မိတ်ဆွေဖြစ်ချင်လျှင်ထမင်းကျွေးလိုက်ပါရန်သူဖြစ်ချင်လျှင်တော့ပိုက်ဆံချေးလိုက်ပါတဲ့ပိုက်ဆံချေးကြသူများမှတ်သားရန်ပိုက်ဆံတစ်ရာနှစ်ရာမှသည်တစ်သိန်းနှစ်သိန်းအထိပိုက်ဆံဟာ ပိုက်ဆံပါပဲအချေးခံရတဲ့သူကပြန်မတောင်းရင်တောင်

ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူကအလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်ဖြစ်နိုင်ရင်တော့ဘယ်သူမှချေးရတာရောချေးပေးရာကိုမလုပ်ချင်ကြပါဘူးချေးလာတဲ့သူရှိလို့သာအားနာပြီးချေးပေးကြရတာဖြစ်တဲ့

အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုလျှောက်မပြောပါနဲ့။ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ်ပါ

အရေးကြီးဆုံးအချက်ကသေချာပြန်ဆပ်ရပါမယ်ကိုယ်ကတိပေးထားတဲ့အချိန်မှာသေချာပေါက်ကိုပြန်ဆပ်ရပါမယ်အကြောင်းတစ်ခုခုကြောင့်ကြန့်ကြာနေရင်တောင်ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်ပြန်ဆပ်မယ့်အချိန်ကို

ထပ်ပြောရပါမယ်ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှအတိတ်မေ့သလို ရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့နောင်တတရားနဲ့ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်လုံးဝမလုပ်ပါနဲ့ချေးတုန်း

ကတောင် သတိတရနဲ့သေတော့မတတ်ဖုန်းဆက်ပြီးချေးသေးရင်ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့ရူးချင်ယောင်ဆောင်ပြီးဖုန်းပိတ်တာတွေ၊မကိုင်တာတွေseen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကိုလူပါးဝရာကျပါတယ်အဆိုး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဆုံးကကိုယ်မှာပိုက်ဆံရှိလည်းမရှိသေးလို့အဆင်မပြေလို့ ဆိုပြီးကိုယ့်တွက်ပဲကြည့်တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီးပြန်တောင်းတဲ့သူကိုချစ်တီးလို့တစ်လော

ကလုံးကထင်အောင်ဇာတ်နာပြတာမျိုးသူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့ကိုယ်ပေးတဲ့ထားတဲ့ကတိထက်ပိုစောပြီးဆပ်နိုင်လေကောင်းလေပါပဲမြန်မြန်ရရင်မြန်မြန်ဆပ်ပါသူမေးလာတဲ့အထိစောင့်မနေပါနဲ့တခါတေလသူတို့ကမေမ့ပါဘူး

ကိုယ့်မြင်ကတည်းကသူတို့ပိုက်ဆံကို တန်းသတိရပါတယ်သူတို့မှာလည်းသူတို့အခက်ခဲအဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါပိုက်ဆံချေးပြီးပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခု

ကတော့ချေးမိတဲ့သူရဲ့အားနာတတ်တဲ့စိတ်ကိုချနင်းတာပါပဲ တော်တော်ယုတ် ညံ့တဲ့စိတ်ပါတကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီးရွှေချထားရမယ့်သူမျိုးတွေပါအဲ့လိုလူမျိုးကမ္ဘာပေါ်မှာသိပ်များများစာစားမရှိ

ပါဘူးကိုယ့်ကိုတကယ်ခင်လို့၊စာနာလို့၊အားနာလို့ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်ကတိတည်ရပါမယ်မဟုတ်ရင်တစ်ခါပဲရပါမယ်ကတိသာတည်လိုက်ရင် နောင်လည်းလိုတဲ့အခါရနိုင်ပါမယ်။မဟုတ်ရင်တော့

ကမ္ဘာပေါ်ကအကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်အရမ်းနှမြောဖို့ကောင်းပါတယ်ဒါကြောင့်ပိုက်ဆံချေးပြီးရင်အသေအချာပြန်ဆပ်ကြပါ