ကျွန်တော့်ကားပျက်သွားလို့ကားပြင်ြဖို့ဝပ်ရှော့ကိုပို့ထားလိုက်ရတယ်ဒါကြောင့်မြို့ပတ်ရထားစီးပြီးအလုပ်သွားဖို့အိမ်နဲ့သိပ်မဝေးတဲ့ဘူတာရုံကို လမ်းလျှောက်သွားလိုက်တယ်ဘူတာရောက်တော့ရထားလာဖို့စောင့်နေတုန်းဘူတာရုံပလက်ဖေါင်းေ

ပ်ါမှာခွက်လေးတစ်လုံးရှေ့ချပြီးငုတ်တုပ်လေးထိုင်နေတဲ့အသက်၅၀အရွယ်လူကြီးတစ်ယောက်ကိုသတိထားမိလိုက်ပါတယ်သူဟာအဝတ်အစားနွမ်းနွမ်းပါးပါးကိုဝတ်ထားတယ်သူ့မျက်နှာမှာထမင်းအလွန်ဆာနေပုံပေါ်နေတယ်ဒါပေမဲ့သူ့ရုပ်ရည်

ဟာသန့်ပြန့်လို့သူတောင်းစားတစ်ယောက်မဟုတ်လောက်ဘူးလို့ကျွန်တော်တွက်မိတယ်ကျွန်တော်လည်းသူ့ကိုသနားတာနဲ့ဘူတာရုံဘေးကထမင်းတစ်ထုတ်ဝယ်ပြီးသူ့ဆီသွားပေးလိုက်တယ်ဒီအချိန်မှာရထားဝင်လာလို့သူ့ကိုစကားမပြောနိုင်ဘဲ

လက်ထဲကထမင်းထုတ်ကိုပေးပြီးရထားပေါ်အမြန်တက်လိုက်တယ်ကျွန်တော်လှမ်းကြည့်လိုက်တော့သူဟာကျွန်တော့်ကိုအလွန်ကျေးဇူးတင်တဲ့မျက်နှာနဲ့လှမ်းကြည့်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်သူ့အကြောင်းကိုစဉ်းစားရင်းညကတော်ေ

တ်ာနဲ့အိပ်မရဘူးဒီလူဟာသူတောင်းစားမဟုတ်နိုင်ဘူးသူ့ရုပ်ရည်ကြည့်ရတာအရင်ကချမ်းသာခဲ့တဲ့လူတစ်ယောက်ဖြစ်နိုင်တယ်သူအခုဘာကြောင့်တောင်းစားနေရတာလဲဆိုတာကိုသိချင်နေတယ်နောက်နေ့မှာကျွန်တော်ဟာပုံမှန်အလုပ်သွားချိန်

ထက်စောပြီးအိမ်ကထွက်ခဲ့တယ်အရင်နေ့ကတွေ့ခဲ့တဲ့အဲဒီလူကြီးနဲ့စကားပြောချင်လို့ပါသူ့ကိုအရင်နေရာမှာပဲခွက်တစ်လုံးရှေ့ချပြီးထိုင်နေတာကိုတွေ့ရပြန်တယ်ကျွန်တော်အရင်ရက်ကလိုပဲထမင်းတစ်ထုတ်အမြန်ဝယ်ပြီးသူ့ဆီသွားလိုက်တယ်

သူ့ကိုထမင်းထုတ်ပေးရင်းကျွန်တော်သိချင်တာကိုမေးမြန်းကြည့်လိုက်တယ်ဦးလေးကိုကြည့်ရတာအရင်ကချမ်းသာခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့မယ်လို့ကျွန်တော်ထင်ပါတယ်အဲဒါမှန်ရဲ့လားခင်ဗျမှန်ပါတယ်ဟင်ဒါဆိုအခုဘာဖြစ်လို့ဆင်းရဲသွားရတာ

လဲဗျဦးလေးဟာရှိတဲ့ပစ္စည်းတွေကိုလောင်းကစားလုပ်ပြီးကုန်သွားလို့လားစီးပွားရေးလုပ်တာရှုံးသွားလို့လားသားသမီးတွေနှိပ်စက်လိုက်လို့လားမင်းပြောတာတွေတစ်ခုမှမဟုတ်ပါဘူးကွယ်ဒါဆိုဦးလေးဘာဖြစ်လို့ဒီဘဝရောက်နေခဲ့ရတာလဲဗျငါ

လူတွေကိုစိတ်ချမ်းသာစေချင်လို့ဒီဘဝရောက်လာရတာပါဗျာလူတွေကိုစိတ်ချမ်းသာစေချင်လို့ဒီဘဝရောက်လာရတယ်ဟုတ်လားကျွန်တော်နားမလည်လို့ရှင်းပြပေးပါလားလူကြီးကဆွေးမြေ့တဲ့လေသံနဲ့ခုလိုရှင်းပြပါတယ်ငါဟာအရင်ကအတော်ေ

