အိမ္အတြင္းမွာလုံးဝမထားသင့္ေသာကံဆိုးေစနုိင္တဲ့အရာ(၆)မ်ိဳးသင့္အိမ္မွာအေၾကာင္းအရာ ေထြေထြထူးထူးမရိွဘဲ ျပႆနာေတြ ျဖစ္တတ္လား။ႀကိဳးစားရုန္းကန္ေနတဲ့ၾကားကအိမ္ရဲ့စီးပြားေရးေတြက်ဆင္းေနလား။အိမ္ထဲမွာမေကာင္းတဲ့ ဝိညာဉ္ေတြရဲ့ အေငြ့အသက္ေတြရိွေနတယ္လို႔ခံစားေနရလား“ေဈးသံုးလည္းမႂကြယ္နဲ႔၊ ေရွးထံုးလည္းမပယ္နဲ႔ဆိုသလို
ေရွးအစဉ္အဆက္ကတည္းကယေန့တိုင္အက်ံဳးဝင္ေနေသးတဲ့ဓေလ့ထံုးစံေတြကို ေမ့ပစ္လို႔ေတာ့မရပါဘူး။အခုေျပာျပမွာကေတာ့အိမ္ထဲမွာ မထားသင့္တဲ့ကံဆိုးေစတဲ့အရာေတြပဲ ျဖစ္ပါတယ္။ဒီအရာေတြေၾကာင့္ခ်ည္းပဲကံဆိုးေနတယ္လို႔ မဆိုလိုပါဘူး။ဒီအရာေတြေၾကာင့္
ပိုကံဆိုးသြားႏိုင္တယ္၊ကံေကာင္းျခင္းေတြကိုပိတ္ေစႏိုင္တယ္လို႔ပဲဆိုလိုပါတယ္သတိဟူသည္လိုသည္မရိွဘူးမဟုတ္လား။သင္ကံဆိုးေနတယ္လို႔ခံစားေနရတဲ့အခါဒီအရာေတြကိုအိမ္ထဲမွာ၊အခန္းထဲမွာထားမိလားဆိုတာ ျပန္စစ္ေဆးၾကၫ့္သင့္ပါတယ္။
(၁) လႈပ္ကုလားထိုင္ဘယ္သူမွမရိွတဲ့ အခန္းထဲမွာ လႈပ္ကုလားထိုင္က ဘယ္သူမွလည္းမထိုင္ဘဲ လႈပ္ေနမယ္ဆိုရင္ ဘယ္လိုခံစားရမလဲ စဉ္းစားၾကၫ့္ပါ။ “ေလတိုက္ေနလို႔ပါ”ဆိုၿပီးဘယ္လိုပဲ ျဖၫ့္ေတြးပါေစ၊ စိတ္ထဲေတာ့ စႏိုးစေနွာင့္ ျဖစ္တတ္ၾကတာပဲေလ။ ဒါေၾကာင့္လည္း ခုေနာက္ပိုင္းမွာ လႈပ္ခံုေတြကို မသံုးၾကေတာ့တာေပါ့။အိုင္းရစ္ရွ္ သမိုင္းေၾကာင္းအရ ဘယ္သူမွမထိုင္တဲ့ လႈပ္ကုလားထိုင္ဟာ မေကာင္းတဲ့ ဝိညာဉ္ေတြ လာထိုင္ဖို႔ ဖိတ္ေခၚေနသလိုပါပဲတဲ့။
(၂) ပ်က္စီးေနတဲ့နာရီ၊ ရပ္တန႔္ေနတဲ့နာရီပ်က္စီးက်ိဳးပဲ့ေနတဲ့ပစၥည္းေတြအိမ္ထဲမွာမထားေကာင္းဘူးဆိုတာေတာ့အားလံုး လက္ခံၿပီးသား ျဖစ္မွာပါ။ဒါ့အျပင္ပ်က္စီးရပ္တန႔္ေနတဲ့နာရီကမေကာင္းတဲ့နိမိတ္ေတြ ျဖစ္ေစတယ္လို႔လည္းအယူအဆရိွပါတယ္။
အခ်ိန္ကို ၫႊန္ျပတဲ့ အရာေတြဟာ အၿမဲတမ္း အလုပ္လုပ္ေနရပါမယ္။အဲလိုမဟုတ္ပဲရပ္တန႔္ေနမယ္ဆိုရင္အသံုးျပဳတဲ့သူေတြရဲ့ ဘဝတိုးတက္မႈလည္း ပိတ္ဆို႔ရပ္တန႔္သြားတတ္ပါတယ္။
