ပန်းတွေဝေနေအောင်ပွင့်အောင်အားဆေးစပ်နည်းအမြစ်၊အပွင့်၊အသီးအတွက်1: 1:1အချိုးအားဆေးလေးပါ1ပါတ်အတွင်းသိသာလာပါလိမ့်မည်အထူးသဖြင့်အပင်မှအပွင့်အပွင့်မှအသီးအတွက်အထူးကောင်းမွန်ပါတယ်ရှင့်

လိုအပ်သောကုန်ကြမ်းများနို့200ccတဘူးပုဇွန်ငါးပိတစ်ဇွန်းအချိုမှုန့်တစ်ဇွန်းတို့ပါဘဲပြုလုပ်ပုံခွက်တခုထဲရေနွေးနွေး-2ဇွန်းခန့်ထည့်ပါပုဇွန်ငါးပိတဇွန်းထပ်ထည့်ပြီးပျော်သွားအောင်မွှေပါနောက်ထပ်အချိုမုန့်တဇွန်း

ထပ်ထည့်ကာကျေအောင်မွှေပြီးနို့200ccထပ်ထည့်အားလုံးသမအောင်မွှေပါအသင့်သုံး1:1:1အားဆေးလေးရပါပြီသုံးစွဲရန်အသင့်သုံးဆေး1-ဇွန်း၊ရေတလီတာပါ20လီတာဆေးဖျန်းပုံးအတွက်20ဇွန်းပါရှင်တပါတ်အတွင်းသိသာပါလိမ့်မယ်မပျင်မရိဘူးဆိုရင်တော့

တပါတ်တကြိမ်ဖျန်းနိုင်ပါတယ်အပင်သေးငရုပ်ခရမ်းချဉ်အစရှိသည်တို့ကိုအပင် ထိပ်မှစတင်ပက်ဖျန်းပါဆေးများကိုစိုရွဲအောင်ဖျန်းပါကပိုမိုထိရောက်ပါတယ်အရွက်အပွင့်ကကျလာသောဆေးရည်သည်ပင်ခြေအနီးနားကျရောက်ပြီး

အစာရှာအမြစ်မှစုပ်ယူစားသောက်ကာပင်စည်မှအကိုင်းအလက်အရွက်ထိုမှအပွင့်အားကောင်းအသီးတင်အရသာရှိအလုံးလှအထွက်တိုးစေမှာပါခုလုပ်ခုသုံးပါ။သုံးမကုန်သောဆေးကိုအဖုံးပိတ်အရိပ်ထဲထားပါ။6လခန့်သိမ်းဆည်းထားနိုင်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com