လးချမ်းသာခဲ့တယ်အိမ်ထောင်မရှိလူပျိုကြီးတစ်ယောက်ပါငါ့မှာကောင်းတဲ့အကျင့်လို့ပြောရမလားမကောင်းတဲ့အကျင့်လို့ပြောရမလားမသိဘူးငါဟာငွေကြေးအခက်အခဲဖြစ်နေတဲ့လူတွေငါ့ဆီလာပြီးအကူအညီတောင်းရင်ငါဘယ်တော့မှမငြင်းဘူး

သူတို့လိုသလောက်ပိုက်ဆံတွေပေးပြီးကူညီတယ်ငါဟာအမြဲကူညီတတ်တယ်ဆိုတာကြားတော့အကူအညီတောင်းသူတွေလည်းအတော်များလာတယ်ငါ့ပိုက်ဆံပေးလိုက်လို့သူတို့ပျော်သွားတာကိုမြင်ရင်ငါလည်းစိတ်ချမ်းသာတယ်ဒါပေမဲ့ငါ့ပိုက်

ဆံတွေကလည်းအပေးပဲရှိပြီးအရမရှိတော့နောက်ဆုံးကုန်သွားတာပေါ့ကွာငါလည်းပိုက်ဆံမရှိတော့ရှိတဲ့ပစ္စည်းတွေနဲ့အိမ်ကိုရောင်းပြီးစားသောက်ရတယ်နောက်ဆုံးစားစရာမရှိတော့ခုလိုလမ်းဘေးရောက်လာတာပေါ့ကွာဦးလေးခုလိုဖြစ်တဲ့အတွ

က်နောင်တမရဘူးလားမရပါဘူးဒါပေမဲ့စိတ်မကောင်းဖြစ်မိတာတစ်ခုရှိတယ်ဘာကိုစိတ်မကောင်းဖြစ်တာလဲဦးလေးအေးကွာငါလူတွေကိုသနားလို့ငါ့ကိုယ်မှာဝတ်ထားတဲ့အင်္ကျီကိုချွတ်ပြီးပေးလိုက်တယ်ငါလိုအပ်နေတဲ့အချိန်မှာအင်္ကျီလက်လေး

တစ်ဖက်ကိုတောင်မပေးကြဘူးကွာငါ့အတွေ့အကြုံကနေမင်းကိုအကြံတစ်ခုပေးမယ်ကွာမင်းအိမ်တစ်လုံးဆောက်ပြီးနေစရာမရှိသူတွေကိုလာနေခိုင်းလိုက်ပါဒါပေမဲ့မင်းအိမ်ဆောက်နေတုန်းမှာအုတ်ခဲတွေလာတောင်းရင်မပေးလိုက်ပါနဲ့ဘြာေ

ကာင့်လဲဆိုတော့မင်းမှာအုတ်ခဲမရှိတော့လို့အိမ်မဆောက်နိုင်ရင်မင်းမှာနေစရာမရြှိဖစ်သွားမယ်ကျွန်တော်လည်းရထားဝင်လာလို့ရထားပေါ်အမြန်ပြေးတက်လိုက်တယ်လူကြီးရဲ့စကားကိုနားထဲမှာကြားယောင်ရင်းခုလိုစဉ်းစားနေမိတယ်ဟုတ်ပါတ

ယ်အကူအညီလိုအပ်နေသူတွေကိုကူညီတယ်ဆိုတာအလွန်မွန်မြတ်တဲ့အလုပ်ပါဒါပေမဲ့ကူညီရင်းကူညီရင်းနဲ့မိမိကိုယ်တိုင်မွဲသွားရင်လည်းမဟုတ်သေးပါဘူးဒါကြောင့်ကူညီရင်းနဲ့မမွဲအောင်မိမိကိုယ်ကိုပြည့်စုံတဲ့ကြီးပွားချမ်းသာသူတစ်ယောက်အ

ရင်ဖြစ်အောင်လုပ်သင့်တယ်အခုဘီလ်ဂိတ်မာ့ခ်ဇူကာဘတ်တို့လို့ကမ္ဘာမှာအချမ်းသာဆုံးဘီလျံနာသူဌေးကြီးတွေဖြစ်လာပြီးဒေါ်လာဘီလျံနာပေါင်းများစွာကိုလှူတန်းပေးနေသလိုပေါ့

ဒီလိုမှမဟုတ်ဘဲဝေသန္တရာမင်းကြီးလိုဆင်ဖြူတော်ပါမချန်စည်းစိမ်ပြုတ်လှူတန်းနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာခရစ်တစ်ဗန်မော်သိန်းဖေ

LEAVE A REPLY

Please enter your comment!
Please enter your name here