(၃) ကႏၲာရစူးပင္Cactus ပင္ေလးေတြကို အလွထားတတ္တဲ့သူေတြ အတြက္ေတာ့ သတင္းဆိုးပါပဲ။ ေရွးလူႀကီးေတြရဲ့ ယံုၾကည္မႈအရ အစူးပါတဲ့ အပင္ေတြဟာ မေကာင္းတဲ့ နိမိတ္ေတြကို ဆြဲေဆာင္တယ္လို႔ဆိုပါတယ္။
ကႏၲာရ စူးပင္မွမဟုတ္ပါဘူး။ ႏွင္းဆီအပါအဝင္ စူးပါတဲ့ ဘယ္အပင္မဆို အိမ္ထဲမွာ ထားရင္ အိမ္ကိုေရာ၊ သင့္ရဲ့အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရးကိုပါ အေနွာင့္အယွက္ျဖစ္ေစပါတယ္။
(၄) ဖြင့္ထားတဲ့ထီးေရွးလူႀကီးေတြ ေျပာတာေတာ့ ရာသီဥတုဒဏ္ကို ကာကြယ္ဖို႔လုပ္ထားတဲ့ ဘယ္ပစၥည္းကိုမဆို အိမ္ထဲ ယူေဆာင္လာျခင္းက အိမ္ကိုေစာင့္ေရွာက္ေနတဲ့အိမ္ေစာင့္နတ္ကို မရိုေသရာက်တယ္တဲ့။
အိမ္ေစာင့္နတ္ေတြက အိမ္ကို ေစာင့္ေရွာက္တာ မလံုေလာက္ဘူးဆိုတဲ့သေဘာမ်ိဳး သက္ေရာက္လို႔ပါ။ အဲဒီအခါ အိမ္ေစာင့္နတ္က စိတ္တိုၿပီး အိမ္ကိုမေစာင့္ေရွာက္ေတာ့ရင္ အိမ္ထဲကို ကံဆိုးျခင္းေတြ ဝင္လာႏိုင္ပါတယ္။
(၅) ေျခာက္ေသြ့ေသဆံုးေနေသာအပင္အိမ္မွာ ကံေကာင္းျခင္းေတြနဲ႔ လႈပ္ရွားသက္ဝင္ေနေစခ်င္တယ္ဆိုရင္ အိမ္ထဲမွာ ေသဆံုးေနတဲ့အပင္ေတြ၊ ေျခာက္ေသြ့ေနတဲ့အပင္ေတြကို ဒီတိုင္း ပစ္မထားပါနဲ႔။
ေသေနတဲ့ အရာေတြအိမ္ထဲထားတာက မေကာင္းတဲ့ စြမ္းအင္ေတြကို စုတ္ယူေနသလိုပါပဲ။ ဒါ့အျပင္ သစ္ကိုင္းေျခာက္၊ သစ္ရြက္ေျခာက္ေတြ အိမ္ထဲမွာ ျပန႔္က်ဲထားတာက အိမ္ကိုေနခ်င္စရာ မေကာင္းေစပါဘူး။
(၆) ဒိတ္ေအာက္ေနတဲ့ ျပကၡဒိန္ရပ္တန႔္ေနတဲ့နာရီနဲ႔ အလားတူစြာပဲ ႏွစ္ကုန္ၿပီး ဒိတ္ေအာက္သြားၿပီျဖစ္တဲ့ ျပကၡဒိန္ေတြကို ဆက္လက္ခ်ိတ္ဆြဲ ထားတာကလည္း ကံေကာင္းျခင္းေတြဝင္လာဖို႔ပိတ္ဆို႔ေစပါတယ္။
အခ်ိန္နဲ႔ ပတ္သက္တဲ့ ဘယ္ပစၥည္းကိုမဆို မွားယြင္းက်ိဳးပ်က္ေနတဲ့အတိုင္း အသံုးျပဳတာက အိမ္လာဘ္တိတ္ၿပီး အသက္ေတာင္ တိုႏိုင္တယ္လို႔ေရွးလူႀကီးေတြကဆိုၾကပါတယ္။ခရက္ဒစ္
