အကြွေးယူပြီးရင်ပြန်ဆပ်ပါငွေနဲ့ပက်သက်ပြီးသစ္စာရှိကြပါငွေနဲ့ပက်သက်ပြီးသစ္စာရှိပါသူတစ်ပါးဆီကတစ်ကျပ်ယူထားရင်တစ်ကျပ်ပြန်ပေးပါမရှိသေးဘူးဆိုရင်ရှိအောင်လုပ်ပါမပေးနိုင်သေးဘူးဆိုရင်ပေးနိုင်အောင်လုပ်ပါအများကြီးယူထားပြီး
အားလုံးကို ပြန်မဆပ်နိုင်လျှင်တောင်နည်းနည်းချင်းခွဲဆပ်ပါကိုယ်ယူထားတာပေးရမယ့်အချိန်ရောက်ရင်တောင်းစရာမလိုဘဲပေးပါအဆင်မပြေဘူးဆိုတဲ့တစ်ခုထဲအကြောင်းပြချက်ခဏခဏမပြောမိစေနဲ့ဘာဖြစ်လို့အခုလိုပြောနေရတာလဲ
အကွောငျးရှိပါတယျအရမျးလညျးအဓိပ်ပါယျရှိပါတယ်ကိုယ်ယူထားတဲ့ငွေဟာသူတစ်ပါးအနေနဲ့သူ့ရဲ့ကြိုးစားမှုနဲ့ရထားတာပါသူ့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ ခက်ခက်ခဲခဲရှာဖွေထားရတာပါသင်သူတစ်ပါးဆီကယူထားတဲ့ငွေဟာ
ချွေးစက်တွေနဲ့ရှာထားတာလည်း ဖြစ်နိုင်ပါတယ်မအိပ်မနေညနက်သန်းခေါင် အထိရှာဖွေထားတာလည်း ဖြစ်နိုင်တယ်သူ့ကိုယ်ကျိုးအတွက်မသုံးစွဲရက်ဘဲယုံကြည်မှုနဲ့ကိုယ့်ကို ပေးခဲ့ခြင်းဖြစ်တယ်အဲဒီယုံကြည်မှုကိုဘယ်တော့မှ
လွယ်လွယ်လေးမချိုးဖျက်မိပါစေနဲ့ကိုယ်ပိုက်ဆံချေးထားတဲ့သူကချမ်းသာနေလို့အဆင်ပြေနေလို့ ပြန်မပေးဘဲ နေလို့မရပါဘူးသူချမ်းသာတာကသူ့ကြိုးစားမှုနဲ့သူ့အပိုင်းကိုယ်ယူထားတာကကိုယ့်အပိုင်းပါပိုင်းရှင်မတောင်းသေးလို့
မပေးသေးဘူးဆိုပြီးမနေပါနဲ့ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါယခုဘဝအကြွေးက နောင်ဘဝဝဋ်ကြွေးဆပ်ရမယ်ငွေအပေါ်သစ္စာရှိဖို့လိုပါတယ်ငွေအပေါ်သစ္စာရှိမှငွေကလည်းကိုယ့်အပေါ်သစ္စာရှိမှာပါသူးများပိုက်ဆံကို ပြန်ပေးဖို့
ဆန္ဒမရှိတဲ့နေ့ကစ၍သင်ဘာလုပ်လုပ်အဆင်မပြေတော့ဘူးဆိုတာသိထားလိုက်ပါသူတစ်ပါးငွေကြေးပစ္စည်းဥစ္စာကိုချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာယခုဘဝရောလာမည့်ဘဝတွေအထိပါ ပြောင်ပြောင်ရောင်ရောင်မရှိဘဲဆင်းရဲနေမှာပဲ