ခေတ်သစ်အမှိုက်ကောက်နည်းအိုင်ဒီယာနိုင်ငံခြားမှာဆိုနိုဘယ်ဆုရလောက်တယ်ယနေ့လူမှုကွန်ရက်စာမျက်နှာမှာလူပြောများနေတဲ့အကြောင်းကတော့အမှိုက်၁ပိဿာကိုပိုက်ဆံ၁၀၀နဲ့ပြန်ဝယ်မယ့်မြန်မာ့အထူးဆန်းဆုံးဈေးသည်များ
အကြောင်းပဲဖြစ်ပါတယ်မျှဝေသူများအများအပြားရှိခဲ့တဲ့အဆိုပါဓာတ်ပုံတွေရဲ့မူရင်းပိုင်ရှင်ကိုတော့အခုချိန်အထိမသိရှိရသေးဘဲလူမှုကွန်ရက်စာမျက်နှာအများအပြားကဆက်တိုက်မျှဝေနေကြတာဖြစ်ပါတယ်ပုံထဲမှာတော့လူငယ်အဖွဲ့တဖွဲ့ဟာ ကျူးကျော်ရပ်ကွက်မှာရှိတဲ့
လူကြီးကလေးတွေဆီကနေအမှိုက်တပိဿာကိုကျပ်ငွေ၁၀၀နဲ့ပြန်လည်ဝယ်ယူနေကြတာဖြစ်ပါတယ်အမှိုက်အမျိုးအစားမခွဲခြားဘဲမည်သည့်အမှိုက်မဆိုတပိဿာလျှင်ကျပ်ငွေ၁၀၀နဲ့ချိန်တွယ်ဝယ်ယူနေကြပုံကိုတွေ့မြင်တဲ့လူတိုင်းကချီးကျူး
ဂုဏ်ပြုနေကြတာကိုတွေ့ရပါတယ်အမှိုက်သိမ်းဖို့လူအင်အားအများအပြားမလိုတော့ခြင်းရပ်ကွက်နေပြည်သူများလည်းအမှိုက်ရောင်းရငွေကြောင့်အသုံးစရိတ်ကာမိခြင်းအမှိုက်များကိုမြန်မြန်ဆန်ဆန်နဲ့သိမ်းနိုင်ခြင်းကြောင့်ပတ်ဝန်းကျင်
သန့်ရှင်းသွားခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိတယ်လို့လူမှုကွန်ရက်အသုံးပြုသူတဦးကမှတ်ချက်ရေးသားထားပါတယ်ယခုကဲ့သို့အမှိုက်တွေကိုပြန်ဝယ်မယ့်အိုင်ဒီယာကိုအကောင်အထည်ဖော်ခဲ့တဲ့လူငယ်အဖွဲ့ရဲ့အမည်ကိုပြည်သူများကသိရှိ
လိုကြပြီးကူညီထောက်ပံ့မှုတွေပြုလုပ်လိုကြတယ်လို့သိရပါတယ်ပြည်သူကပြည်သူကိုကူညီရမယ့်ယခုလိုအချိန်မှကုန်ကျစရိတ်သိပ်မရှိဘဲအမှိုက်တွေကိုမြန်မြန်ဆန်ဆန်သိမ်းဆည်းသွားနိုင်တဲ့အိုင်ဒီယာဟာအလွန်ကောင်းမွန်လှပါတယ်
ယခုလိုအမှိုက်တွေကိုပြန်လည်ဝယ်ယူပေးတာကြောင့်အလုပ်မရှိသူများလည်းဝင်ငွေရရှိပြီးအလုပ်လုပ်ချင်စိတ်ကိုဖြစ်ပေါ်လာစေပါတယ်ယူနီဖောင်းတွေတိုက်ပုံတွေနဲ့လက်ညှိုးထိုးအမှိုက်သိမ်းခိုင်းတာထက်စာရင်အမှိုက်သိမ်းခြင်းကိုယခုလို
ဆန်းသစ်တီထွင်ထားတဲ့နည်းလမ်းနဲ့ပြုလုပ်ပါကပိုမိုမြန်ဆန်လွယ်ကူပြီးအလုပ်ပြီးမြောက်မယ်ဆိုတာအသေအချာပါပဲတီထွင်နိုင်စွမ်းကောင်းမွန်တဲ့လူငယ်တွေခေါင်းဆောင်ဖြစ်လာမယ့်တနေ့ကိုမျှော်လင့်ရင်မူရင်းတင်ဆက်သူအားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်