အိန္ဒိယသူတွေအများစုဟာဆံပင်သန်စွမ်းမည်းနက်ပြီးဆံသားကောင်းမွန်ခြင်းနဲ့ပြည့်စုံတာကိုဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာတွေ့မြင်ဖူးကြမှာပါပျိုမေတို့ရေအခုပြောပြပေးချင်တာ

ကတော့အိန္ဒိယသူတွေအသုံးပြုကြတဲ့ဆံပင်အရှည်မြန်နည်းလျှို့ဝှက်ချက်တွေပဲဖြစ်ပါတယ်၁ရှားစောင်းလက်ပပ်ရှားစောင်းလက်ပပ်ဂျယ်လ်ဟာအသားအရေအလှအပနဲ့

ကျန်းမာရေးအတွက်သာမကဆံကေသာအလှအပအတွက်ပါအသုံးဝင်တဲ့သဘာဝပစ္စည်းတမျိုးပါပျိုမေတို့ရေ။ခေါင်းမလျှော်ခင်နာရီဝက်လောက်အလိုမှာရှားစောင်းလက်ပပ်ပင်

ကရတဲ့ရှားစောင်းလက်ပပ်ဂျယ်လ်ကိုဆံကေသာအရင်းကနေအဖျားအထိနှံ့စပ်အောင်လိမ်းပေးပြီးမှလျှော်ခြင်းကဆံသားအရှည်မြန်ခြင်းကိုကူညီပေးနိုင်မှာဖြစ်ပါတယ်၂ကြက်ဥအနှစ်

ကြက်ဥအနှစ်ဟာခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကိုပြန်လည်ကောငးမွန်စေတဲ့အပြင်ဆံပင်အရှည်မြန်ခြင်းကိုလည်းအထောက်အကူဖြစ်စေတာကြောင့်ခေါင်းမလျှော်ခင်

ကြက်ဥအနှစ်နဲ့ဆံသားကိုပေါင်းတင်ပေးသင့်ပါတယ်၃အုန်းဆီအုန်းဆီဟာဆိုရင်တော့အိန္ဒိယရိုးရာတိုင်းရင်းဆေးတွေမှာသာမကအလှအပရေးရာတွေမှာပါအသုံးပြုကြတဲ့သဘာဝအဆီ

တမျိုးပါ။အိန္ဒိယသူတွေဆံသားကောင်းမွန်ပြီးမည်းနက်သန်စွမ်းကြခြင်းရဲ့အကြောင်းရင်းကတော့အုန်းဆီကိုပုံမှန်လိုလိုလိမ်းကျံကြလို့ပါ။အုန်းဆီရဲ့စေးကပ်တဲ့အထိအတွေ့ကို

မကြိုက်သူတွေအနေနဲ့တော့ခေါင်းမလျှော်ခင်အုန်းဆီကိုခပ်ရွှဲရွှဲလိမ်းပြီးမှလျှော်ပေးခြင်းကဆံသားကိုအရှည်မြန်စေမှာဖြစ်ပါတယ်၄ရေအေးခေါင်းလျှော်တဲ့အခါရေနွေးနဲ့ခေါင်းလျှော်

ခြင်းထက်ရေအေးနဲ့ခေါင်းလျှော်ပေးခြင်းကဦးရေပြားသွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေတဲ့အပြင်ဆံပင်အရှည်မြန်ခြင်းကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်creditAunty may