လုပ်ရောင်းချင်လည်းလုပ်ရောင်းလို့ရအောင်ကိုယ်တိုင်လုပ်စားချင်လည်းလုပ်စားလို့ရအောင်မျှဝေပေးလိုက်ပါသည်ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို နို့မှုန့်နဲ့လည်းလုပ်လို့ရပါတယ်နွားနို့ဆိုရင်နို့စစ်စစ်နဲ့ပိုကောင်းပါတယ်
နွားနို့စစ်စစ်၁ပိသာကိုဆူပွက်အောင်ကြိုပါနို့မှုန့်ဆိုရင်ဂရမ်၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါကျာက်ကျောမှုန့်စတီးဇွန်း၁ဇွန်း ပြောင်းဖူးမှုန့်စတီးဇွန်း၂ဇွန်းလောက်ကိုရေနည်းနည်းထည့်ပြီးအရည်
ပျစ်ပျစ်ဖျော်ပါပြီးရင်ဆူပွက်နေတဲ့နို့အိုးထဲကိုလောင်းထည့်ပါသကြားစတီးဇွန်း၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။မပြတ်မွှေပေးပြီးပျစ်လာအောင်ကျိုပါပျစ်ပျစ်လေးဖြစ်လာရင်မီးဖိုပေါ်ကချပြီးအအေးခံပါ။အေးတဲ့အခါ ရေခဲသေတ္တာ
အပေါ်ကန့်မှာ၎နာရီလောက်ထည့်ပြီးအအေးခံပါပြီးရင်ရေခဲသေတ္တာထဲကထုတ်ပြီးသစ်သီးမွှေစက်Blenderထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါတကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့်စတီးဇွန်း၁၀ဇွန်းထည့်မွှေပါဒူးရင်းသီးရေခဲမုန့်လိုချင်ရင်ဒူးရင်းသီးအသားထည့်မွှေပါ
အချိုးအဆမပေးပါဘူး။နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။များများထည့်ရင်များများမွှေးမယ်။နှစ်သက်သလောက်ထည့်နိုင်ပါတယ်ရေခဲမုန့်အနေအထားကြည့်ပြီးချင့်ချိန်ထည့်ပါ။-သီးစုံရေခဲမုန့်လိုရင်တော့ကျောက်ဖရုံယိုစပျစ်သီးခြောက်
သီဟိုဠ်စေ့တို့ကိုမွှေပြီးမှထည့်ပါသမအောင်ဇွန်းနဲ့မွှေပါBlenderထဲထည့်မွှေရင် ကြေကုန်ပါမယ်ကိုယ်လိုချင်တဲ့ရေခဲမုန့်ကိုဉာဏ်ရှိရင်ရှိသလိုဆန်းသစ်တီထွင်နိုင်ပါတယ်မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်းရေခဲခန်းထဲပြန်ထည့်ပါ၈နာရီပြည့်ရင်ရေခဲမုန့်ကောင်းကောင်းခဲပါပြီ