အမြန်လမ်းကလမ်းအပြစ်မောင်းသူအပြစ်သာမကပဲပရလောကအမှောင့်များရှိနေမလားနှစ်ယောက်ထဲမို့နာမည်ကြီးလွန်းတဲ့အမြန်လမ်းမှာညဖက်မောင်းဖို့စိတ်မကူးရဲခဲ့ဘူး

မနက်ဝေလီဝေလင်းထထွက်လာတာလှည်းကူးကွန်ကရစ်လမ်းပေါ်တက်တော့အလင်းရောင်မြင်ရတာပဲကားကအသစ်ဟွန်ဒါဖစ်၂၀၁၃အဒေါ်တယောက်အတွက်သွားယူပေးတာပါ

ညီအကိုနှစ်ယောက်၉၅ဆီသန့်တဲ့ဆိုင်မှာအပြည့်ဖြည့်တူ
တော်မောင်ရဲ့အော်တိုဆားဗစ်မှာအောက်ပိုင်းစစ်လေချိန်တာ
ယာစစ်ဘရိတ်ဆီဘက္ကထရီဂီယာဝိုင်အင်္ဂျင်ဝိုင်လိုအပ်တာ

အားလုံးနီးပါးစစ်ဆေးထားတာတောင်ကီလို၁၀၀ကျော်
အောင်မမောင်းဘူးသက်တောင့်သက်သာပါပဲလင်းလင်းခြင်းခြင်းရှုခင်းတွေကြည့်လို့မောင်းလာကြတာမသက်မသာဖြစ်

တာကကျနော်ပါခရီးမသွားတာဆယ်စုနှစ်တော်ကြာပြီဆိုတော့အပေါ့ခဏခဏသွားချင်တယ်အမြန်လမ်းဆိုတော့ကားရပ်စရာနေရာလမ်းကျယ်လေးတွေ့မှရပ်ရတာလေမိုင်တိုင်

၈၀လောက်မှာရပ်ပြီးအပေါ့အပါးသွားတော့နေ့ခင်းဖြစ်ပေမဲ့နာမည်ကြီးလွန်းလို့တောစောင့်တောင်စောင့်မြေစောင့်တွေစိတ်ထဲကမှန်းအရိုအသေပြုပြီးသွားရတာပေါ့အများသုံး

အိမ်သာလည်းမကြုံကြုံတော့သွားချင်စိတ်ကမရှိနဲ့မို့လို့ပါကိစ္စပြီးလို့ကားပေါ်တက်စက်ပြန်နိုးထွက်တော့နိုးတော့နိုးတယ်လီ
ဗာနင်းမရဘူးဗျကားကဆီထဲရေပါသလားမသိဖွတ်ချက်

ဖွတ်ချက်နဲ့မရွေ့ဘူးအကုန်စစ်လာတာကိုနင်းရင်းနင်းရင်းနဲ့မှစက်သံမှန်လာပြီးမောင်းရတယ်အကောင်းဗျစိတ်ထဲပန့်တိုင်ကရေပါတဲ့ဆီနဲ့တိုးပြီပေါ့မောင်းရင်းစဉ်းစားမိတာကဒီကား

တွေကကွန်ဗြူတာဘောက်ပါတယ်တိုင်ကီထဲပန့်တလုံးအပိုပါသေးတယ်ရေပါရင်အခုလိုလျောလျောရှုရှုမောင်းရပါ့မလားလို့ပေါ့ဒါပေမဲ့ကားကအကောင်းဆိုတော့မေ့မေ့ပျောက်

ပျောက်ပဲဆက်မောင်းလာတယ်၁၁၅မိုင်မှာစားသောက်ပြီးပြန်ထွက်လာတော့ဒီကိစ္စ မေ့တောင်နေပြီသိပ်မကြာခင်ဆန္ဒပြလို့တခါရပ်ရပြန်တော့အရင်တခါလိုပဲကားစက်ကနှိုးရပြီးနင်းမရ

ပြန်ဘူးဒီတခါအတော်ကြာတယ်စက်ဖုံးတွေဖွင့်ဟိုကြည့်ဒီလှန်အမှန်ကဘာမှလုပ်လို့လဲမရခဏနေတက်မောင်းတော့အ
ကောင်းသိပ်တော့မသင်္ကချင်တော့သေချာအောင်နေပြည်

တော်ဒီဖက်မှာကြားထဲတခါရပ်ကြည့်လည်းဒီအတိုင်းပဲဗျ
ထူးခြားတာက စားသောက်ဆိုင်ရပ်နားစခန်းတွေကြိုက်သလောက်ရပ်ပြန်နိုးလုံး၀အကောင်းပဲအဲကြားလူသူမနီးတဲ့

နေရာရပ်ရင်ဖြစ်တော့တာပဲနောက်ပိုင်းတော့၃ကြိမ်၄ကြိမ်
လောက်စမ်းပြီးအပေါ့သွားချင်လဲစက်မသတ်တော့ပဲသွားယူရတယ်မန်းလေးပြန်ရောက်လို့၅ရက်၆ရက်ရှိပြီတချက်မှ

မဖောက်ပါအော်အမြန်လမ်းကလမ်းအပြစ်မောင်းသူအပြစ် ပါမက ပရလောကအမှောင့်များရှိနေမလားလို့ထပ်တိုးရမဲ့အပြစ်တခုလားထင်မိပါသည်။အိုးစူး။Credit