ကိုယ်ဝန်ဆောင်မိန်းကလေးတွေအပေါ်မလုပ်သင့်သော၁၄ချက်ကိုယ်ချစ်ရတဲ့ဇနီးဖြစ်သူကကိုယ့်ရဲ့ရင်သွေးလေးကိုမွေးပေးမယ်ဆိုရင်ဘယ်လောက်ပျော်စရာကောင်းမလဲကိုယ်ဝန်ဆောင်တယ်ဆိုတာဟာမိန်းကလေးတွေသာသိပြီး
ယောင်္ကျားဖြစ်သူကမသိတဲ့အချက်တွေအများကြီးရှိပါတယ်ကိုယ်ဝန်ဆောင်စဉ်မှာလည်းမိခင်လောင်းမိန်းကလေးအနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမူတွေအများကြီးရှိတယ်ဆိုတာသိထားဖို့လိုပါလိမ့်မယ်
မသိထားရင်တစ်ယောက်နဲ့တစ်ယောက်နားလည်မူတွေလွဲပြီးပြသာနာတွေနဲ့ကြုံရမှာအမှန်ပါဒါကြောင့်မဖြစ်သင့်တဲ့ပြသာနာတွေကိုကြိုတင်ပြီးသိအောင်မလုပ်သင့်သောအချက်လေးတွေကိုတင်ပြလိုက်ပါတယ်။၀၁.တစ်လိပ်လောက်သောက်လိုက်ဦးမယ်
ဆေးလိပ်ကိုကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ဘေးမှာမသောက်သင့်ပါကလေးမှာအဆုပ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ပါတယ်မိန်းကလေးကိုယ်တိုင်လည်းဆေးလိပ်မသောက်သင့်ပါသောက်ခဲ့သည်ရှိသော်ကလေးကကျန်းမာရေးချို့တဲ့သူဖြစ်တတ်ပါတယ်၀၂.အရက်ကိုနည်းနည်းသောက်ချင်တယ်
ဆေးလိပ်တခုတည်းမဟုတ်ပါအရက်ကိုလည်းမသောက်စေချင်ပါကိုယ်လည်းမသောက်နဲ့သူ့ကိုလည်းမသောက်စေပါနဲ့။၀၃.ဘာလို့ဟင်းမချက်တာလဲအလုပ်ကနေမောပြီးပြန်လာဗိုက်ကလည်းဆာနေပင်မဲ့အမျိုးသမီးကအကြောင်းအမျိုးမျိုးကြောင့်ဟင်းမချက်နိုင်ခဲ့ရင်လည်းစိတ်မဆိုးပါနဲ့ခွင့်လွတ်ပေးပါ
သူမှာကိုယ်ဝန်ကြီးနဲ့မအီမသာဖြစ်နေရင်လည်းဖြစ်နေနိုင်ပါတယ်၀၄.ကျွန်မကိုမထိပါနဲ့ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာစိတ်လှုပ်ရှားနေပြီးစိတ်မငြိမ်တဲ့အချိန်လည်း ဖြစ်နိုင်တဲ့အတွက်ခဏခဏဒေါသထွက်နေတတ်ပါတယ်အိမ်ထောင်သည်ဘဝ ချစ်ရသောမိန်းမဖြစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပင်မဲ့
ဒီအချိန်လေးမှာတော့သည်းခံပေးလိုက်ပါ၀၅.အလုပ်အရမ်းများတယ်သူ့မှာကိုယ်ထင်ထားတာထက်စိတ်ဖိစီးမူတွေအားငယ်နေနိုင်ပါတယ်ဒါတွေကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်အလုပ်ကနေMessageလေးပဲဖြစ်ဖြစ်ပို့ဖြစ်အောင်ပို့ပေးလိုက်ပါအဆက်အသွယ်မပြတ်ဖို့အရေးကြီးပါတယ်
၀၆.အရင်တုန်းကလှခဲ့ပင်မဲ့လည်းနော်ကိုယ်ဝန်ဆောင်မိန်းကလေးဆိုတာရင်သွေးလေးရဲ့ကျန်းမာရေးနဲ့ကိုယ်ရဲ့ကျန်းမာရေးကိုဂရုစိုက်နေရတဲ့အတွက်လက်ထပ်
