ယောက်ျားတို့၏ lမှဲ့တည်နေရာနှင့်ကံကြမ္မာ(၁)နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍အစွပ်အစွဲခံရတတ်၏။အပူသောကများလိမ့်မည်။မိမိတွင်ရှိသည်ထက်ပို၍လူအများကချမ်းသာသည်ဟုထင်မြင်တတ်ခြင်းကြောင့်ဒုက္ခတွေပရတတ်ပါသည်။
၂ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင်ချမ်းသာတတ်ပါသည်ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။လောကီစည်းစိမ်အဝဝကိုသုံးဆောင်ခံစားရတတ်သည်၃ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင်မှဲ့ရှိလျှင်အရက်သမားကြက်သမားလောင်းကစားသမား ဖြစ်တတ်သည်
လောင်းကစားမှုကို ဇနီးမယားထက်ပင်ပိုမို၍ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်(၄) နှာခေါင်းတည့်တည့်နှာသီးထိပ်ဖျားတွင် မှဲ့ရှိလျှင် စာပေဇာတ်သဘင်၊တေးဂီတအနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြားတတ်ပါသည်။
(၅)ဘယ်ဘက်မျက်ခမ်းအောက်နားတွင်မှဲ့ရှိလျှင်လူမုန်းများတတ်သည်။အလုပ်လုပ်ကိုင်ရာတွင်အတိုက်အခံနှင့်ကြုံရတတ်သည်။ငယ်စဉ်အခါကဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရလိမ့်မည်။အချစ်ရေးတွင်စွန့်စားတတ်သည်တဇွတ်ထိုးလုပ်တတ်သည်
ဇနီးမယားကိုချစ်ခင်သူဖြစ်မည်။ဇနီးသည်၏သြဇာလွှမ်းမိုးမှုကိုခံရတတ်ပါသည်(၆)ညာဘက်ပါးမို့တွင်စံပယ်တင်မှဲ့ရှိလျှင်မိန်းကလေးများစိတ်ဝင်စားခြင်းကိုခံရတတ်သည်မျက်နှာပွင့်လန်းတတ်ပါသည် လောကကိုတရားသဘောဖြင့်ရှုမြင်တတ်သောသူ ဖြစ်သည်
အသက်ကြီးရင့်လာလျှင်ရသေရဟန်း ပြုတတ်သည်အများအကျိုးဆောင်သည့်သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်(၇)ဘယ်ဘက်ပါးပေါ်တွင်စံပယ်တင်မှဲ့ရှိလျှင်မိန်းမချောများသို့မဟုတ်ထင်ရှားကျော်ကြားသောမိန်းမနှင့်အိမ်ထောင်ကျတတ်ပါသည်
မိန်းမတို့၏ချစ်ခင်စွဲခြင်းကိုအထူးသဖြင့်ခံယူရတတ်ပါသည်(၈)ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင်မှဲ့ရှိလျှင်ချမ်းသာလျှင်လည်းခဏတာမျှသာ ဖြစ်သည်။ဆင်းရပြင်ပန်းတတ်သည်(၉)ဘယ်ဘက်ပါးပြင်အောက်တွင်
ထင်ရှားစွာမှဲ့ရှိလျှင်ချမ်းသာကြီးပွားတတ်သည်ဘယ်အလုပ်မဆိုအောင်မြင်၍နာမည်ကျော်ကြားတတ်ပါသည်(၁၀)မေးစေ့တည့်တည့်တွင်မှဲ့ရှိလျှင်ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာတတ်ပါသည်သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်
(၁၁)မေးစေ့နားတဝိုက်တွင်ထင်ရှားသောမှဲ့ရှိလျှင်ဒုက္ခဆင်းရဲအမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီးနောက်ဆုံးတွင်အောင်မြင်တတ်သည်ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်းပါရှိသည်(၁၂)မျက်ရည်စီးကျရာလမ်းကြောင့်တည့်တည့်
(ဝဲ,ယာ)တွင်မှဲ့ရှိလျှင်မယားဆုံးတတ်သည်သို့မဟုတ်အိမ်ထောင်ရေးညံ့တတ်သည်စီးပွားရှာရာတွင်ပင်ပန်းတတ်ပါသည်(၁၄)လည်ပင်းတွင်မှဲ့ရှိလျှင်ချမ်းသာကြီးပွားတတ်သည်အလုပ်အကိုင်အကြံအစည်အောင်မြင်တတ်သည်
