လူမဲ့တန်ဆာပစ္စည်းပို့လို့ရ/မရဆိုတဲ့ဂယက်နဲ့ပတ်သက်လို့သိရသမျှလတ်တလောမှာ အဝေးပြေးယာဉ်လိုင်းများနှင့်ပစ္စည်းပို့ရာမှာလူမဲ့တန်ဆာပို့တာနဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးပျံ့နှံ့နေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးခရီးသည်
ပို့ဆောင်ရေးယာဉ်လိုင်းတာဝန်ရှိသူတွေပြောပြချက်အရတော့ အောင်ဆန်းအားကစားကွင်းပတ်လည်ကကားဂိတ်များတွင်လူမဲ့တန်ဆာပို့၍မရတော့သော်လည်းမြို့တွင်းရှိဂိတ်ခွဲများတွင်လူမဲ့တန်ဆာလက်ခံပေးနေတယ်လို့ဆိုပါတယ်
လက်ရှိတွင်မြို့တွင်းရှိ ကျောက်တံတားမြို့နယ်အတွင်းရှိဂိတ်ခွဲအချို့တွင်တန်ဆာပစ္စည်းလက်ခံခြင်းကိုလုပ်ဆောင်ပေးနေပြီးယခင်ကကန့်သတ်ထားသည့်ကန့်သတ်ပစ္စည်းများကိုတော့တင်ပို့ခွင့်လက်ခံမည်မဟုတ်ကြောင်းလည်းသိရပါတယ်
ခရီးသွားလက်မှတ်အတွက်တော့ အောင်ဆန်းကွင်းရှိဂိတ်များ၌လူစီးလက်မှတ်များရောင်းချပေးလျက်ရှိပြီးပစ္စည်းပို့ခွင့်ကိုမည်သည့်အချိန်ထိပိတ်ထားဦးမည်ကိုမသိရှိသေးဘူးလို့ဆိုပါတယ်ထို့အပြင်အမြန်လမ်းအသုံးပြုသည့်အဝေးပြေး
ယာဉ်လိုင်းများအနေဖြင့်လည်းကုန်ပစ္စည်းတင်ဆောင်ရာတွင်လူစီးယာဉ်အပေါ်ပိုင်းများ၌ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုဘဲယာဉ်ဝမ်းဗိုက်များအတွင်း၌သာ တင်ဆောင်ခွင့်ပြုမယ်လို့သိရပါတယ်အောင်ဆန်းကွင်းမှနေ၍လူမဲ့တန်ဆာပစ္စည်းပို့လို့
မရပဲအခြားမြို့တွင်းဂိတ်တွေကနေပို့လို့ရမှာဖြစ်ပြီးအမြန်လမ်းကားလူမဲ့တန်ဆာမတင်ရဆိုတာကားအောက်ပိုင်းဝမ်းဗိုက်ထဲတွင်တင်ဆောင်ခွင့်ပြုပြီးလူစီးအပေါ်ကားထဲတွင်တင်ဆောင်ခွင့်မပြုဘူးလို့သိရပါတယ်