ကာစအချိန်ကလိုလှမှာတော့မဟုတ်ပါဝရင်လည်းဝလာလိမ့်မယ်အလှလည်းပြင်နိုင်ချင်မှပြင်နိုင်လိမ့်မယ်အပြစ်ပြောတဲ့အလုပ်ကိုမလုပ်ပါနဲ့
မိန်းကလေးမှာတော့ပါးစပ်ကထုတ်မပြောပင်မဲ့ရင်ထဲမှာတော့ခံစားရမှာအမှန်ပါ
၀၇.အပြင်သွားမယ်မသွားချင်ဘူးကွာကလေးမွေးလာရင်တော့နှစ်ယေက်တည်း နေနိုင်တဲ့အချိန်ကတော့ပြီးဆုံးသွားပါပြီအဲဒီအတွက်မမေးခင်အချိန်လေးမှာနှစ်ယောက်အတူတူသွားလာလှုပ်ရှားသင့်ပါတယ်၀၈.ကလေးရှေ့ရေးလား
မစဉ်းစားနိုင်သေးပါဘူးကွာမိန်းကလေးမှာတော့ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ကနေကလေးအတွက်ကိုစဉ်းစားနေပါပြီကလေးကိုခင်ပွန်းဖြစ်သူထက်ဦးစားပေးလာမှာပါသူနဲ့အတူတူကလေးအတွက်စဉ်းစားပေးပါကိုယ့်ကိုတော့ဂရုမစိုက်ဘူးလို့မတွေးပါနဲ့မနာလိုမဖြစ်ပါနဲ့ကလေးမှာသင့်ကလေးပါ
၀၉.စားလိုက်တာကွာနှစ်ယောက်စာစားနေတာကိုစားမှာပေါ့စားတာကိုလည်းအပြစ်မတင်ပါနဲ့၁၀.အဲဒီလောက်နဲ့မငိုနဲ့ဟေ့စိတ်လှုပ်ရှားနေတဲ့ကိုယ်ဝန်ဆောင် မိန်းကလေးတွေမှာစိတ်အခြေအနေအပေါ်မှာမူတည်ပြီးဝမ်းနည်းနေတဲ့အချိန်လည်းရှိပါတယ်ဘာရယ်လို့မဟုတ်တခုခုကြောင့်ချက်ချင်း
မျက်ရည်ကျလာနိုင်တဲ့အခါလည်းရှိနိုင်ပါတယ်၁၁.မြန်မြန်လျှောက်ကွာမပြော
သင့်သောစကားပါသူ့မှာကိုယ်ဝန်ဆောင်ထားရတော့ကိုယ်အလေးချိန်ကလည်းအရင်ကထက်စာရင်ပိုပြီးလေးပင်နေပါလိမ့်မယ်သူနဲ့အတူတူလိုက်လျှောက်ပေးလိုက်ပါ၁၂.ငါလည်းစိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်နေပြီယောင်္ကျားဖြစ်သူက
ပင်ပန်းနေပြီးစိတ်ဖိစီးမှုတွေများနေပင်မဲ့လည်းဇနီးဖြစ်သူကိုတော့အနိုင်မကျင့်ပါနဲ့ပြသာနာကိုဖြေရှင်းတဲ့နေရာမှာတိုင်ပင်ပြီးဖြေရှင်းတဲ့နည်းလမ်းတွေလည်းရှိပါတယ်၁၃.ဘာလို့အိမ်အလုပ်မလုပ်တာလဲအိမ်အလုပ်ဆိုတာပြောတော့သာလွယ်တာပါတကယ်လုပ်ကြည့်ရင်တော်တော်ပင်ပန်းတဲ့အလုပ်ပါအားတဲ့အချိန်မှာတော့
သူနဲ့အတူတူအိမ်အလုပ်တွေကိုဝိုင်းလုပ်ကြည့်ပါ၁၄.အဲဒါကိုမင်းပဲလုပ်ထား
လိုက်ပါဇနီးဖြစ်သူရဲ့ဗိုက်ထဲမှာသင့်ရဲ့ရင်သွေးလေးကရှိနေပြီးမမွေးခင်အချိန်ကနေစပြီးကလေးကသာအပြင်လောကကြီးကိုမရောက်လာသေးပင်မဲ့ရင်သွေးလေးအတွက်ဦးစားပေးပြီးဘဝကိုဆက်လက်ပြီးလျှောက်လှမ်းရတော့မှာပါနှစ်ယောက်လုံးအတွက်တန်ဖိုးအရှိဆုံးသောအချိန်တွေဖြစ်မှာပါ