ဒေါ်လာတန်ဖိုးဆက်လက် မြင့်တက်ပြီး မီးလင်းရွှေဈေး၂၉သိန်းကျော်သွား၊ အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်း မြင့်မားစွာ မြှင့်တင်ရန်ရှိဟု ကြေညာမှုကြောင့်တစ်ဒေါ်လာလျှင် ငွေကျပ်၅၀၀၀အထိလည်း ဖြစ်လာဖွယ်ရှိဟုဆို

ပြည်တွင်းဈေးကွက်တွင်ယနေ့ဩဂုတ်လ၂၇ရက်နေ့ရွှေဈေးကွက်နှင့်ဒေါ်လာဈေးကွက်တွင် ဈေးနှုန်းများထပ်မံမြင့်တက်ပြီးအမေရိကန်တစ်ဒေါ်လာလျှင်၃၂၀၀ကျပ်နှင့်၃၄၀၀ကျပ်အကြားတွင်လည်းကောင်းအခေါက်ရွှေတစ်ကျပ်သာလျှင်

၂၉သိန်း၁ သောင်းအထိလည်းကောင်း ဈေးများထပ်မံမြင့်တက်သွားကြောင်းသိရှိရသည်ဩဂုတ်လ၂၇ရက်နေ့မွန်းလွဲ၂နာရီ နေပြည်တော်တွင် ရွှေကုန်သည်များနှင့်ရွှေလုပ်ငန်းရှင်များကိုစစ်ကောင်စီ၏ကုန်ဈေးနှုန်းထိန်းသိမ်းရေး

ကော်မတီအတွင်း ရေးမှူးဗိုလ်ချုပ်ရန်နောင်စိုးက ခေါ်ယူဖိအားပေးမည့်ပွဲမစတင်ခင်မှာပင် ရွှေဈေးနှင့်ဒေါ်လာဈေးများထိုးတက်သွားခြင်းဖြစ်သည်ပြည်တွင်းမှာ ဒေါ်လာ ပြတ်လပ်တယ်။ နောက်ပြီးတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့

အမေရိကန်ဒေါ်လာတန်ဖိုးတက် နေတယ်အမေရိကန်ဗဟိုဘဏ်ကလည်းအတိုးနှုန်းမြှင့်တင်မယ်ဆိုတာတွေနဲ့သူ့ငွေတန်ဖိုးကိုဆွဲတင်နေတယ်အဲဒါတွေကြောင့်ပါ။ ပြည်တွင်းမှာလည်း ဒေါ်လာလိုအပ်ချက်ကြီးနေတယ်

ဒေါ်လာ တောက် လျှောက်တက်မယ်ခန့်မှန်းကြည့်ရင်တော့တစ်ဒေါ်လာကို၅၀၀၀ကျပ် လောက်လည်းမကြာခင်ဖြစ်နိုင်ပါတယ် ဖြစ်နိုင်တယ်ပြောတာနော် ဖြစ်မယ်လို့တထစ်ချမပြောဘူးအခုက ဒေါ်လာတန်ဖိုးတက်နေတာက ပြည်တွင်း

အကြောင်းတစ်ခုတည်း ကြောင့်မဟုတ်ဘူးကမ္ဘာမှာလည်းအမေရိကန်ဒေါ်လာတန်ဖိုးတက်နေတာပဲအတိုးနှုန်းတွေတက်မယ်လို့အမေရိကန်ဗဟိုဘဏ်က ကြေညာလိုက်လို့ဟုရန်ကုန်စီးပွား ရေးသမားက ပြောသည်အမေရိကန်ဗဟိုဘဏ်

ဥက္ကဋ္ဌJerome Powellကဩဂုတ်လ၂၆ရက်နေ့သတင်းထုတ်ပြန်ရာတွင် မြင့်မားသော ငွေကြေးဖောင်းပွမှုကိုထိန်းကျောင်းချုပ်ကိုင်နိုင်ရန်မြင့်မားသောအတိုးနှုန်း မြှင့်တင်မှုများကိုလာမည့်လများအတွင်းချမှတ်ရန်ရှိနေကြောင်း

တရားဝင်ထုတ်ပြန်ကြေညာသည်အမေရိကန်သည် နှစ်ပေါင်း၄၀အတွင်းအမြင့်မားဆုံးသော ငွေကြေးဖောင်းပွမှုကိုလည်းရင်ဆိုင်နေရသည်ရွှေဈေးကွက်တွင်မူ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ရွှေဈေးပါလိုက်ပါမြင့်တက်လာပြီး

ဩဂုတ်လ၂၇ရက်နေ့မွန်းလွဲ၁နာရီကျော်အချိန်တွင်အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ငွေကျပ်၂,၉၁၀,၀၀၀၂၉သိန်း၁သောင်းအထိဈေးပေါက်နေကြောင်းအရောင်းအဝယ်မှာအဝယ်သာရှိပြီးအရောင်းမရှိကြောင်းသိရှိရသည်အမေရိကန်ဒေါ်လာမှာမူဩဂုတ်လ၂၇ရက်နေ့မွန်းလွဲ

၁နာရီကျော်အချိန်တွင်တစ်ဒေါ်လာ၃၂၀၀ကျပ်မှ၃၃၀၀ကျပ်အကြား ဈေးပေါက်ပြီးအမှန်တကယ်ဝယ်လိုပါက ငွေကျပ်၃၄၀၀ ဈေးပေး၍ဝယ်ယူရကြောင်းထို့ကြောင့်ဝယ်ယူလိုသူများဘက်ကတစ်ဒေါ်လာ ငွေကျပ်၃၄၀၀ ဈေးပေးရကြောင်း ဈေးကွက်ကျွမ်းကျင်သူများကဆိုကြသည်။