အပင်အရွက်အတွက်ထမင်းသိုးဂျူလင်စီဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း-ထမင်းသိုးဆန်တစ်ဗူးချက်ခန့်သကြားထမင်းစားဇွန်း-2ဇွန်း၊နို့ချဉ်၅၀စီစီ။ထမင်းသိုးထဲရေလီတာဝက်ခန့်လောင်းထည့်ပါ။ပြီးနောက်၅မိနစ်ခန့်မွှေပေးပါ။ထမင်းသိုးမှ
အရည်အားလုံးသမသွားပါက၅မိနစ်ခန့်အနည်ထိုင်အောင်စောင့်လိုက်ပါအနည်ထိုင်သွားပါကရေစစ်ဖြင့်စစ်ယူပါ။စစ်ယူထားသောထမင်းသိုးရေထဲသို့သကြား၂ဇွန်းနို့ချဉ်ဘူး၅၀စီစီဖေါက်ထည့်ပါသမသွားအောင်နဲ့သကြားများပျော်အောင်
မွေပါ။အားလုံးသမသွားပြီဆိုပါကရေသန့်ဘူးလွတ်ထဲထည့်ပြီးအရိပ်ထဲထားလိုက်ပါ။ဘူးအဖုံးကိုတော့အလုံမပိတ်ဘဲတရစ်ခန့်ချန်ထားပါ။GASထွက်ရန်ဖြစ်ပါတယ်။၃ရက်မြောက်နေ့တွင်ထပ်ပြီးလှုပ်ခါပါအဖုံးကိုတရစ်ချန်၊ပြန်ပိတ်ပါ
၇ရက်မြောက်မှာတော့အသင့်သုံးထမင်းသိုးဂျူလင်စီကိုရပါပြီ။ဒီဆေးရည်သည်အပင်၏အမြစ်နဲ့အရွက်များအတွက်များစွာအကျိုးပြုပါတယ်Nဒြပ်အများဆုံးပါဝင်သောကြောင့်ဖျန်းပြီးသုံးရက်နဲ့ငါးရက်ကြာပါကသိသာလာပါလိမ့်မယ်
အပင်ထဲထည့်ပါကအမြစ်ရှင်သန်ပြီးအစာစားကောင်းပါတယ်အရွက်မှဆေးရည်ကိုတိုက်ရိုက်စားသုံးနိုင်သောကြောင့်အရွက်များသန်မာကြီးထွားစေပါတယ်။ကွမ်းသမားများအရွက်စားအပင်များအတွက်လက်တွေ့ဖြစ်ထွန်းစေပါတယ်
အရွက်ဖျန်းဖို့အတွက်၊ဆေးဖျန်းပုံးတစ်ပုံးကိုဆေးရည်၅ဇွန်းအပင်လောင်းရန်အတွက်ဆေးဖျန်းပုံးတစ်ပုံးကိုဆေးရည်၁၀ဇွန်း။သီးပင်စားပင်အတွက်ကြက်သွန်နီအခွံဆေးရည်ပြုလုပ်နည်း-ကြက်သွန်နီခွံမှာကယ်လစီယမ်၊ပိုတက်စီယမ်
မဂ္ဂနီစီယမ်၊အိုင်ရွန်း၊ကော့ပါးစတဲ့အပင်အတွက်လိုအပ်တဲ့အဟာရဓါတ်များစွာပါဝင်တဲ့အပြင်ကြက်သွန်နီအခွံအနံ့ကြောင့်ပိုးတွေကိုလည်းမလာအောင်တားဆီးပေးစေပါတယ်ကြက်သွန်နီခွံခြောက်၅ကျပ်သား၊ရေ၁လီတာထည့်၍၂၄နာရီထား
ပါ။နောက်ထပ်ရေ၁လီတာထပ်ရော၍နှံ့အောင်မွှေပြီးအရည်စစ်အရည်ညှစ်ယူပါကြက်သွန်နီခွံအားဆေးရည်ကိုအပင်များသို့တိုက်ရိုက်ပက်ဖျန်း၍အသုံးပြုနိုင်ပါသည်။ကျန်ရှိသောကြက်သွန်နီခွံအားဆေးအနည်အနှစ်များကိုမြေကြီးဖြင့်ရော၍အပင်ခြေတွင်အစာအဖြစ်ကျွေးနိုင်ပါသည်