မိမိကလေးကို အသက်၆နှစ်မတိုင်ခင်ဒီအလေ့အကျင့်ကောင်း(၆)ခုကိုပျိုးထောင်ပေးပါကျွန်မတို့အသက်ရှင်နေသမျှကာလပတ်လုံးကျွန်မတို့ရင်သွေးလေးတွေရဲ့မိဘတွေအဖြစ်ရပ်တည်နေမှာဖြစ်ပါတယ်ဒီလိုပဲတစ်ချိန်မှာသူတို့လေးတွေကြီးပြင်း
လာမယ်လူကြီးတစ်ယောက်အဖြစ်ရပ်တည်လာမယ်ဆိုတာတော့ မေ့ထားလို့မရပါဘူးဒါကြောင့်ငယ်ရွယ်ချိန်မှာအမူအကျင့်ကောင်းတွေအ တွေးအခေါ်ကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့သိပ်ကိုအ ရေးကြီးပါတယ်ဒီလိုပြုစု
ပျိုးထောင်ပေးခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသောအမှီအခိုကင်းသော၊လူသားဆန်သော၊သူတစ်ယောက်အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်ကလေးတွေဟာ မွေးစကနေအသက်၇ နှစ်အထိ ရေမြှုပ်တစ်ခုလိုပါပဲ
သူပတ်ဝန်းကျင်ကနေအကောင်းအဆိုးအကုန်စုပ်ယူတတ်ပါတယ်ဒါကြောင့်ဒီအချိန်ဟာသူတို့လေးတွေကိုအမှားအမှန်အ ကောင်းအဆိုး ဝေဖန်တတ်ဖို့ လေ့ကျင့်ပေးဖို့သိပ်ကိုအ ရေးကြီပါတယ်ခုခေတ်မှာမိဘ တွေအ နေနဲ့ပန်းချီဂီတ
သင်္ချာအကစတဲ့သင်တန်းတွေကိုပို့ဖို့အားသနျုကွပမေယျ့ငယ်ရွယ်စဉ်အဓိကထားပြုစုပျိုးထောင်ပေးရမယ့်အလေ့အကျင့်ကောင်းတွေကို အားစိုက်ဖို့မေ့နေတတ်ကြပါတယ်အခုပြောပြမှာက တော့မိဘကိုယ်တိုင်ကစံနမူနာလုပ်ပြရင်း
လေ့ကျင့်ပေးရမယ့်အ လေ့အကျင့်ကောင်း ခြောက်ခုပါ၁။ လေးစားတတ်မှုမိဘကိုယ်တိုင်ကက လေးကို လေးစားမှုပြရပါမယ်။ဒါမှကလေးကသူ့ကိုယ်သူရယ်သူ့ပတ်ဝန်းကျင်ကသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆရာဆရာမတွေရယ်
တိရစ်ဆာန်လေးတွေနဲ့သက်ရှိသက်မဲ့အားလုံးကို လေးစားတတ်မှာပါဒီလိုလေးစားတတ်မှသာက လေးကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုစိတ်ရောကိုယ်ပါလုံခြုံမှုတွေကိုရရှိမှာဖြစ်ပါတယ်ကဲဒါဖြင့်(က)မိဘကကလေးကို လေးစားတာကိုဘယ်လို
ပြကြမလဲ(ခ)မိဘကကလေးကို လေးစားတတ်အောင်ဘယ်လိုသင်ပေးကြမလဲဒါကအရမ်းလွယ်ပါတယ်နော်အိမ်မှာပဲစ လေ့ကျင့်ကြပြီးအလျဉ်းသင့်သလို အပြင်သွားရင်းရောက်တဲ့နေရာမှာ လေ့ကျင့်လို့ရပါတယ်(က)မိဘက
ကလေးကို လေးစားတာကိုဘယ်လိုပြကြမလဲကလေးဘာဖြစ်ချင်လဲကလေးဆန္ဒကိုဦးစားပေးမေးပါဥပမာညနေစာဘာစားချင်လဲဘာချက်ပေးရမလဲအပြင်သွားမယ်ဆိုဘာဝတ်ချင်လဲဘယ်သွားချင်လဲကစားစရာဝယ်တဲ့အခါသူကြိုက်တာ
