အသည်းကွဲပြီးမှမိန်းကလေးတွေပိုလှလာတယ်ဆိုတာသင်သိပါသလားအသည်းကွဲသွားတဲ့မိန်းကလေးတစ်ယောက်ကပိုပြီးလှလာတတ်တယ်တဲ့တကယ်တော့ပိုပြီးလှလာတာမဟုတ်ဘူးအရင်ကတည်းလှပြီးသားကိုအခုမှရုပ်ထွက်လာတာပါသူနဲ့ လမ်းမခွဲခင်တုန်းကဆံပင်အရှည်လေးထားပါဆိုတဲ့
စကားလုံးလှလှလေးတွေကြောင့်ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်အတိုလေးတွေနဲ့မညှပ်ဖြစ်ခဲ့ဘူးဆံပင်ရှည်ကြီးနဲ့အသက်ကလေးငယ်ငယ်နဲ့ရုပ်ရင့်သွားသလိုလိုဖြစ်နေတာပါသူနဲ့လမ်းမခွဲခင်တုန်းကဟိုလိုမဝတ်ပါနဲ့လားဒီလိုမဝတ်ပါနဲ့ဆိုတဲ့ကန့်သတ်ချက်တွေကြားမှာကိုယ်နဲ့လိုက်ဖက်မယ့်အဝတ်အစားလေးတွေရွေးပြီးမဝယ်ဖြစ်ခဲ့ဘူး
သူနဲ့စိတ်တိုင်းကျမယ်လို့ထင်တဲ့အရာတွေပဲကျွန်မဝတ်ခဲ့တာသူနဲ့လမ်းမခွဲခင်တုန်းကအလှတွေအရမ်းမပြင်ပါနဲ့လားဆိုတဲ့ စိုးရိမ်သံလို့ထင်ခဲ့တဲ့ချုပ်ခြယ်မှုတွေအောက်မှာကျွန်မအချိန်ပေးပြီးကိုယ့်ကိုယ်ကိုယ်မပြင်ဆင်ဖြစ်ခဲ့ဘူးသူသဘော ကျသလို ရှိုးမများပဲနေခဲ့မိတာအခုကျွန်မနဲ့လိုက်မယ်လို့ထင်တဲ့ဆံပင်ပုံစံလေးထားတယ်
ဆံပင်အရှည်ဖြစ်ရင်လဲဖြစ်မယ်အတိုညှပ်ချင်လဲညှပ်တယ်အရောင်ဆိုးချင်လဲဆိုးတယ်ကောက်ချင်လဲကောက်တယ်ဖြောင့်ချင်လဲဖြောင့်တယ်ကိုယ်နဲ့လိုက်မယ့်ပုံစံလေးအတိုင်းထားတယ်အပြင်သွားတဲ့အခါကိုယ်နဲ့လိုက်ဖက်မယ့်အဝတ် အစားလေးဝတ်တယ်မြန်မာဆန်မှကျက်သရေရှိတာမဟုတ်ပါဘူး
အမြင်မရိုင်းပဲဆန်းတောတွေမှတစ်ပုံကြီးပါကိုယ့်အချိန်ကိုယ်ပိုင်လာတဲ့အခါကိုယ့်မျက်နှာကိုအလှဆုံးခြယ်ဖို့ကိုယ်အချိန်လေးသီးသန့်ပေးတယ်အသည်းကွဲတဲ့မိန်းမတစ်ယောက်ကအနည်းငယ်တော့ဝမ်းနည်းနေတတ်တယ်လေအဲ့ဒီဝမ်းနည် း မှုတွေကိုဖုံးဖို့မိတ်ကပ်တွေသုံးတယ်ပြီးတော့အလှဆုံးပြုံးတယ်လူတွေကထင်ကြတယ်ပြောကြတယ်
မိန်းကလေးတစ်ယောက်ကအသည်းကွဲသွားပြီးရင်ပိုလှလာတတ်တယ်တဲ့တကယ်တော့အဲ့လိုမဟုတ်ဘူးနဂိုရှိမှနဂိုင်းထွက်တာမျိုးပါဂရုစိုက်သလိုလိုနဲ့ချုပ်ချယ်တာတွေသဝန်တိုသလိုလိုနဲ့မယုံကြည်တာတွေအားလုံးနဲ့လွတ်မြောက်ခွင့်ရသွားတဲ့မိန်းကလေးတစ်ယောက်အတွက်သူ့ကိုယ်သူပိုင်တဲ့ရက်တွေတိုင်းမှာသူဟာအလှဆုံးဖြစ်အောင်နေတတ်ပါ
တယ်အချုပ်ကိုအချစ်လို့ထင်ခဲ့လို့ခဏတာပိတ်နေတာမျိုးအသည်းကွဲပြီးမှလှောင်အိမ်ထဲကငှက်လေးလွတ်လပ်စွာပျံသ န်းနေသလိုမျိုးပေါ့မိန်းကလေးတွေကအသည်းကွဲပြီးမှပိုလှလာတာမျိုးမဟုတ်ဘူးတစ်ဖက်ကိုဂရုစိုက်လွန်းလို့ကိုယ့်ကိုယ်ကိုယ် ခဏတာဂရုစိုက်ဖို့မေ့နေတာမျိုးပါCredit #Hsu Ya Ti