အိမ္ရွင္နွင့္သူခိုးထိေတြ႕မႈ့ျဖစ္ပြား သူခိုးအား အိမ္ရွင္မွေလးဂြျဖင့္ပစ္ဖမ္းရာ သူခိုကအိမ္ရွင္အား ဗံုးသီးျဖင့္ျပန္လည္ပစ္ခတ္ရွမ္းျပည္ေျမာက္ပိုင္းမိုးမိတ္ခရိုင္မဘိမ္းၿမိဳ့နယ္ ကြန္းေခ်ာင္းရြာ၌27.7.2020ရက္ညပိုင္း၌သူခိုးႏွစ္ဦးမွအိမ္ႏွစ္အိမ္အတြင္းရွိဆိုင္ကယ္သုံးစီးအား ေမွာ္ဆန္ဆန္ဝင္ေရာက္ခိုးယူသြားခဲ့ၾကသည္။

၎သူခိုးေလးႏွစ္ေယာက္အား28.7.2020 ရက္ ေန႔လည္ပိုင္း၌ခိုးရာပါဆိုင္ကယ္မ်ားႏွင့္အတူလက္ရဖမ္းဆီးမိၿပီးေနာက္ညဘက္မွာေတာ့ ကြန္းေခ်ာင္းရြာအတြက္သာ မကေတာ့ဘဲ ၎ေဒသ အတြက္ပါ အံ့ၾသေၾကာက္ရြံစရာသတင္းတစ္ခုကို ထပ္မံၾကားရပါေတာ့တယ္။

ကြန္းေခ်ာင္းရြာသည္ရွမ္းျပည္နယ္ဟုဆိုေသာ္ျငားအျခားရွမ္းျပည္အရပ္ကဲ့သို့လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားရွိသည္ဟုကၽြန္ုပ္တခါမွပင္မၾကားခဲ့ဘူးေပါင္။စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္လည္း ေရႊလီျမစ္ေလးသာ ျခားထားျခင္းေၾကာင့္ ေဝးလံသီေခါင္သည့္ ေတာင္ေပၚအရပ္မဟုတ္သည္ကိုမွန္းဆၾကည့္ နိုင္ပါသည္။

သို့ေသာ္ 28.7.2020ရက္ညပိုင္းမွာေတာ့၎ရြာအားသူခိုးကပ္သည္ဟုဆိုကာအိမ္တစ္အိမ္မွ ေအာ္ဟစ္ လိုက္ခ်ိန္ လူတစ္ေယာက္သည္ ေတြ႕ရာလမ္းအတိုင္း စြတ္ေျပးလာရင္းက မ်က္ႏွာမူရာအိမ္ဝန္းတစ္ခုအား ၿခံေက်ာ္ဝင္ေရာက္ခဲ့သည္ဟု ၾကားသိရပါသည္။

ထိုအိမ္ရွင္မွ လူသံၾကား၍ဓါတ္မီးႏွင့္လွမ္းထိုးၾကည့္ခ်ိန္လူစိမ္းတစ္ေယာက္ကို ျမင္ရေသာ အခါ ေလးဂြႏွင့္လွမ္း၍ပစ္ခတ္ သတဲ့။ထိုအခါ ၎လူစိမ္းမွ အိမ္ေနာက္ဘက္သို့ ေျပးေလရာအိမ္ရွင္လည္း အေနာက္မွ ေလးဂြႏွင့္ လိုက္ျပစ္စဥ္ ၎လူစိမ္းမွအိမ္ရွင္အားအရာဝတၳဳတစ္ခုျဖင့္ ျပန္လည္ ျပစ္ေပါက္သတဲ့ထိုျပစ္ေပါက္သည့္အရာအားဓါတ္မီးျဖင့္ထိုးၾကည့္မိစဥ္မွာေတာ့အိမ္ရွင္သည္အေတာ္တုန္လွုပ္သြားပါေတာ့သတဲ့။

အေၾကာင္းမူကလက္ပစ္ဗုံး တစ္လုံး ျဖစ္ေနေသာေၾကာင့္ဟုဆိုပါသည္။29.7.2020 နံနက္ပိုင္းမွာေတာ့ ရပ္ရြာတာဝန္ရွိသူရဲ့အေၾကာင္းၾကားေခၚငင္ မွုေၾကာင့္ ငါးအိုးရြာ 121 တပ္ရင္းမွ အရာရွိႏွင့္စစ္သည္မ်ားေရာက္လာကာထိုလက္ျပစ္ဗုံးအား ​ၾကည့္ရွုစစ္ေဆးၿပီး ေျမျမႇုပ္လိုက္သည္ဟု ၾကားသိရပါေၾကာင္းေအးခ်မ္းပါေစ..ကြန္းေခ်ာင္းေျမၿငိမ္းခ်မ္းပါေစ.ျမန္မာျပည္လင္းထင္ခရစ္တစ္

