အိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဖြစ်ပေါ်လာမယ့်အရာများအိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကအမြဲပုံမှန်လျှော်ပြီးလဲပေးဖို့လိုပါတယ်။၂ပတ်တစ်ခါလဲပေး

ရင်တော့ အကောင်းဆုံးပါပဲ။ဒီလိုအိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ခြင်းကြောင့်ဒီလိုအရာတွေဖြစ်ပေါ်လာနိုင်ပါတယ်ဝက်ခြံထွက်တာ၊အသားယားတာအိပ်ယာခင်းနဲ့

ခေါင်းအုံးစွပ်တွေကိုပုံမှန်မလျှော်ပဲ၊မလဲပဲနဲ့ထားရင်အသားတွေယားတာ၊အလက်ဂျစ်တွေထတာ၊ခေါင်းအုံးစွပ်မလဲရင်ဝက်ခြံထွက်တာ၊အဆီဖုထွက်တာတွေဖြစ်လာပါလိမ့်

မယ်Skinကောင်းချင်ရင်ဒါတွေကို ဂရုတစိုက်လဲပေးဖို့အရမ်းအရေးကြီးပါတယ်။နှာချေတာ၊နှာမွှန်တာ၊နှာခေါင်းယားတာအိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်ကိုမလဲပဲထားရင်ဘတ်

တီးရီးယားတွေကပ်နေပြီးနှာချေတာ၊နှာမွှန်တာ၊နှာခေါင်းယားတာတွေဖြစ်လာပါလိမ့်မယ်အရမ်းဆိုးရင်allergiesနဲ့ asthmaပါဖြစ်သွားတတ်ပါတယ်။အသက်ရှူလမ်းကြောင်း

ထိခိုက်နိုင်ပါတယ်ခေါင်းယားတာအိပ်ယာခင်းနဲ့ခေါင်းအုံးစွပ်ကိုမလဲရင်အသားယားတာတင်မဟုတ်ပဲခေါင်းတွေပါယားလာပါလိမ့်မယ်။နောက်ဆက်တွဲပြဿနာကတော့ခေါင်းတွေ

ယားပြီးဦးရေပြားမသန့်ရှင်းတဲ့အတွက်ဗောက်ထတာတွေပါဖြစ်လာပါတယ်မျက်လုံးယားတာ၊နီရဲတာမျက်လုံးကိုထိတာကတော့အဓိကခေါင်းအုံးစွပ်ကြောင့်ပါခေါင်းအုံးစွပ်ကိုပုံမှန်

မလဲပေးပဲထားတာက ကြာလာရင်မျက်သားယားပြီးနီရဲတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ဒါကြောင့်ခေါင်းအုံးစွပ်နဲ့အိပ်ယာခင်းကအမြဲလဲနေပေးဖို့၊သေချာလျှော်ပေးဖို့လိုပါတယ်။credit