(၃)ကတိမတည်တာစကားတစ်ခွန်းကို အလွယ်ပြောပြီး ကတိတွေကို လွယ်လွယ်ပေးပြီး မတည်တာကလည်းတစ်ဖက်လူကို စိတ်ပျက်စေပါတယ်ကတိပျက် တာများတဲ့ ယောကျာ်းကို မိန်းမဖြစ်သူကတဖြည်းဖြည်း စိတ်ပျက်စိတ်ကုန်လာတာ မဆန်း ပါဘူး
အမျိုးသမီးတွေခင်ပွန်းအပေါ်ကိုမုန်းတဲ့အထိဖြစ်သွားစေတဲ့အချက်(၅)ချက်လက်ထပ်ထားတာ ကြာလာတဲ့အခါတချို့သူတွေကအရင်အတိုင်း ချစ်မြဲ ချစ်ဆဲ ဆိုပေမယ့် တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက်အချစ်တွေလျော့ သွားသလိုစိမ်းသွားသလိုဖြစ်တတ် ပါတယ်အဲ့ဒီလို အခြေအနေမှာဒီအချက်တွေ ဖြစ်နေရင် အမျိုးသမီးတွေကသူတို့ ခင်ပွန်းကို မုန်းတဲ့အထိတောင်ဖြစ် သွားတတ် ပါတယ်
(၁)မိသားစုအတွက်အချိန်မပေးတာအိမ်ထောင်သည် တစ်ယောက် အတွက် မိသားစုက ပထမဦးစားပေး ရမယ့် အရာဖြစ်ပါတယ်ကိုယ့်မိသားစုကိုယ့်ဇနီးမယားကိုအချိန်မပေးဘဲ အလုပ်များတာကို အကြောင်းပြပြီး အပေါင်းအသင်းတွေနဲ့ပဲ အချိန်ကုန်နေတာ
အိမ်မှာထက် အပြင်မှာပဲ ပျော်မွေ့နေတာက ဇနီးတစ်ယောက်ရဲ့ စိတ်ထဲမှာ နာကျင်စေပါတယ်ကိုယ့်မိသားစုကိုအချိန်မပေးဘဲ အပြင်မှာပဲ ပျော်မွေ့နေတာ မျိုးကို မိန်းမတွေက စိတ်ပျက်မုန်းတီးတတ်ပါတယ်
(၂) ဆုံးဖြတ်ချက်ချဖို့မတိုင်ပင်တာမိသားစုဆိုတာက တစ်ခုခု အတွက် ဆုံးဖြတ်ချက်ချတဲ့အခါအားလုံးတိုင်ပင်ပြီးအတူတကွ ဆုံးဖြတ်ကြရမှာပါတစ်ယောက်တည်း သဘောနဲ့ ဆုံးဖြတ်ချက် ချတာကတစ်ကိုယ်ကောင်းဆန်တာ ဖြစ်ပြီးမိသားစုကို စိတ်ဝမ်းကွဲစေပါတယ်မတိုင်ပင်ဘဲ တစ်ယောက်တည်း သဘောနဲ့ဆုံးဖြတ်တာ မျိုးက ဇနီးတွေကို စိတ်ပျက်စေပါတယ်
(၃)ကတိမတည်တာစကားတစ်ခွန်းကို အလွယ်ပြောပြီး ကတိတွေကို လွယ်လွယ်ပေးပြီး မတည်တာ ကလည်း တစ်ဖက်လူကို စိတ်ပျက်စေ ပါတယ် ။ ကတိပျက် တာများတဲ့ ယောကျာ်းကို မိန်းမဖြစ်သူက တဖြည်းဖြည်း စိတ်ပျက် ၊ စိတ်ကုန် လာတာ မဆန်း ပါဘူး
(၄)အတ္တကြီးတာအတ္တကြီးပြီး အနိုင်ယူတတ်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ကြောင့်မိသားစုကတဖြည်းဖြည်း ပျော်ရွှင်မှုတွေ ဆိတ်သုဉ်း လာတတ်ပါတယ်အတ္တကြီးပြီးအနိုင်ယူတာကမိန်းမတစ်ယောက်ရဲ့အချစ်စိတ်တွေကို လျော့နည်း လာစေပြီး သူအရမ်း ချစ်တဲ့ သူကို တဖြည်းဖြည်း မုန်းတီး လာတတ်ပါတယ်
(၅)သစ္စာမရှိတာမိန်းမတွေက အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အစစအရာရာ ခွင့်လွှတ် သည်းခံ နိုင်ပေမယ့်သူတို့အပေါ် သစ္စာမရှိတာသစ္စာ ဖောက်တာကိုတော့ သည်းမခံနိုင်ပါဘူး။တခြားမိန်းကလေးတွေနဲ့အရောတဝင် နေတာမျိုး ခြေရှုပ်တာ မျိုးကမိန်းမ တစ်ယောက် အဖို့ သူအရမ်းချစ်တဲ့ ယောကျာ်း ကိုတောင် မုန်းသွားနိုင်ပါတယ်
ဒါကြောင့် အိမ်ထောင်ရေး အဆင်ပြေအောင် ဒီအချက်လေးတွေကိုဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးတွေ ပိုင်ဆိုင်ပြီး ကျန်းမာ ပျော်ရွှင်တဲ့မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေနော်။ခရစ်တစ်