ငှက်ပျောသီးစားပြီးရင်အခွံတွေကိုမပစ်လိုက်ပါနဲ့အရမ်းအသုံးဝင်ပါတယ်စိုက်ပျိုးရေးအတွက်ငှက်ပျောသီးအသုံးဝင် ပုံသီးမွှေး၊ဖီးကြမ်း၊ရခိုင်ဝက်မလွတ်ပွဲထဲကငှက်ပျောသီးပါမကျန်သူ့အရသာ လေးနဲ့သူကောင်းလို့မွန်လို့စားကြတယ်

အိမ်နီးနားချင်း တွေကိုဝေကြတယ်အမယ်ဦးရှင်ကြီးတင်လို့စားရတဲ့မုန့်ဆမ်းနဲ့ ငှက်ပျောသီးလေးဆို ကောင်းလွန်းလို့အသီးကပဲစားကောင်းတာမဟုတ်ပါဘူးသူ့အခွံကလည်းအသုံးဝင်တယ်ဆိုတာသိစေချင်ပါတယ်စားနေကြတဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ငှက်ပျောသီးခွံကိုစိုက်ပျိုး ရေးလုပ်ငန်းတွေမှာဘယ်လိုသုံးလို့ရနေတယ်ဆိုတဲ့ ကြောင်းကိုတင်ဆက်ပေးမှာမို့ငှက်ပျောသီး ကျွေးပြီးရင်အခွံကိုပြန်တောင်း ပြန်စုကြပါ(၁)ငှက်ပျောခွံအရည်မြေဆွေးအရည်လိုမျိုးပဲငှက်ပျောသီးအခွံ

နဲ့ပြုလုပ်ထားတဲ့ငှက်ပျောခွံရည်ဆိုတာကိုရွက်ဖျန်းအားဆေးဖြစ်ပက်ဖျန်းပေးလို့ရပါတယ်အပင် တွေကို လောင်းပေးလို့ရပါတယ်ဘယ်လို လုပ်ရမလဲ ဆိုတာကျတော့ ရေနဲ့(၂)ရက်(၄၈နာရီ)ထားပြီးရင်အဲ့ငှက်ပျောခွံ

ရည်နဲ့အပင်တွေကို လောင်းပေးလို့ရပါတယ်အာဟာရ တွေကိုပိုရလာအောင်ငှက်ပျောခွံတွေကကူညီပေးပါတယ်(၂)အပိုင်းစလေးတွေ မြေကြီးထဲထည့်ပေးလို့ရတယ်စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင်၅ချက်၆ချက်

လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ခြံထဲဥယျာဉ်ထဲကိုတိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့လိုအပ်ပါတယ်နော်တစ်ဖြည်းဖြည်း ဆွေးရင်းနဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ထောက်ပံ့ ပေးနိုင်ပါတယ်

(၃) မြေဆွေးပုံရင် သုံးလို့ရတယ်အခင်းထဲတိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေ ဆွေးပုံပုံပြီးတော့သုံးတဲ့နေရာမှာငှက်ပျောခွံကိုပါထည့်ပြီးတော့ မြေဆွေး ပြုလုပ်လို့ရပါတယ်နော်ငှက်ပျောခွံနဲ့ပြုလုပ်ထားတဲ့ မြေဆွေးတွေ

ကောင်းကောင်း ဆွေးပြီဆိုရင်ပျိုးဘောင်လုပ်တဲ့အချိန်မျိုးမှာအပင်တွေပန်းပွင့်တဲ့အချိန်မျိုးတွေမှာသုံးပေးလိုက်ရင်အပင်တွေကအာဟာရတွေအများကြီးရလာမှာဖြစ်ပါတယ်နော်ငှက်ပျောခွံမှုန့်မြေဩဇာငှက်ပျောခွံတွေ

အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာအခြောက်ခံလိုက်ပါ ကောင်းကော င်းခြောက်သွားရင်အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကိုထည့်ပေးလို့ရပါတယ်။ သတိထားရမှာတချက်ကအမြစ်ကိုမထိအောင်ထည့်ပေးပါ

အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ(၅)အစေ့စိုက်ရင်ထည့်ပေးလို့ရမျိုးစေ့စိုက်မယ်ဆိုငှက်ပျောခွံကိုတိုက်ရိုက်သုံးပေးလို့ရပါတယ် မြောင်းလေးတူးငှက်ပျောခွံလေးတွေခင်း ပြီးတော့အစေ့လေး တွေချ၊ မြေပြန်ဖုံးခဲ့အမြစ်လေးတွေစထွက်တဲ့

အချိန်အပင်လေးတွေကြီးလာတဲ့အချိန်မျိုး တွေဆိုသူကအာဟာရတွေ ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ မြေဩဇာကြီးဖြစ်နဲ့အသုံးတော်ခံလို့ပေါ့(၆)ငှက်ပျောခွံရွက်ဖျန်း မြေဩဇာငှက်ပျောခွံမှုန့်(၄)ဇွန်း၊ကြက်ဥခွံ(၃)ခုရဲ့

အမှုန့်ရယ်အက်ပဆွန်ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့် ဖြည့်ပြီးအပင်တွေကို ဖျန်းပေးလို့ရပါပြီကယ်လ်စီယမ်မဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ကြွယ်ဝတဲ့ရွက်ဖျန်းမြေဩဇာပါပဲ(၇)အင်းဆက်တွေဖမ်းမယ်

ပန်းသီး ရှာလကာရည်ထဲကို ငှက်ပျောသီးခွံ လေးထည့်ပြီးအင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်ခြံထဲထည့်ထားရင် မှက်တွေကိုအများကြီး လျော့ချနိုင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အဖုံးပါတဲ့ကော်ခွက် လေးတွေထဲကို

ငှက်ပျောခွံနဲ့ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ် လည်မှာအ ပေါက်လေးတွေ ဖောက်ထားအဖုံးလေး ပြန်ပိတ်ထားအဲ့လိုဆိုမှက်မျိုးနွယ်ဝင်အုပ်စုတွေက ထောင် ခြောက်မှာမိပြီးအပင်တွေကိုကာကွယ်နိုင်တာပေါ့

(၈)ပျဆေးအပင်ခြေရင်းမှာငှက်ပျောခွံရဲ့အစတွေကိုတင်ထားပေးရင် ပျတွေမတက်တော့ပဲအပင်ကို ကာကွယ်ပြီးသားဖြစ်မှာပါငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်(၉)ပန်းပွင့်ဆေးငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီ

ပန်းပွင့်တဲ့အပင်တွေကိုဖျန်းပေးရင်ပန်းပွင့်တွေများကြီးကြီးကြီးလှလှ ပွင့်လာမှာပါ။ ဘယ်လိုလုပ် ရမလဲဆိုရင်ဖုံးလို့ရတဲ့ပုလင်းထဲငှက်ပျောခွံထည့်ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီးအဝတ်ကလေးနဲ့ပိတ်ထားတစ်ပတ်လောက်

စောင့်ရပါမယ်အမြုပ်ဖြူ လေးတွေထလာရင်အဆင်ပြေတယ်အမြုပ်တွေက မဲနေမယ်မှိုတွေတက်လာတယ်ဆိုရင်တော့လွှင့်ပစ်လိုက်ပါအရည်ကို လောင်းလို့ရပါတယ်အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲထည့်ပေးလို့

ရတယ်ကဲဘာလိုသေးလဲ(၁၀)အက်ဆစ်ကြိုက်အပင်တွေစတော်ဘယ်ရီတို့လိုအက်ဆစ်ကြိုက်တဲ့အပင်တွေအချဉ်ဓာတ်လေးကြိုက်တဲ့အပင်တွေကိုဖျန်းပေးရင်အရွက်ဖားဖားနဲ့ပိုသန်စွမ်းလာမှာပဲ ဖြစ်ပါတယ်ငှက်ပျောခွံကိုရေနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

စိမ်ပြီးတော့ငှက်ပျောခွံရှာလကာရည်လုပ်ရမှာပါ ရေနဲ့စိမ်တာတူတူပါပဲတစ်ပတ်ကြာရင်အဖတ်တွေဆယ်ပြီး ရေကိုပဲ(၄)ပတ်ကနေ(၆)ပတ်လောက်ထားရမှာပါရှာလကာရည်လိုအနံ့လေးထွက်တယ်တူလာပြီဆိုရင် ရေနဲ့ထပ်ရောပြီးအပင်လေးတွေကို လောင်းပေးပါCredit