မြန်မာနိုင်ငံမှာတော့ဆင်ဖြူတော်ဆိုပြီးတန်ဖိုးထားကြပေမယ့်တကယ့်လက်တွေ့ဘ၀မှာတော့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ပန်းရောင်ဆင်လေးအကြောင်းဆင်တွေဟာကမ္ဘာပေါ်မှာခန္ဓာကိုယ်ကြီးထွားတဲ့သတ္တဝါအမျိုးအစားထံမှာ

ပါဝင်သလို၎င်းတို့ဟာချစ်စရာအကောင်းဆုံးတိရိစ်ဆာန်များထဲမှာပါဝင်တဲ့သတ္တဝါတွေပါဘဲ၎င်းတို့၏မျက်လုံးများဟာအပြစ်ကင်းစင်ပြီးဤတိရစ်ဆာန်များဟာအလွန်ဖော်ရွေပြီးချစ်ခင်စရာကောင်းကြပါတယ်၎င်းတို့ဟာငယ်ရွယ်စဉ်မှာ

ခွေးကလေးလိုစိတ်ဝိညာဉ်ကိုပိုင်ဆိုင်ထားကြပြီးအသက်တွေကြီးလာရင်တော့ ၎င်းတို့ကိုယ်ကို ဂရုစိုက်စောင့်ရှောက်လာတတ်ကြပါတယ်သို့ပေမဲ့အသက်ကြီးလာတာနဲ့အမျှ၎င်းတို့ဟာ၎င်းတို့ရဲ့လူသားသူငယ်ချင်းတွေဆီကနေပွေ့ပိုက်ခံရ

ခြင်းကိုချစ်နေကြတုန်းပါဘဲ။မကြာသေးမီက တောင်အာဖရိကတောရိုင်းတိရိစ်ဆာန်ဥယျာဉ်မှာရှားပါးတဲ့albinoဆင်လေးတစ်ကောင်ကိုဖမ်းယူရိုက်ကူးမိခဲ့ပါတယ်မြင်တွေ့ရတဲ့အတိုင်းဘဲ၎င်းဆင်လေးမှာပန်းနုရောင်ခြေသလုံးကြွက်သား

ပန်းရောင်အမွေး၊အသားအရေ နှင့်မျက်လုံးတို့ရှိတဲ့၎င်းဆင်လေးဟာဆင်အုပ်ကြီးထဲမှာ ပေါ်လွင်ထင်ရှာနေခဲ့ပါတယ်။အရှေ့တောင်အာရှ နှင့်မြန်မာနိုင်ငံမှာတော့ဒီလိုပန်းရောင်ဆင်ကိုဆင်ဖြူတော်ဆိုပြီးတန်ဖိုးထားကြပါတယ်အချို့သော

ကျွမ်းကျင်သူများက၎င်းဆင်လေးကLeucismဆိုတဲ့ရောဂါကြောင့် ၎င်းကဲ့သို့အပန်းရောင်သို့မဟုတ်အဖြူရောင်ခန္ဓာကိုယ်ဖြစ်နေကြောင်းဆိုခဲ့ကြပေမဲ့အကယ်လို့Leucismသာဆိုရင်တော့albinism နှင့်မတူဘဲ

၎င်းမျိုးရိုးဗီဇအခြေအနေဟာတိရစ်ဆာန်ရဲ့မျက်လုံးများအပေါ်ကိုမည်သည့်အကျိုးသက်ရောက်မှုမှရှိမှာမဟုတ်ဘူးလို့လည်းအခြားသောကျွမ်းကျင်သူများက ငြင်းဆိုခဲ့ကြပါတယ်တစ်ကယ်တော့၎င်းဆင်လေးဟာalbinoအစစ်ပါ

၎င်းရဲ့အပန်းရောင်အသားအရေဖြစ်လာရခြင်းအကြောင်းကmelaninမရှိခြင်းအပြင်အရေပြားကိုအရောင်ပေးတဲ့သဘာဝဆိုးဆေးတို့ကြောင့်ဘဲဖြစ်ပါတယ်Albinismရောဂါဟာတိရစ်ဆာန်များရဲ့မျက်လုံးအရောင်ကိုပါသက်ရောက်စေနိုင်ပါတယ်။ကံမကောင်းစွာဖြင့်albino တိရိစ်ဆာန်များရဲ့

ပန်းရောင်အသားက၎င်းတို့ရဲ့အနာဂတ်မှာကြီးမားတဲ့စိန်ခေါ်မှုများကို ဖြစ်လာစေနိုင်ပါတယ်၎င်းတိရိစ်ဆာန်များကသားကောင်များနှင့်တွေ့တဲ့အချိန်မှာထင်ရှားတဲ့အသားအရေကြောင့်ပိုဖြစ်နိုင်ခြေရှိနိုင်ပါတယ်၎င်းတို့အား၎င်းတို့ရဲ့ကိုယ်ပိုင်အသိုင်းအဝိုင်းကပင် ငြင်းပယ်ခြင်းကိုခံရနိုင်ပါတယ်

သို့ပေမယ့်အချို့သောတိရိစ်ဆာန်များက၎င်းတို့ရဲ့အလေးသာမှုတွေကို ကျော်လွှားပြီး တောထဲမှာရအောင်ရှင်သန်နေထိုင်ကြရပါတယ်ထို့ကြောင့်ဒီပန်းရောင်ဆင်ပေါက်လေးကလည်း ဘေးမသီရန်မခဘဲကျန်းမာစွာကြီးပြင်းလာလိမ့်မယ်လို့သာ မျှော်လင့်ဆုတောင်းနေမိပါတယ်