ဆံပင်ဖြူပျောက်စေမဲ့အလွယ်ကူဆုံးနည်းလမ်းအရွယ်မတိုင်ခင်ဆံပင်ဖြူခြင်းဟာလူငယ်တော်တော်များများမှာတွေ့လာရတယ်ပုံမှန်အားဖြင့်အသက်(၄၀)ကျော်မှသာဆံပင်ဖြူကြ

ပေမယ့်ဒီနေ့ခေတ်မှာတော့အသက်(၂၀)ကျော်နဲ့ဆံပင်ဖြူလာသူတွေတွေ့လာရပြီအရွယ်မတိုင်ခင်ဆံပင်ဖြူတာကိုpremature grey hairလို့ခေါ်ပါတယ်အမှန်တော့ဆံပင်

အရောင်ကိုဖြစ်စေတဲ့ရောင်ခြယ်ဆဲလ်melaninထုတ်လုပ်မှုနည်းလာလို့ဖြစ်ပါတယ်အထူးသဖြင့်မျိုးရိုး၊စိတ်ဖိစီးမှု၊အာဟာရဓာတ်ချို့တဲ့မှုတွေကဆံပင်အရောင်ကိုဖြူလာစေတယ်

အသက်အရွယ်အရဆံပင်ဖြူသူတွေအတွက်သိပ်ကိစ္စမရှိပေမယ့်လူငယ်တွေအတွက်တော့အိပ်မက်ဆိုးတွေသာဖြစ်တယ်အရွယ်မတိုင်ခင်ဆံပင်ဖြူလာတာနဲ့ပက်သက်ပြီးလေ့လာ

ကြည့်တဲ့အခါမျိုးရိုးတခုတည်းတင်မဟုတ်ဘဲအင်တီအောက်စီးဒင့်တမျိုးဖြစ်တဲ့catalaseဓာတ်ချို့တဲ့ခြင်းနဲ့ဆံသားအခြေမှာhydrogen peroxideတွေစုပုံနေခြင်းက

အဓိကအကြောင်းရင်းဖြစ်တယ်လို့ဆိုတယ်ဒါဆိုဆံပင်မဖြူအောင်လုပ်လို့ရသလား။ဟုတ်ကဲ့ရပါတယ်အဲဒီအတွက်အကောင်းဆုံးနည်းကကြက်သွန်နီရည်ဖြစ်တယ်ဆံပင်နဲ့ပက်

သတ်ရင်ကြက်သွန်နီအရည်ကတော်တော်ကောင်းပါတယ်။ အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူနေတဲ့လူငယ်တွေအတွက်သင့်တော်တယ်ဘာ့ကြောင့်လဲဆိုတော့ကြက်သွန်နီက

ထွက်တဲ့အရည်ထဲမှာcatalaseပမာဏကိုမြင့်တက်စေနိုင်လို့ပါ။ catalaseကြောင့်ဆံပင်ရဲ့ပုံမှန်အရောင်ကိုပြန်ရစေတယ်။ အဲဒီထဲကိုမှသံပုရာရည်တဇွန်းထည့်ပြီးဦးရေပြားကို

လိမ်းရင်ဆံပင်ထူထပ်စေပြီးအဆီပြန်ခြင်း၊ဗောက်ထခြင်းကိုပါကင်းဝေးစေသတဲ့ကြက်သွန်နီရညလက်ဖက်ရည်ဇွန်း(၃)ဇွန်းသံပုရာသီးရည်လက်ဖက်ရည်ဇွန်း(၂)ဇွန်းကြက်သွန်နီ

ကိုကြိတ်ပြီးထွက်လာတဲ့အရည်ကိုလက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့်ယူပါသံပုရာသီးကိုအရည်ညှစ်ပြီးလက်ဖက်ရည်ဇွန်း(၂)ဇွန်းစာခန့်နဲ့ရောပါအဆိုပါအရောကိုဆံသားနဲ့

ဦးရေပြားကိုလိမ်းပြီးမိနစ်သုံးဆယ်ကြာထားပါပြီးရင်ခပ်ပျော့ပျော့shampooတမျိုးမျိုးသုံးပြီးခေါင်းပြန်လျှော်ပါအဆိုပါနည်းအတိုင်းတပတ်ကို၅ရက်ခန့် ပြုလုပ်ပေးရမှာ

ဖြစ်ပါတယ်နှစ်ပတ်အတွင်းဆံပင်ဖြူခြင်းကို သိသိသာသာပျောက်ကင်းစေရုံသာမကဆံသားပါးခြင်း၊ဆံနွယ်ကျွတ်ခြင်းကိုပါကာကွယ်ပေးလိမ့်မယ်Creditဒေါက်တာအေးမင်းထူး