အမျိုးသမီးတို့ကိုလင်စိတ်သားစိတ်ကုန်စေသောယောက်ကျား(၁၂)မျိုး၁။ ချွေးထွက်အလွန်သန်ပြီး တကိုယ်ရေသန့်ရှင်းမှု့နဲသော ရေချိုး ခေါင်းလျှော် အလွန်ပျင်းပြီး တကိုယ်လုံး အပုတ်နံ့မျိုးစုံထွက်နေသော ယောက်ကျား

၂။ ဆေးလိပ်ကို တနေကုန် ဖင်မီးခိုးထွက်အောင် သောက်ပြီး လူတစ်ကိုယ်လုံး မိးခိုးခေါင်းတိုင်နံ့နံ့နေသော ယောက်ကျား။၃။သွားတွေမည်းညစ်နေအောင် ကွမ်းစားလွန်းသောယောက်ကျား။၄မိန်းမလိုက်စားလွန်းသောယောက်ျား၅။

တနေကုန် ဝတ်ထားသော အပြင်သွား ဝတ်စုံကို မချွတ်ဘဲ ခြေလက် မဆေးကြောဘဲ အိမ်ယာပေါ် ဒိုင်ဗင်ထိုးအိပ်တတ်သော ယောက်ကျား၆။ဘီယာ၊ အရက် မျိုးစုံ သောက်စားပြီး ညဘက်အိမ်သာတက်တိုင်း အိမ်သာရေတောင် ဆွဲချဖို့

ပျင်းသော ယောက်ကျား။၇။ မိမိ အတွင်းခံကို ထဆင်တူပုံစံ ကွင်းလုံးလေးတွေလုပ်ပြီး ကုတင်အောက်ကို ခြေထောက်နဲ့ ခတ်ထုတ်တတ်သော ယောက်ကျား။၈။ အသက်က (၄၀) မပြည့်ခင် ဘီယာဗိုက်ထွက်ထိပ်ပြောင်

ဖေါသိပ်ရုပ်ပျက်နေပေမဲ့ ကိုယ့်ရုပ်မှ အားမနာ ကောင်မလေး ငယ်ငယ် အလန်းလေးတွေ တွေ့ရင် နွားပြာကြီး အောက်သွား မရှိပုံနဲ့ နှာခေါင်းမီးတောက် ငမ်းကြောထူသော ယောက်ကျား။၉။အိမ်ကမိန်းမရှေ့မှာ

မိမိအပေါင်းအသင်းတွေရှေ့မှာ ဝါတော်ရ သိက္ခာရှင်လိုလို ဟန်တခွဲသားနဲ့ မိမိမိန်းမကို ငေါက်ငမ်းတတ်သူက ကေတီဗီမှာတော့ ကိုကိုးလို့ ခေါ်တတ်တဲ့ ကလေးမလေးတွေ ရှေ့မှာ မီးသဘော မီးသဘောဆိုပြီးတဏှာကြောထ

သောက်ရှက်ကုန်တတ်သော ယောက်ကျား၁၀။ မိမိ မိန်းမနဲ့ မိမိသားသမီးကို ရှာဖွေကျွေးရတာ ငြိုငြင် မသဒ္ဓါ သလောက် လမ်းဘေးက ကလက်တက်တက်မတွေကို ပိုးကြေး ပန်းကြေး ပေးဖို့ဆိုရင်ကိုယ့်မိဘ မွေးရာပါ အမွေတောင်

ဖြုတ်ရောင်းပြီး ပေးဖို့ ready ဖြစ်နေသော တဏှာရူး ယောက်ကျား။၁၁။ မိန်းမ မီးဖွားတာကို ထမင်းစား ရေသောက်သလောက်သာ သတ်မှတ်ပြီး သူ့လက် ဓါးရှတာကို အခုဘဲ သေတော့မလို အဖြစ်သဲ တကိုယ်ကောင်းဆန်သော

ယောက်ကျား၁၂။ အိမ်မှာနေ တနေကုန် အိမ်အလုပ်လုပ် ကလေးထိန်းကလေးစာသင် ချက်ပြုတ် လျှော်ဖွပ်တဲ့ မိန်းမကို အားအားယားယား လို့သတ်မှတ်ပြီး တစ်နေ့မှ (၈) နာရီဘဲ လုပ်ရတဲ့ အလုပ်မှာ ပင်ပန်းလွန်းလို့ သေရပါတော့မယ်

ငါမင်းတို့ကို ရှာကျွေးနေရတာလို့ မကြာခဏ ငြီးထွား မဏ္ဃိုင်တိုင် တက်ပြသော ယောက်ကျား(ထို အနှီအနှီသော ယောက်ကျားတို့သည် သူတို့ယူထားသော မိန်းမတို့ကို ပိန်လို့/ ဝလို့/ အသုံးကြီးလို့/ ပစိပစပ်များလို့စသဖြင့်ဆီလို

အပေါက်ရှာ ကြံဖန် အပြစ်တင်တတ်ကြပေမဲ့ သူတို့ကိုယ် သူတို့တော့ မှန်ထဲ သေချာ ပြန်ကြည့်ဖို့ မေ့နေကြလေရဲ့။ တကယ့် တကယ်တော့ ရုပ်ဟာ ကံပေးသမျှသာ ဖြစ်ပြီး ဇရာကိုလဲ မည်သူမျှ လွန်ဆန်နိုင်ရိုး မရှိပါ။ခင်လင်းလင်းဖြူခရစ်စတစ်

LEAVE A REPLY

Please enter your comment!
Please enter your name here