ဖုန်းအဟောင်း ပြန်ဝယ်မယ်ဆိုရင်မဖြစ်မနေစစ်ဆေးရမယ့်အချက်များတစ်နေ့ထက်တစ်နေ့ ဖုန်းအမျိုးအစားအသစ်တွေ တစ်မျိုးပြီးတစ်မျိုးထွက်လာသလိုပဲတစ် ပတ်ရစ် ဖုန်းဈေးကွက်ကလည်းတဖြည်းဖြည်းကျယ်ပြန့်လျက်ရှိပါတယ်

အသစ်စက်စက်ဖုန်းတစ်လုံးမဝယ်နိုင်လို့တစ်ပတ်ရစ်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်အခုဖော်ပြမယ့်အချက်လေးတွေကိုအဓိကစစ်ဆေးဖို့လိုအပ်လို့ဗဟုသုတအနေနဲ့ ဖော်ပြပေးသွားပါ့မယ်။ရောင်းသူအချို့ကသူတို့ရဲ့ဖုန်းချို့ယွင်း

ချက်တွေကို လျို့ဝှက်ထားပြီး ရောင်းချလေ့ရှိပါတယ်ဘာချို့ယွင်းချက်တွေ၊ ဘာအနာအဆာတွေပါသလဲဆိုတာ သေသေချာချာမေးမြန်းပါအားနာပြီး အလျင်အမြန်ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။တစ်ပတ်ရစ် ဖြစ်တဲ့အတွက်

ဖုန်းအသစ်ဝယ်ယူတာထက်ပိုပြီးစစ်ဆေးဖို့လိုအပ်ပါတယ်ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်ပိတ်၊မပိတ်စစ်ဆေးပါ။လက်ဗွေစနစ်တွေ မြန်ဆန်မှုရှိ၊မရှိကို စစ်ဆေးပါTouch ကောင်း၊မကောင်းစာအနည်းငယ်ရိုက်ကြည့်ပြီးစစ်ဆေးပါ

ဖုန်းမျက်နှာပြင်မှာအလင်းပေါက်ရှိ၊မရှိကိုwallpaper ပြောင်းလဲပြီးသေသေချာချာစစ်ဆေးကြည့်ရှုပါဖုန်းနားထောင်တဲ့စပီကာနဲ့မိုက်ကိုစစ်ဆေးဖို့ ဖုန်းတစ်လုံးလုံးကိုဆက်ပြီးစမ်းသပ်ပါ။ကျောဘက်ဒါမှမဟုတ်အောက်ဘက်

မှာပါဝင်တဲ့ စပီကာကို စစ်ဆေးဖို့အတွက်ကတော့သီချင်းတစ်ပုဒ်ကိုစမ်းသပ်ဖွင့်ကြည့်ပါကင်မရာကို စစ်ဆေးဖို့တော့ အထူးပြောနေစရာမလိုလောက်ပါဘူးနော်အနဲဆုံး ဓာတ်ပုံတစ်ပုံ ရိုက်ကူးပြီး ကင်မရာရဲ့ အရည်အသွေးကိုစမ်းသပ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

စစ်ဆေးပါဖုန်းဆင်းကတ်တွေ၊မန်မိုရီကတ်တွေအလုပ်လုပ်တယ်ပြောပေမဲ့လည်းလက်တွေ့ထည့်သွင်းပြီးအလုပ်လုပ်၊လုပ်မလုပ်ကိုစစ်ဆေးပါအင်တာနက်လိုင်းကိုစစ်ဆေးဖို့လည်းမမေ့ပါနဲ့။ဖုန်းဘက်ထရီကိုစစ်ဆေးဖို့လည်းမမေ့နဲ့ပါနဲ့

ဝယ်လိုက်ပြီးမှဘက်ထရီအသုံးမခံဘူးဆိုရင် စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒါကလည်း အရေးကြီးပါတယ်ဖြုတ်လို့ရတဲ့ ဘက်ထရီဆိုရင်ဖြုတ်ကြည့်ပြီးဘက်ထရီဖောင်းနေလားဆိုတာ စစ်ဆေးပါဖြုတ်မရတဲ့ဘက်ထရီ

အသေဆိုရင်တော့ဖုန်းကိုစစ်ဆေးနေတုန်းဖုန်းအားဘယ်လောက်ကျသွားသလဲ ဆိုတာကို သတိထားပြီးကြည့်ရှုပါမသင်္ကာဘူးဆိုရင်တော့ဖုန်းကို Restart ချကြည့်လိုက်ပါ။ နဂိုမူလရှိတဲ့ဘက်ထရီပမာဏထက်၅ရာခိုင်နှုန်း

ပိုပြီးကျဆင်းနေတယ်ဆိုရင်တော့ဘက်ထရီအသုံးမခံတော့တာ သေချာပါတယ်ဘက်ထရီပိုင်းစစ်ဆေးပြီးရင်တော့အားသွင်းပေါက်နဲ့အားဝင်၊မဝင်ကိုစစ်ဆေးလိုက်ပါအုံးတစ်ပတ်ရစ်ဖုန်း သွားဝယ်တော့မယ်ဆိုရင်တာ့ ပါဝါဘန့်

တစ်လုံးယူဆောင်သွားပြီးစမ်းသပ်စစ်ဆေးပါတစ်ပတ်ရစ်ဖုန်းဝယ်တော့မယ်ဆိုရင် အွန်လိုင်းပေါ်ကရောင်းချသူတွေဆီကနေ ဝယ်ယူတာထက်သီးသန့်တစ်ပတ်ရစ်ဖုန်း ရောင်းချတဲ့ဆိုင်တွေကပိုပြီးစိတ်ချရတဲ့အတွက်အဓိကထားပြီးရွေးချယ်

ဝယ်ယူသင့်ပါတယ်ဖုန်းရဲ့ အသုံးပြုမှုသက်တမ်းဘယ်အချိန်ကဝယ်ယူအသုံးပြုခဲ့သလဲဆိုတာ စစ်ဆေးပါ မမေ့ပါနဲ့အချိန်အတော်အကြာထိ အသုံးပြုပြီးသားဖုန်းဆိုရင်တော့ ဘယ်လောက်ပဲ ဈေးတန်တန် မဝယ်ယူသင့်တော့ပါဘူး

သင်ဝယ်ယူမယ့် ဖုန်းရဲ့အသစ်ဈေးဘယ်လောက်တစ်ပတ်ရစ်ဈေးဘယ်လောက်ရှိသလဲ ဆိုတာကိုမဝယ်ခင် ကြိုတင်စုံစမ်းပါပါကင်ပိတ်ဖုန်းအသစ်စက်စက်တစ်လုံးဝယ်ယူအသုံးပြုခြင်းကတစ်ပတ်ရစ်ဖုန်းတစ်လုံးဝယ်ယူတာထက်ပိုပြီးစိတ်ချ

ရပါတယ်တကယ်လို့မဖြစ်မနေတစ်ပတ်ရစ်ဖုန်းတစ်လုံးဝယ်ယူတော့မယ်ဆိုရင်အခုဖော်ပြထားတဲ့ အချက်လေးတွေကိုအချိန်ယူပြီးအဓိကထားစစ်ဆေးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။Credit(ရိုးရာလေး)