





အမှုအခင်းအချုပ်အနှောင်ကလွတ်ငြိမ်းစေသောယတြာလုပ်နည်းလေးပါတခါတရံမှာ ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုပြီးထိရောက်တယ်ဆိုတဲ့စကားကိုလူတိုင်း ကြားဖူးမှာ ဖြစ်ပါတယ်။

ဒီလိုပါပဲမိမိကံဇာတာမှာစနေဂြိုလ်ရောက်ရင်မကောင်းတဲ့ပါပဂြိုလ်တွေပူးကပ်တဲ့အချိန်တွေမှာအမှုအခင်းများစွာကို ကြုံတွေ့ရပါတယ်။စနေဂြိုလ်က လောကဓံ၈ပါးမှာအဆိုးနိန္ဒံလောကဓံပါ။

ဂုဏ်သိက္ခာကျဆင်းရခြင်းဒါသကြောင့်လည်းကောင်းအမှုအခင်း ပေါင်းများစွာကို ကြုံတွေရပြီးရုံးပြင်ကနား ရောက်ရတာပါပဲ။ဒီလောကဓံကိုရောက်ရင် ဒေါသကို သိမ်းပြီးမေတ္တာကို များများပွားပေးရပါတယ်။

အမှုအခင်းမဖြစ်အောင်စနေဂြိုလ်၏အမြင့်ဂြိုဟ်များဖြစ်သောဗုဒ္ဓဟူးနံ+ ကြာသပတေး+တနင်္ဂနွေ (ရွက်လှ ၁၇ညွန့်+မေမြို့ပန်း ၁၉ပွင့်+အုန်းညွန့် ၆ညွန့်)တို့ကို အောင်အိုးထဲထိုးစိုက်ပြီးဘုရားလှုခြင်းဧည့်ခန်းအမြင့်တစ်နေရာတွင်တင်ထားခြင်း

တို့ကို ဆောင်ရွက်ရပါသည်။မိမိကစနေဂြိုလ်ထဲရောက်မရောက်ကိုသိစေရန်အတွက်မိမိရောက်ဆဲအသက်ကို၈နဲ့စားပြီးတနင်္ဂနွေသားသမီးက၅ကြွင်းလျင်တနလာင်္သားသမီးက၄ကြွင်းလျင်အင်္ဂါသားသမီးက၃ကြွင်းလျင်ဗုဒ္ဓဟူးသားသမီးက

၂ကြွင်းလျင်ကြာသပတေး သားသမီးကဝကြွင်းလျင်သောကြာသားသမီးက၆ကြွင်းလျင်စနေသားသမီးက၁ကြွင်းလျင် ယတြာကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက်ဆရာမဇာဇာ(ခ)ဆရာမ ဇွန်လေးနွယ်Ph:09762011321ZunelayNewAstrologer

LEAVE A REPLY

Please enter your comment!
Please enter your name here