သင်္ဘောအဖိုပင်တွေအသီးသီးအောင်လုပ်နည်းခြံထဲမှာစိုက်ထားတဲ့သင်္ဘောပင်လေးတွေထဲအဖိုပင်လေးတွေပါလာလို့အသီးရအောင်လုပ်ပေးဖို့ စိတ်ကူးကြည့်ရင်းနဲ့လုပ်မယ့်နည်းလေးတွေကိုအများသိအောင် ရေးလိုက်ပါအုံးမယ်လို့

တွေးရင်းကဒီပို့စ်လေးရေးဖြစ်ပါတယ်တကယ်တော့သင်္ဘောပင်တွေကို အခင်းနဲ့များများစိုက်မယ် ဆိုရင် အဖိုပင်လည်းဝတ်မှုန်ကူးဖို့အတွက်လိုအပ်ပါတယ်အဖို တစ်ပင် ရှိရင်အမဆယ်ပင်အတွက်လုံလောက်ပြီမို့ဒါထက်များနေရင်တော့

အသီးရဖို့အဖိုပင်ကိုအသီးသီးအောင်လုပ်ဖို့လိုအပ်လာပါပြီအဖိုပင်အသီးသီးအောင် လုပ်လို့ရတဲ့နည်းအမျိုးမျိုးရှိပါတယ်။မြန်မာအချို့ကတော့ထမိန်ဝတ် ပေးတာ အသီးပြန်သီးတယ်လို့ ဆိုကြပါတယ်။ ထမိန် ဝတ်ပေးလို့ သီးတယ်

ဆိုတာကသိပ္ပံပညာအရယုတ်တိမရှိပါဘူးဒါပေမယ့်ဘာလို့သီးတယ်ဆိုတာစဉ်းစားကြတော့အပူကြောင့် ဖိုသွားတဲ့အပင်ကို အဝတ်ပါတ်ပေးလိုက်တဲ့အခါပင်စည်ကအအေးဓါတ်ရသွားတာကြောင့် ပြန်သီးလာတာ ဖြစ်နိုင်တယ်လို့

သုံးသပ်မိပါတယ်။ တစ်ခါတလေ လိင်စုံပင် ဖြစ်နေလို့ သီးတာလည်း ဖြစ်နိုင်ပါတယ်သင်္ဘောအဖိုပင် ပြန်သီးအောင် ပညာရှင်ဆန်ဆန် လုပ်နည်းကတော့ အောက်ကအဖိုပင် တစ်နှစ်သားလောက်ကို ခါးလည်ကနေ ဖြတ်ပြီး ဘေးတက်များ

ထွက်တဲ့ထိတစ်လခွဲလောက်ထပ်စောင့်ပြီးမှ ထွက်လာတဲ့ ဘေးတက်ကိုအမပင်တစ်လခွဲသားကိုယူပြီးပင်စည်အပေါ်ပိုင်းသုံးပုံတစ်ပုံကိုဖြတ်ပြီးလက်ခံပင်အဖိုပင်ရဲ့အတက်မှာ ကိုင်းဆက်ပြီးအမပင် ဖြစ်အောင် လုပ်တဲ့နည်း

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ဖြစ်ပါတယ်ဒါကတော့အချိန်ယူရမယ်၊စိတ်ရှည်ရမယ်၊ကိုင်းဆက်ပညတတ်ရမယ်ပေါ့နောက်တစ်နည်းကဖီလစ်ပိုင်မှာအများဆုံးလုပ်ကြတဲ့နည်းတစ်ခုကိုမျှ ဝေချင်ပါသေးတယ်၊ ဒါကတော့သပ်ရိုက်ပြီးအဖိုပင်ကနေအသီးသီး

အောင် လုပ်တဲ့နည်း ဖြစ်ပါတယ်သင်္ဘောအဖိုပင်ကလက်ကောက်ဝတ် လောက် ရောက်လာရင် အရင်းပိုင်းအရင့်ဆုံး နေရာနဲအထက်ဖက်စိမ်းနေတဲ့အနုပိုင်း ပင်စည် နေရာကြားမှာ ဝါးသပ်လေး ကြက်ချေခတ်ရိုက်သွင်းပေးတဲ့

နည်းလေး ဖြစ်ပါတယ်တကယ်တော့အဖိုပင်တွေကနေပုံမှန်အားဖြင့်အသီးသီးလေ့မရှိကြပေမယ့်အပင်ကိုထိခိုက်ဒဏ်ရာရခြင်းထိပ်ပိုင်း ဖြတ်ပေးခြင်းတို့လုပ်ရင်အဖိုပွင့်များကြားမှာအမပွင့်များပြောင်းလာပြီးအသီးငယ်လေးတွေ

သီးလာတတ်ပါတယ်အဲ့ဒီအပင်ကိုသင်္ဘောပဒေသာလို့လည်း ခေါ်ကြပါတယ်ဒီနည်းကတော့အခြားသရက်တို့၊ပိန်နဲပငျတို့အသီးသီးနည်းရင်အပင်ကိုဓါးနဲ့ခုတ်ထစ်ပေးပြီးအပင်နာအောင်လုပ်ရင်းအသီးပြန်သီးအောင်လုပ်ကြတဲ့

ရိုးရာနည်းသဘောသဘာဝအတိုင်းပဲ ဖြစ်ပါတယ်ဒီနည်းကတော့လုပ်ဖို့အချိန် သိပ်မစောင့်ရသလို လုပ်ရလည်းလွယ်ကူတာကြောင့်အားလုံးအဆင်ပြေကြမယ် ထင်ပါတယ်အထက်ကနည်းတွေထဲမှာသိပ္ပံနည်းအကျဆုံးနဲ့

အသေချာဆုံးကကိုင်းကူးနည်း ဖြစ်တယ်ဆိုတာထပ်ပြောပါရစေလူကြီးမင်းတို့သိထားတဲ့ အခြားနည်းများရှိအုံးမယ်ဆိုရင်လည်း ကော့မန့်မှာ ရေးပေးပြီး မျှဝေပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ်