တောင်သူတွေအတွက်လွယ်ကူသည့် ကောက်ရိုးမြေဆွေး ပြုလုပ်သုံးစွဲခြင်းယခုပို့စ်သည် ကောက်ရိုးများပေါများသည့် ဒေသရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအတွက်ရည်ရွယ်၍မျှဝေပေးခြင်း ဖြစ်ပါသည်အကယ်၍ကောက်ရိုးရရှိရန်

အဆင်မပြေပါက ဗေဒါရွက်၊ငှက်ပျောရွက်စသည်တို့ကိုအသုံးပြုနိုင်ပါသည်ကောက်ရိုးမြေဆွေး ပြုလုပ်ပုံအဆင့်ဆင့်မြေဆွေးပုံအရွယ်အစားအနေဖြင့် အလျား၆ပေ၊အနံ၎ ပေအမြင့်၃ ပေရှိရပါမည် ကောက်ရိုးမြေဆွေး ပြုလုပ်မည့်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

နေရာအတွက် ရေမဝပ်နိုင်သည့်နေရာကို ရွေးချယ်ရပါမည်ပထမဆုံးကောက်ရိုးအလွှာအဖြစ်၆လက်မအမြင့်ရသည်အထိ ကောက်ရိုးကိုညီညီညာညာ ဖြန့်ကျက်လိုက်ရပါမည်။ ကောက်ရိုးများ ခြောက်သွေ့လွန်းနေပါက ရေဖျန်းပေးပြီး

ခပ်သိပ်သိပ်ဖြစ်စေရန်ဖိသိပ်ပေးရပါမည်ထိုကောက်ရိုးပေါ်သို့အီးအမ်ဖျော်ရည် အနည်းငယ်ပက်ဖျန်းပေးရပါမည်အီးအမ်ဖျော်ရည်လုပ်နည်းကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်ထိုသို့ပုံစံအတိုင်း၆လွှာအမြင့်အားဖြင့်

၃ပေရသည်အထိထပ်ဆင့် ဖြည့်သွားပေးရမည်ဖြစ်သည်၆လွှာစလုံးအတွက် ကောက်ရိုးချည်းသက်သက် အသုံးမပြုလိုပါက ဗေဒါရွက်ခြောက်များသို့မဟုတ်အခြားသစ်ရွက်ခြောက်များကိုလည်းအသုံးပြုနိုင်သည်သတိထားရန်မှာအလွှာတစ်ခု

ပြီးတိုင်းအီးအမ်ဖျော်ရည်ကိုနှံ့စပ်စွာပက်ဖျန်းပေးရမည်ဖြစ်ပြီးအီးအမ်ပမာဏမများစေရန်သတိပြုရမည်ဖြစ်သည်နောက်ဆုံးအဆင့်အနေဖြင့်ကောက်ရိုးမြေဆွေးပုံကိုပလတ်စတစ်ဖြင့်ဖုံးအုပ်ရပါမည်မြေဩဇာပုံကိုမကြာခဏစစ်ပေးပါ

အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်းပေးပါတစ်လခွဲကြာလျှင် မြေဩဇာပုံကို ဘေးဘယ်ညာအထက်အောက်ပြောင်းပေးပါ၃လမှ၅လကြာလျှင်အသုံးပြုရန်အသင့်အနေအထားရရှိမည်ဖြစ်သည်၁ဧကတွင်ရရှိသောကောက်ရိုးများကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မြေဆွေးပြုလုပ်မည်ဆိုပါကမြေဆွေး၁တန်ခွဲရရှိမည်ဖြစ်သည်အသုံးပြုနည်းကတော့စိုက်ပျိုးရန်အတွက်လယ်ယာမြေပြင်ဆင်နေစဉ်အတွင်းတစ်ဧကလျှင်ကီလို၂၀၀၀မှ ၅၀၀၀ တစ်ဧကလျှင်အိတ်၅၀မှ၁၂၅ထိဖြစ်ပါတယ်