အိမ်အတွင်းမှာလုံးဝမထားသင့်သောကံဆိုးစေနိုင်တဲ့အရာ(၆)မျိုးသင့်အိမ်မှာအကြောင်းအရာ ထွေထွေထူးထူးမရှိဘဲ ပြဿနာတွေ ဖြစ်တတ်လား။ကြိုးစားရုန်းကန်နေတဲ့ကြားကအိမ်ရဲ့စီးပွားရေးတွေကျဆင်းနေလား။အိမ်ထဲမှာမကောင်းတဲ့ ဝိညာဉ်တွေရဲ့ အငွေ့အသက်တွေရှိနေတယ်လို့ခံစားနေရလား“ဈေးသုံးလည်းမကြွယ်နဲ့၊ ရှေးထုံးလည်းမပယ်နဲ့ဆိုသလို
ရှေးအစဉ်အဆက်ကတည်းကယနေ့တိုင်အကျုံးဝင်နေသေးတဲ့ဓလေ့ထုံးစံတွေကို မေ့ပစ်လို့တော့မရပါဘူး။အခုပြောပြမှာကတော့အိမ်ထဲမှာ မထားသင့်တဲ့ကံဆိုးစေတဲ့အရာတွေပဲ ဖြစ်ပါတယ်။ဒီအရာတွေကြောင့်ချည်းပဲကံဆိုးနေတယ်လို့ မဆိုလိုပါဘူး။ဒီအရာတွေကြောင့်
ပိုကံဆိုးသွားနိုင်တယ်၊ကံကောင်းခြင်းတွေကိုပိတ်စေနိုင်တယ်လို့ပဲဆိုလိုပါတယ်သတိဟူသည်လိုသည်မရှိဘူးမဟုတ်လား။သင်ကံဆိုးနေတယ်လို့ခံစားနေရတဲ့အခါဒီအရာတွေကိုအိမ်ထဲမှာ၊အခန်းထဲမှာထားမိလားဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ်။
(၁) လှုပ်ကုလားထိုင်ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ “လေတိုက်နေလို့ပါ”ဆိုပြီးဘယ်လိုပဲ ဖြည့်တွေးပါစေ၊ စိတ်ထဲတော့ စနိုးစနှောင့် ဖြစ်တတ်ကြတာပဲလေ။ ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ လှုပ်ခုံတွေကို မသုံးကြတော့တာပေါ့။အိုင်းရစ်ရှ် သမိုင်းကြောင်းအရ ဘယ်သူမှမထိုင်တဲ့ လှုပ်ကုလားထိုင်ဟာ မကောင်းတဲ့ ဝိညာဉ်တွေ လာထိုင်ဖို့ ဖိတ်ခေါ်နေသလိုပါပဲတဲ့။
(၂) ပျက်စီးနေတဲ့နာရီ၊ ရပ်တန့်နေတဲ့နာရီပျက်စီးကျိုးပဲ့နေတဲ့ပစ္စည်းတွေအိမ်ထဲမှာမထားကောင်းဘူးဆိုတာတော့အားလုံး လက်ခံပြီးသား ဖြစ်မှာပါ။ဒါ့အပြင်ပျက်စီးရပ်တန့်နေတဲ့နာရီကမကောင်းတဲ့နိမိတ်တွေ ဖြစ်စေတယ်လို့လည်းအယူအဆရှိပါတယ်။
အချိန်ကို ညွှန်ပြတဲ့ အရာတွေဟာ အမြဲတမ်း အလုပ်လုပ်နေရပါမယ်။အဲလိုမဟုတ်ပဲရပ်တန့်နေမယ်ဆိုရင်အသုံးပြုတဲ့သူတွေရဲ့ ဘဝတိုးတက်မှုလည်း ပိတ်ဆို့ရပ်တန့်သွားတတ်ပါတယ်။