ဆင်းရဲလျှင်လည်းတခဏတာဖြစ်၍မမျှော်လင့်မထင်မှတ်သောအကြောင်းတခုခုဖြင့်ချမ်းသာတတ်ပါသည်(၁၅)ဘယ်,ညာလက်မောင်းသို့မဟုတ်လက်ဖျံဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါကလူလတ်တန်းစားဘဝဖြင့်အဆင်ပြေတတ်သည်အလယ်အလတ်တန်းအဆင့်ဖြစ်လျှင်ဇောတိကသူဌေးကဲ့သို့ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်
(၁၆)ရင်ဘတ်ဘယ်ဘက်နှင့်ညာဘက်တွင်မှဲ့တလုံးစီရှိ၍ရင်ဘတ်အလယ်တည့်တည့်တွင်မှဲ့တလုံး၊ခါးနားတွင်မှဲ့တလုံး၊ပါရှိခြင်းကိုမှဲ့စလွယ်ဟု ခေါ်ဆိုသည်အသက်ရှည်၍ဗဟုသုတဉာဏ်အမြော်အမြငကြီးမားသော ရှေးလူကြီးများ၊ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ
ယောက်ျားတွင်မှဲ့စလွယ်ရှိခြင်းသည်ယခင်ဘဝဟောင်းကမင်းဖြစ်ခဲ့သူဖြစ်သည်ဟုအဆိုအမိန့်ရှိကြ၏။မှဲ့စလွယ်ပါရှိသောသူသည်ဆင်းရဲဒုက္ခနှင့်မကြုံရဘဲအဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့်နနျေိုငျရလိမျ့မညျလူအမြား၏ကြည်ညိုလေးစားခြင်းကိုခံရတတ်သည်
ဇနီးမယားအပေါ်တွင်သြဇာညောင်းတတ်ပါသည်(၁၇)ဘယ်ဘက်သို့မဟုတ်ညာဘက် ပေါင်တွင်မှဲ့ရှိလျှင်လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။လူမှုရေးကိစ္စအဝဝကိုသိနားလည်ပြီးအကင်းပါးသူ ဖြစ်တတ်သည်(၁၈)တင်ပါး၏ဘယ်ဘက်ညာဘက်တွင်မှဲ့ရှိလျှင်
အရှက်အကြောက်အလွန်ကြီးတတ်ပါသည်စိတ်သဘောထား နုတတ်သည်။ယောက်ျားဖြစ်ပါလျက်နှင့်တခါတရံတွင်မိန်းမဆန်သောအပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်(၁၉) ခြေဖဝါးအလည်တည့်တည့်တွင်မှဲ့ရှိလျှင်တနေရာတည်းတွင်အတည်တကျနှေုမရဘဲခြေသလုံးအိမ်တိုင်ဘဝဖြင့်သွားလာနေထိုင်ရကာဘဝဆုံးပါးပျက်စီးတတ်ပါသည်။
(၂၀)ဘယ်သို့မဟုတ်ညာ ခြေဖမိုးတွင်မှဲ့ များစွာပါရှိလျှင်သူရဲကောင်းဖြစ်တတ်သည်။(သို့မဟုတ်)လူဆိုး၊ဓားပြ ဖြစ်တတ်ပါသည်။တုတ်၊ဓား၊လှံစသည့်လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။တိုက်ခိုက်ရေးပညာများတွင်လည်ဝါသနာပါ၍ပညာရှင်ဖြစ်တတ်သည်။
(၂၁)ရင်ညွန့်တည့်တည့်တွင်ထင်ရှားသောမှဲ့ရှိလျှင်သူတော်ကောင်းသူမြတ်လောင်း ဖြစ်တတ်သည်။တရားဓမ္မ နှလုံးသွင်းတတ်သည်။လောကီသမထဈာန်တန်ခိုးဘက်သို့လိုက်စားတတ်သည်။သိဒ္ဓိမဟိဒ္ဓိတန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။
(၂၂)ညာဘက်လက်တွင်မှဲ့ပါရှိလျှင် ငွေကြေးကိုအကြောင်းပြု၍အမှုဖြစ်တတ်ပါသည်။ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုးတခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်(၂၃)လက်ဖဝါးပြင်၏ဘယ်ညာ နှစ်ဖက်စလုံး၏
အလယ်တည့်တည့်တွင်ထူးထူးခြားခြားမှဲ့အစိမ်းတလုံးပါရှိလျှင်လူအများ၏ ကြည်ညိုလေးစားခြင်းခံရသောဘုန်းရှင်၊ကံရှင်၊ပါရမီရှင် ဖြစ်တတ်ပါသည်။ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊မဟိဒ္ဓိရှင်ပုဂ္ဂိုလ်များနှင့်ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။ဝိဇ္ဇာလမ်းသို့လိုက်စားလျှင်ဆရာသမားကောင်းနှင့် တွေ့ပြီးသိဒ္ဓိရတတ်ပါသည်Credit: ဂမ္ဘီရမဂ္ဂဇင်း