ကိုပဲ ရွေးစေတာမျိုးပါ(ခ)မိဘကကလေးကို လေးစားတတ်အောင်ဘယ်လိုသင်ပေးကြမလဲကလေးကိုသူပိုင်ဆိုင်တဲ့ကစားစရာကလွဲလို့သူများပစ္စည်းတွေကိုခွင့်မ တောင်းဘဲယူခြင်းလုခြင်းမရှိအောင်သင်ပေးလို့ရပါတယ်ဥပမာမေမေ့
အဝတ်ဘီရို၊မှန်တင်ခုံတွေကိုစိတ်ရှိတိုင်းဖွတာမျိုးကိုခွင့်ပြုမယ့်အစားကလေးကိုအဝတ်ဘီရို၊မှန်တင်ခုံကနေဘာလိုချင်တာလဲမေးလိုချင်တာကိုပဲယူစေပြီးမပျက်စီးစေဘဲသူ့နေရာသူ ပြန်ထားတတ်အောင် ပြောပြနိုင်ပါတယ်ဒါက
အစပိုင်းမှာခက်နိုင်ပေမယ့်စိတ်ရှည်ရှည် လေ့ကျင့်ပါ။ အောင်မြင်ပါတယ်အကျိုးများတယ်နော်၂။တာဝန်ယူတတ်မှုက လေးဆိုတာတစ်သက်လုံးက လေးအဖြစ်ပဲရှိနေမှာ မဟုတ်ပါဘူးနော်။သူတို့လေးတွေဟာတစ်နေ့ထက်
တစ်နေ့ကြီးပြင်းလာနေမှာပါငယ်ရွယ်စဉ်အခါမှာကတည်းကတာဝန်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့်သူ့ကိုယ်သူတာဝန်ယူတတ်မယ်ကျောင်းပညာရေးမှာထူးချွန်မယ်တစ်ချိန်မှာလုပ်ငန်းခွင်ဝင်တဲ့အခါမှာအလုပ်ကြိုးစားပြီးနာမည်ကောင်းရပါမယ်။
(1to4years)အရွယ်က နေစပြီးကစားပြီးတာနဲ့အရုပ်တွေ ပြန်သိမ်းတတ်အောင် လေ့ကျင့်ပေးပါသူနဲ့အတူတူသိမ်းတာမျိုးလုပ်ပါသူတစ်ခုခုသိမ်းပြီးတိုင်းမှာတစ်ခုခုကောင်းမွန်တာလုပ်ပြီးတိုင်းမှာချီးမွမ်းဖို့သတိရပါ
ဒါဟာဒီအမူအကျင့်ကောင်းလေးကိုထပ်ခါထပ်ခါလုပ်ဖို့တွန်းအားကောင်းတစ်ခု၊ခွန်အားတစ်ခုကို ဖြစ်စေပါတယ်တကယ်လို့သာကလေးကသူသိပ်ကြိုက်တဲ့ကစားစရာလေးတစ်ခုခုကိုမတော်တဆ ဖျောက်ဖျက်မိမယ်ဆိုရင်လည်း
ချက်ချင်း ပြန်မဝယ်ပေးပါနဲ့။ဒီအဖြစ်အပျက်ကနေသူသင်ခန်းစာရပါစေတာဝန်ယူတတ်မှုနဲ့ပတ်သက်တဲ့စာအုပ်မျိုးဖတ်ပြပါပြီးရင် မေးခွန်းလေးတွေမေးပြီးအပြန်အလှန် ဆွေးနွေးပါ၃။ကြံ့ကြံ့ခံနိုင်မှုအခက်အခဲကိုကြံ့ကြံ့ခံနိုင်အောင်
လေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့်အမှားလုပ်မိရင်တောင် နောင်တတွေနဲ့ ပြိုလဲမနေဘဲအမှားကနေသင်ခန်းစာယူနိုင်ပြီးမိမိကိုယ်ကိုယုံကြည်မှုမပျက်ပြားဘဲ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်ကလေးကိုလွယ်လွယ်ကူကူလက်မလျှော့
တတ်အောင်ထပ်ခါထပ်ခါကြိုးစားအားထုတ်တတ်အောင်ငယ်စဉ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။ဥပမာBlock တွေ ဆောက်တဲ့အခါပြိုကျခဲ့ရင်အားပေးရင်းအမြင့်ကြီးရောက်အောင်ပြီးတဲ့ထိ ဆောက်စေတာမျိုးဆောက်ပြီးတဲ့
