သင်္ဘောအပင်ပုဖြစ်အောင်စိုက်ပျိုးနည်းအပင်ကြီးကိုဓားဖြင့်အဟဖြစ်အောင်တစ်စောင်းလှီးလိုက်ပါပြန်မစေ့သွားစေရန်သစ်သားစဖြင့်ညှပ်ထားရင်ပိုအဆင်ပြေမှာပါထို့နောက်ပလပတ်စတစ်အိပ်ဆွတ်ပြီးအုန်းဆံမူန့်အပြည့်ထည့်ပြီးသေချာစွာ
ပြန်ချီထားပေးပါ၄၅ရက်ခန့်အကြာတွင်အမြစ်ပွားများထွက်ပြီးဖြစ်သောကြောင့်ဖြတ်ပြီးစိုက်ပျိုးနိူင်ပြီပဲဖြစ်ပါသည်သင်္ဘောပင်အတွက်သင့်တော်သောမြေသင်္ဘောပင်အားမြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်းသဲဆန်သောစေးသော
ကျစ်သောမြေများတွင်မဖြစ်ထွန်းပါသင်္ဘောပင်၏အမြစ်များသည်ရေဝပ်ခြင်း၊ ရေမြုပ်ခြင်းဒဏ်ကိုခံနိုင်ရည်မရှိပါ၂ရက်ခန့်ရေမြုပ်လျင်ပင်သင်္ဘောပင်ကိုသေစေသည်မြေစေးခြင်းမိုးများပြီးရေဝပ်ခြင်းအမြစ်တွင်ရောဂါကျရောက်ခြင်းများသည်သင်္ဘောပင်များကို
အချိန်တိုအတွင်းသေစေနိုင်သည်ထို့ကြောင့်ညီညာသောမြေထက်အနည်းငယ်ကုန်းလျောဖြစ်နေသောမြေသည်သင်္ဘောပင်အတွက်ပိုမိုကောင်းမွန်မည်သဘာဝမြေဆီသြဇာထက်သန်ပြီးရေဆင်းကောင်းသောကုန်းစောင်းဒေသများသည်သင်္ဘော
ပင်စိုက်ပျိုးရန်အကောင်းဆုံးနေရာများဖြစ်မည်