အသားပေါင်းအိုးကိုအငွေ့မထုတ်မိပဲထားမိလိုက်တဲ့ဖြစ်ရပ်ဆိုးအသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေမိသားစုတွေHot Potလုပ်စားကြမယ်ဆိုပြီး

ဝက်နံရိုးတွေကိုအသားပေါင်းအိုးသုံးမိရာကစတာပါပဲကိုယ့်ရဲ့ဗဟုသုတနဲမှုတွေသတိမမူမှုတွေအများကြီးပေါ့Meatနဲ့ပေါင်းထပြီးPressure18ကနေ4ဖြစ်တဲ့အချိန်ညီမဖြစ်

သူကဟင်းရည်နဲမှာစိုးလို့ဆိုပြီးအဖုံးဖွင့်ရာကဖွင့်မရတဲ့အခါမီးplugဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှာချပြီးဖွင့်တော့အိမ်မှာရှိနေကြတာက၄ယောက်အဖေရယ်ကိုယ်ရယ်

ညီမ၂ယောက်ရယ်အတူတူဓါးဦးနဲ့ ကလန့်ပြီးဖွင့်နေကြတာကိုယ်ကတော့ဘယ်ရယ်မှန်းမသိရုတ်တရတ်ဟင်းရွက်ဆေးပြီးသားဇကာလေးအပြင်သွားချနေတဲ့အချိန်စက္ကန့်ပိုင်း

လေးတင်ကိုဖြစ်ပျက်ကုန်တာကတောဖုန်းခနဲအသံကြားလိုက်ရတယ်တစ်ဆက်တည်းပူတယ်ပူတယ်ဆိုပြီးမီးဖိုခန်းမှာဆူညံပွက်လောရိုက်နေတော့ပြေးကြည့်တဲ့အခါမီးဖိုခန်းတစ်ခုလုံး

ရေနွေးငွေ့တွေမီးလောင်သလိုပဲဖုံးနေခဲ့တာပဲပေါင်းအိုးပွင့်တဲ့အချိန်ထပေါက်တာအားလုံးဖရိုဖရဲတွေနဲ့ကိုယ်လည်းဘာလုပ်ပေးရမှန်းမသိပြာယာခတ်ပြီးငိုနေတော့အဖေကကိုယ့်ကို

မျက်ရည်သုတ်ပေးပြီးသမီးမငိုနဲ့သမီးငိုရင်အဖေပိုဆိုးတယ်တဲ့ညီမဖြစ်သူကလည်းမမရတယ်ဘာမှမဖြစ်ဘူးတဲ့ဝမ်းကွဲညီမလေးကတော့ဘာမှကိုမပြောရှာဘူးရုန်းရင်းဆန်ခတ်နဲ့

သွားတိုက်ဆေးတွေပွတ်နေကြတာကိုယ်လည်းအယောင်ယောင်အမှားမှားနဲ့body lotionဗူးကြီးသွားပေးသေးတာလေ့လာမှုနည်းတဲ့အကျိုးတွေပေါအဲဒီလိုနဲ့ဆေးရုံပြေးတဲ့

အချိန်မှာကတည်းက ညီမဖြစ်သူကအရေပြားတွေကွာနေခဲ့ပြီသွားတိုက်ဆေးကပိုဆိုးစေသတဲ့နောက်ဆုံးအခုလိုအခြေအနေနဲ့အဖေရယ်ဝမ်းကွဲညီမလေးရယ်ကခြေထောက်

တစ်ဖက်စီညီမအရင်းဖြစ်သူကတော့မျက်နှာကလွဲရင်တစ်ကိုယ်လုံးနီးနီးပါပဲမေ့ဆေးပေးပြီး operationဝင်ခဲ့ရတယ်ပြောချင်တာကဒီလိုအဖြစ်အပျက်တွေကိုသင်ခန်းစာယူပြီး

ကိုယ်သုံးမယ့်လျှပ်စစ်ပစ္စည်းရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုသေချာလေ့လာပြီးမှသုံးပါအပူလောင်လျှင်အပူချိန်ကျအောင်သာလုပ်ပါကိုယ်ချက်ပေးနေတဲ့အိုးကိုယ်

ဝင်ပေးနေတဲ့မီးဖိုချောင်မှာကိုယ်ကမပါသွားပဲကံဖယ်ခဲ့တယ်ပဲပြောရမလားပဲအဲဒီမြင်ကွင်းလည်းမျက်လုံးထဲကမထွက်ဘူးစိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်အဆိုးဆုံးခံရတဲ့

ညီမလေးတစ်ဖွဖွပြောနေတဲ့စကားလေးကမမမဖြစ်လို့တော်သေးတယ်တဲ့အငွေ့မထုတ်မိတဲ့အိုးကတည်နေရင်း အလိုလိုထပေါက်မယ့်အဖြစ်ကနေဆိုတော့အသက်ဘေးတော့ လွတ်ခဲ့

ကြတာပေါ့လေကံကြမ္မာဆိုတာကြိုမမြင်နိုင်ဘူးလေပေဲ သတိထားကြနိုင်ဖို့သတိပေးပါရစေCreditThinzar Myintmo