(၃) ကန္တာရစူးပင်Cactus ပင်လေးတွေကို အလှထားတတ်တဲ့သူတွေ အတွက်တော့ သတင်းဆိုးပါပဲ။ ရှေးလူကြီးတွေရဲ့ ယုံကြည်မှုအရ အစူးပါတဲ့ အပင်တွေဟာ မကောင်းတဲ့ နိမိတ်တွေကို ဆွဲဆောင်တယ်လို့ဆိုပါတယ်။
ကန္တာရ စူးပင်မှမဟုတ်ပါဘူး။ နှင်းဆီအပါအဝင် စူးပါတဲ့ ဘယ်အပင်မဆို အိမ်ထဲမှာ ထားရင် အိမ်ကိုရော၊ သင့်ရဲ့အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။
(၄) ဖွင့်ထားတဲ့ထီးရှေးလူကြီးတွေ ပြောတာတော့ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ ဘယ်ပစ္စည်းကိုမဆို အိမ်ထဲ ယူဆောင်လာခြင်းက အိမ်ကိုစောင့်ရှောက်နေတဲ့အိမ်စောင့်နတ်ကို မရိုသေရာကျတယ်တဲ့။
အိမ်စောင့်နတ်တွေက အိမ်ကို စောင့်ရှောက်တာ မလုံလောက်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်လို့ပါ။ အဲဒီအခါ အိမ်စောင့်နတ်က စိတ်တိုပြီး အိမ်ကိုမစောင့်ရှောက်တော့ရင် အိမ်ထဲကို ကံဆိုးခြင်းတွေ ဝင်လာနိုင်ပါတယ်။
(၅) ခြောက်သွေ့သေဆုံးနေသောအပင်အိမ်မှာ ကံကောင်းခြင်းတွေနဲ့ လှုပ်ရှားသက်ဝင်နေစေချင်တယ်ဆိုရင် အိမ်ထဲမှာ သေဆုံးနေတဲ့အပင်တွေ၊ ခြောက်သွေ့နေတဲ့အပင်တွေကို ဒီတိုင်း ပစ်မထားပါနဲ့။
သေနေတဲ့ အရာတွေအိမ်ထဲထားတာက မကောင်းတဲ့ စွမ်းအင်တွေကို စုတ်ယူနေသလိုပါပဲ။ ဒါ့အပြင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တွေ အိမ်ထဲမှာ ပြန့်ကျဲထားတာက အိမ်ကိုနေချင်စရာ မကောင်းစေပါဘူး။
(၆) ဒိတ်အောက်နေတဲ့ ပြက္ခဒိန်ရပ်တန့်နေတဲ့နာရီနဲ့ အလားတူစွာပဲ နှစ်ကုန်ပြီး ဒိတ်အောက်သွားပြီဖြစ်တဲ့ ပြက္ခဒိန်တွေကို ဆက်လက်ချိတ်ဆွဲ ထားတာကလည်း ကံကောင်းခြင်းတွေဝင်လာဖို့ပိတ်ဆို့စေပါတယ်။
အချိန်နဲ့ ပတ်သက်တဲ့ ဘယ်ပစ္စည်းကိုမဆို မှားယွင်းကျိုးပျက်နေတဲ့အတိုင်း အသုံးပြုတာက အိမ်လာဘ်တိတ်ပြီး အသက်တောင် တိုနိုင်တယ်လို့ရှေးလူကြီးတွေကဆိုကြပါတယ်။ခရက်ဒစ်