထမ်းနေတဲ့ထမ်းနိုင်တဲ့အမျိုးသမီးတွေကမှတကယ်သတ္တိရှိတဲ့ အမျိုးသမီးတွေပါဘဝမှာတစ်ယောက်တည်း ရပ်တည်နေနိုင်တဲ့ အမျိုးကောင်းသမီးတွေကို တန်ဖိုးထားပြီး လေးစားပါလို့အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်Khin Aye Nge

LEAVE A REPLY

Please enter your comment!
Please enter your name here