အခါအားပေးချီးမွမ်းတာမျိုးပါတစ်ဖက်ကလည်းမိဘကိုယ်တိုင်ကအခက်အခဲနဲ့ကြုံရင် ဘယ်လိုဖြေရှင်းလဲဆိုတာကလေးမြင်စေ လေ့လာခွင့်ရပါစေဥပမာပျက်တဲ့ကွန်ပျူတာကို ပြင်တာမျိုးကိုယ်မရ ပေမယ့်မကြိုက်ပေမယ့်ကလေး
ကြိုက်တဲ့Nursery Rhyme ကိုရအောင်ကျက်မှတ်ပြတာမျိုးပါကလေးနဲ့တူတူလိုက်ဆိုတာမျိုးပါ၎။ရိုးသားမှုဒီခေါင်းစဉ်ဟာကလေးပြုစုစောင့်ရှောက်ရေးမှာအရေးအကြီးဆုံးပေမယ့်ကျွန်မတို့တွေအမြဲမေ့ထားတတ်တဲ့
ခေါင်းစဉ်ဆိုလည်းမမှားပါဘူးရိုးသားရိုးဖြောင့်မှုကိုကလေးကိုသင်ချင်ရင်မိဘကိုယ်တိုင်ကမိမိရဲ့ရင်သွေးနဲ့ဆက်ဆံရေးမှာရိုးသားရပါမယ်ဘယ်လိုရိုးသားရမလဲဆိုတာကို သိသာမြင်သာတဲ့ဥပမာပေးရမယ်ဆိုရင်ကလေးက
မေးတဲ့ မေးခွန်းတွေအပေါ်ရိုးသားပါကလေးကမေးရင်ရိုးရိုးသားသားဖြေပါမသိရင်လည်းမသိကြောင်းကိုယ်မှားသွားရင်လည်းမှားကြောင်းဝန်ခံပါကလေးကလိမ်ညာခဲ့ရင်လည်းအပြစ်တင်မယ့်အစားအမှန်ကိုပြောရဲအောင်အားပေးပါ
ထပ်ခါထပ်ခါအားပေးတိုက်တွန်းပါက လေးကအမှန်ကိုပြောတိုင်းမှာလည်းမပြတ်ချီးမွမ်းပါ၅။ဂရုစိုက်တတ်မှုသူတစ်ပါးကိုဂရုစိုက်တတ်တဲ့ကလေးဟာသူတစ်ပါးကိုနားလည်တတ်၊ စာနာတတ်ပါတယ်ဒါကိုဘယ်လိုပြုစု
ပျိုးထောင် ပေးကြမလဲဆိုရင်အနီးစပ်ဆုံးသူမလိုတော့တဲ့ကစားစရာနဲ့အသုံးအဆောင်တွေကို လိုအပ်တဲ့နေရာတွေမှာတူတူလှူကြတာမျိုး နေမကောင်းတဲ့သူငယ်ချင်းအတွက်Get Well Soon Card လေးလုပ်လက်ဆောင်လေးဝယ်ပြီးတူတူအားပေးစကားသွားပြောတာမျိုးပါ
၆။စည်းကမ်း သေဝပ်မှုကလေးဘဝကတည်းကစည်းကမ်းရှိတဲ့သူဟာသူကြီးပြင်းလာလေလေသူ့ဘဝတစ်လျှောက်မှာ ကျောင်းစာမှာရောလုပ်ငန်းခွင်မှာပါထူးချွန်ပါတယ်ဒီအလေ့အကျင့်ကောင်းတွေဟာဘဝအတွက်အရေးကြီးတဲ့
ဆုံးဖြတ်ချက်ချရမယ့်အချိန်မျို၊းအဖြေရှာရမယ့်အချိန်မျိုးမှာအရမ်းကိုအထောက်အကူဖြစ်ပါတယ်ဒါဖြင့်စည်းကမ်းသေဝပ်အောင်ဘယ်လိုလေ့ကျင့်ကြမလဲ(က)မိဘကိုယ်တိုင်က စည်းကမ်းရှိရပါမယ်စမိတဲ့အလုပ်တိုင်းကိုအဆုံးထိ
တာဝန်ယူပြီး မြောက်စေရပါမယ်ကိုယ်စထားတဲ့လုပ်လက်စတွေကိုမိသားစုဝင်တစ်ယောက်ယောက်ကကူရှင်းပေးရတာမျိုးမလုပ်ပြရပါဘူး(ခ)ကလေးကိုလည်းအချိုပွဲမစားခင်ညစာကိုအရင်ပြီးအောင်စားစေတာမျိုးကိုယ်က
စားထားတာတွေကိုကိုယ့်ဘာသာသိမ်းစေတာမျိုးပါဒီအလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးခြင်းအားဖြငိ့ကလေးကဘဝမှာဘယ်လိုရပ်တည်ရမလဲဘာကိုတန်ဖိုးထားရမလဲဘယ်လိုပြုမူပြောဆိုနေထိုင်ရမလဲသိလာပါမယ်