အသားအရေလှတယ်ဆိုတာတကယ့်ကိုမိန်းကလေးတွေတင်မက ယောင်္ကျားလေးတွေမှာပါသဘောကျရတဲ့ အချက်တစ်ခုပါပဲအသားအရေလှပဖို့အတွက်ဗီတာမင်တွေစားသုံးရတာ၊ skincare ပစ္စည်းတွေသုံးရတာ၊အလှပြင်ဆိုင်မှာအချိန်အများကြီးကုန်ဆုံးရတာမျိုးတွေနဲ့

ငွေကြေးကုန်ကျမှုတွေရှိနေပါတယ်ဒါပေမယ့်လည်း ငွေကြေးကုန်ကျမှုလုံးဝ မရှိဘဲနဲ့သင့်အသားအရေကိုကြည်လင်ဝင်းမွတ်ပြီးလှပနေအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးလည်းရှိပါတယ်လိုအပ်တာကတော့ ရေခဲတုံးလေးတွေပါပဲ

ရေခဲတုံးလေးတွေနဲ့မျက်နှာကိုပွတ်တိုက်ပေးမယ်ဆိုရင်ဒီလိုအံ့မခန်းတဲ့ ကောင်းကျိုးတွေရလာမှာပါနော်Glow စေတယ်အသားအရေလေးကကြည်လင်ရုံသာမကလက်လက်ကလေး ဖြစ်နေတာမျိုးကိုငွေကြေးအကုန်အကျခံမှရနိုင်တာမျိုးမဟုတ်ပါဘူး

မျက်နှာကို ရေခဲတုံးလေးနဲ့ပွတ်ပေးရင်လည်းရပါတယ်ဒီနည်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကိုလင်းလက်လာစေနိုင်ပါတယ်။Skincareပစ္စည်းတွေရဲ့အာနိသင်ကိုပိုကောင်းစေတယ်ဘယ်လောက်ပဲ

skincareပစ္စည်းတွေသုံးနေပါစေအသားအရေကထူးခြားမလာရင်သင့်အသားအရေက ပြဿနာတစ်ခုခုရှိနေတာပါပဲဒီအတွက် ရေခဲတုံးလေးနဲ့သာပွတ်ပေးမယ်ဆိုရင်သင့်အသားအရေကskincareပစ္စည်းရဲ့အာနိသင်တွေကို

စုတ်ယူနိုင်စွမ်းပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်အမဲစက်တွေကိုဖယ်ရှားပေးတယ်မျက်နှာပေါ်ကဆဲလ်သေတွေကိုအမဲစက်တွေအဖြစ် တွေ့ရတာကလည်းတကယ့်ကိုစိတ်ညစ်စရာပါဒါပေမယ့်လည်း နေ့တိုင်းပုံမှန် ရေခဲတုံး

လေးနဲ့သာမှန်မှန်ပွတ်တိုက်ပေးမယ်ဆိုရင်အမဲစက်တွေသိသိသာသာ လျော့နည်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်ဝက်ခြံတွေလည်းကင်းဝေးမယ်အဆီတွေကြောင့်ဝက်ခြံတွေကပိုပြီး ဖြစ်ရတာပါ ရေခဲတုံးနဲ့မျက်နှာကိုပွတ်တိုက်ပေး

ပုံများကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ EAINSHINMA.COM content and Photo is copyrighted and on

တာကမျက်နှာမှာရှိတဲ့အဆီတွေထုတ်လုပ်မှုနှုန်းကို လျော့ကျသွားစေလို့ဝက်ခြံတွေကလည်းသိသိသာ လျော့နည်းလာဦးမှာပါဒါ့အပြင်ဝက်ခြံကြောင့် ရောင်ရမ်းနေတာမျိုးတွေကိုပါသက်သာစေနိုင်ပါတယ်နော်ချွေးပေါက်တွေကိုကျဉ်းစေတယ်

အဆီအရမ်း ပြန်တတ်တဲ့သူတွေကမျက်နှာပေါ်မှာ ချွေးပေါက်တွေပါ ကျယ်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်ဒီအတွက်အစက်အပေါက်တွေကင်းဝေးစေဖို့မျက်နှာသစ်ပြီးတိုင်းမှာ ရေခဲတုံးလေးနဲ့သာပွတ်ပေးရင်

သက်သာသွားနိုင်ပါတယ်မျက်နှာကို ချောမွေ့စေတယ်အသားအရေမကောင်းရင် ဘယ်လောက် ကောင်းတဲ့မိတ်ကပ်တွေfoundation တွေလိမ်းပါစေ၊ ချောမွေ့မှုကိုရရှိမှာမဟုတ်ပါဘူး။ ရေခဲတုံးနဲ့ပုံမှန်ပွတ်ပေးတဲ့အခါ

အသားအရေက ချောမွေ့လာတာမို့မိတ်ကပ်လိမ်းရင်ပုံမှန်ထက်ကိုပိုပြီးကြည့်ကောင်းတဲ့အသွင်အပြင်ကိုရစေပါတယ်အရေးအကြောင်း ဖြစ်မှုကို လျော့ကျစေတယ်ရေခဲနဲ့မျက်နှာကိုပွတ်တိုက်ပေးတာကအသားအရေကို

တင်းရင်းစေပါတယ်ဒါကြောင့်အရွယ်ကြောင့် ဖြစ်လာတဲ့အရေးအကြောင်းတွေ၊အရွယ်မတိုင်ခင် ဖြစ်လာတဲ့အရေးအကြောင်းတွေကိုဒီနည်းနဲ့ လျော့ကျအောင် ပြုလုပ်နိုင်ပါတယ်။