အသားအရေကိုဖြူဝင်းစေပြီးနေလောင်တာတွေကိုသက်သာပျောက်ကင်းစေတဲ့ပေါင်းတင်နည်း၃မျိုးဝင်ပပြီးကြည်လင်တဲ့အသာအရေကိုပိုင်ဆိုင်ချင်တာမိန်းကလေးတိုင်းရဲ့ဆန္ဒပါနေရောင်ခြည်ဒဏ်ကိုခံရပါများလာတဲ့အခါအသားအရေက
မွဲခြောက်ကြမ်းတမ်းပြီးအဖုအကြိတ်တွေထွက်ကာမလှမပဖြစ်သွားနိုင်ပါတယ်ခုဖော်ပြပေးမှာကတော့အသားအရေကိုဖြူဝင်းစေပြီးနေလောင်တာတွေကိုသက်သာပျောက်ကင်းစေမယ့်ပေါင်းတင်နည်းလေးတွေပဲဖြစ်ပါတယ်သဘာဝ
ပစ္စည်းလေးတွေဖြစ်တာကြောင့်မတည့်မှာတွေကိုလုံးဝစိုးရိမ်စရာမလိုပါဘူးနော်ကဲကြည့်လိုက်ပါဦး၁အာလူးနဲ့သံပုယိုအာလူးဟာနေလောင်တဲ့အသားအရေအတွက်အင်မတန်ကောင်းမွန်ကြောင်းရှာဖွေတွေ့ရှိထားပါတယ်အာလူးတစ်လုံးကို
ကောင်းမွန်စွာကြိတ်ချေပြီးသံပုယို၂စက်ခန့်ရောကာမွှေလိုက်ပါရလာတဲ့အနှစ်ကို ဆန်မှုန့်အနည်းငယ်ရောပြီးမျက်နှာကိုလိမ်းလိုက်ပါမိနစ်၂၀အကြာမှာတော့ကြက် သီးနွေးရေလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ(၂)နွားနို့နဲ့ပဲမှုန့်နွားနို့ဟာ
အသားအရေကိုဖြူဝင်းစေတဲ့သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်အသားအရေကိုနူးညံ့စိုပြည်စေရုံသာမကအသားအရေကိုအထူးလှပစေပါတယ်ပဲမှုန့်ဟာအသားအရေကိုနေရောင်ခြည်ဒဏ်မှကာကွယ်ပေးနိုင်စွမ်းရှိပါတယ်နွားနို့ကို
ပဲမှုန့်နဲ့ဆတူရောစပ်ပြီးသေသေချာချာမွှေပေးရပါမယ်ပြီးရင်တော့မျက်နှာမှာလိမ်းပြီးတစ်နာရီခန့်အကြာမှာရေအေးလေးနဲ့ဆေးကြောပေးလိုက်ရုံပါပဲ(၃)ဒိန်ချဉ်နဲ့ပျားရည်ပျားရည်ဟာအသားအရေကိုဖြူဝင်းစေပါတယ်ဒါတင်မကအသားအရေကိုအေးမြစေနိုင်ပါတယ်နေလောင်လို့
ဖြစ်ပေါ်လာတဲ့အသားအရေနီမြန်းတာတွေအမဲကွက်တွေကိုသက်သာပျောက်ကင်းစေပါတယ်အသုံးပြုပုံကတော့ဒိန်ချဉ်အသန့်လက်ဖက်ရည်ဇွန်း၂ဇွန်းကိုပျားရည်လက်ဖက်ရည်ဇွန်း၁ဇွန်းနဲ့ရောပြီးမျက်နှာမှာလိမ်းရမှာပါ၁၅မိနစ်အကြာမှာတော့ရေနွေးနဲ့အရင်ဆေးပြီးရေအေးနဲ့ပြန်လည်ဆေးကြောပေးရမှာပါ