ဆေးဖက်ဝင်သောတောင်ဆိတ်ဆီသည်ဆေးဖက်အလွန်၀င်ပါသည်။အရိုးကျိုးအရိုးအက်ခါးကိုက်ခါးနာအကြောထုံးအကြောကပ်၊လေငန်း၊လေဖြတ်အကြောသေ၊လေဖြတ်၊ကိုယ်တစ်ခြမ်းသေစသောရောဂါများနှင့်ကျီးပေါင်းရောဂါများ
ကုသရာတွင်အလွန်ထက်မြက်လှသောလိမ်းဆေးဖြစ်ပါသည်။အချို့ကမူချိုနှင့်ခွာကိုအရိုး၊အကြော၊ကျီးပေါင်းရောဂါများတွင်သွေးပြီးလူးလိမ်းခြင်းဖြင့်ကုသကြပါသည်။အရိုး၊အကြော၊ကျီးပေါင်း၊လေဖြတ်၊ကိုယ်တစ်ခြမ်းသေစသော
ရောဂါများအတွက်အစွမ်းကြီးသောလိမ်းဆေးမှတောင်ဆိတ်ဆီ(၁)ပုလင်းရှောက်ဘီလူးခေါ်တောရှောက်သီးနှင့်သက်ရင်းကြီးမြစ်ကိုခွဲစိတ်ပြီးတောင်ဆိတ်ဆီ(၁)ပုလင်းတွင်ငရုတ်ကောင်းပါထည့်၍လိမ်းဆေးစိမ်ထားခြင်းဖြစ်ပါသည်။
ထိုလိမ်းဆေးဖြင့်အကြောနားလည်သူအားခေါ်၍လိမ်းကျံနှိပ်နယ်ပေးခြင်းဖြင့်တင်ပြပါဝေဒနာရှင်များသက်သာပျောက်ကင်းခြင်းသည်အမှန်ပင်ဖြစ်လေသည်အဓိကတောင်ဆိတ်ဆီစစ်ရန်လိုပါသည်ထိုပြင်အရိုး၊အကြော၊ကျီးပေါင်းသဘောကို
နားလည်သူဖြစ်ပါကအရိုး၊အကြော၊ကျီးပေါင်း၊လေဖြတ်လေငန်း၊ကိုယ်တစ်ခြမ်းသေစသောရောဂါများသက်သာပျောက်ကင်းနိုင်ပါသည်။ကိုယ်တိုင်လည်းလိမ်းလည်းဖြစ်ပါသည်။ပိုမိုထိရောက်လှင်မြန်စွာပျောက်ကင်းစေရန်အတွက်သာ
အရိုး၊အကြောနားလည်သူကိုညွန်းဆိုခြင်းဖြစ်ပါသည်ကိုယ်တိုင်လည်းအရိုးကျိုး၊အကြောတင်ခြင်းတို့တောင်ဆိတ်ဆီလိမ်းခြင်းဖြင့်သက်သာပျောက်ကင်းဖူးပါသည်သိမီသမျှတောင်ဆိတ်သုတအားတင်ပြမိပါသည်