အိမ်ရှင်နှင့်သူခိုးထိတွေ့မှု့ဖြစ်ပွား သူခိုးအား အိမ်ရှင်မှလေးဂွဖြင့်ပစ်ဖမ်းရာ သူခိုကအိမ်ရှင်အား ဗုံးသီးဖြင့်ပြန်လည်ပစ်ခတ်ရှမ်းပြည်မြောက်ပိုင်းမိုးမိတ်ခရိုင်မဘိမ်းမြို့နယ် ကွန်းချောင်းရွာ၌27.7.2020ရက်ညပိုင်း၌သူခိုးနှစ်ဦးမှအိမ်နှစ်အိမ်အတွင်းရှိဆိုင်ကယ်သုံးစီးအား မှော်ဆန်ဆန်ဝင်ရောက်ခိုးယူသွားခဲ့ကြသည်။

၎င်းသူခိုးလေးနှစ်ယောက်အား28.7.2020 ရက် နေ့လည်ပိုင်း၌ခိုးရာပါဆိုင်ကယ်များနှင့်အတူလက်ရဖမ်းဆီးမိပြီးနောက်ညဘက်မှာတော့ ကွန်းချောင်းရွာအတွက်သာ မကတော့ဘဲ ၎င်းဒေသ အတွက်ပါ အံ့သြကြောက်ရွံစရာသတင်းတစ်ခုကို ထပ်မံကြားရပါတော့တယ်။

ကွန်းချောင်းရွာသည်ရှမ်းပြည်နယ်ဟုဆိုသော်ငြားအခြားရှမ်းပြည်အရပ်ကဲ့သို့လက်နက်ကိုင် အဖွဲ့အစည်းများရှိသည်ဟုကျွန်ုပ်တခါမှပင်မကြားခဲ့ဘူးပေါင်။စစ်ကိုင်းတိုင်းဒေသကြီးနှင့်လည်း ရွှေလီမြစ်လေးသာ ခြားထားခြင်းကြောင့် ဝေးလံသီခေါင်သည့် တောင်ပေါ်အရပ်မဟုတ်သည်ကိုမှန်းဆကြည့် နိုင်ပါသည်။

သို့သော် 28.7.2020ရက်ညပိုင်းမှာတော့၎င်းရွာအားသူခိုးကပ်သည်ဟုဆိုကာအိမ်တစ်အိမ်မှ အော်ဟစ် လိုက်ချိန် လူတစ်ယောက်သည် တွေ့ရာလမ်းအတိုင်း စွတ်ပြေးလာရင်းက မျက်နှာမူရာအိမ်ဝန်းတစ်ခုအား ခြံကျော်ဝင်ရောက်ခဲ့သည်ဟု ကြားသိရပါသည်။

ထိုအိမ်ရှင်မှ လူသံကြား၍ဓါတ်မီးနှင့်လှမ်းထိုးကြည့်ချိန်လူစိမ်းတစ်ယောက်ကို မြင်ရသော အခါ လေးဂွနှင့်လှမ်း၍ပစ်ခတ် သတဲ့။ထိုအခါ ၎င်းလူစိမ်းမှ အိမ်နောက်ဘက်သို့ ပြေးလေရာအိမ်ရှင်လည်း အနောက်မှ လေးဂွနှင့် လိုက်ပြစ်စဉ် ၎င်းလူစိမ်းမှအိမ်ရှင်အားအရာဝတ္ထုတစ်ခုဖြင့် ပြန်လည် ပြစ်ပေါက်သတဲ့ထိုပြစ်ပေါက်သည့်အရာအားဓါတ်မီးဖြင့်ထိုးကြည့်မိစဉ်မှာတော့အိမ်ရှင်သည်အတော်တုန်လှုပ်သွားပါတော့သတဲ့။

အကြောင်းမူကလက်ပစ်ဗုံး တစ်လုံး ဖြစ်နေသောကြောင့်ဟုဆိုပါသည်။29.7.2020 နံနက်ပိုင်းမှာတော့ ရပ်ရွာတာဝန်ရှိသူရဲ့အကြောင်းကြားခေါ်ငင် မှုကြောင့် ငါးအိုးရွာ 121 တပ်ရင်းမှ အရာရှိနှင့်စစ်သည်များရောက်လာကာထိုလက်ပြစ်ဗုံးအား ကြည့်ရှုစစ်ဆေးပြီး မြေမြှုပ်လိုက်သည်ဟု ကြားသိရပါကြောင်းအေးချမ်းပါစေ..ကွန်းချောင်းမြေငြိမ်းချမ်းပါစေ.မြန်မာပြည်လင်းထင်ခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here