အိမ်ထောင်ကျလက်ထပ်ပြီးသွားတဲ့အခါအိမ်ခွဲနေလိုက်ပါလင်မယားညားပြီးရင်မယားကလင်ယောက်ျားရဲ့ အိမ်ကိုလိုက်သွားကြရတာများပါတယ်ဟုတ်ပြီလင်ရဲ့အိမ်ကိုရောက်ပြီရောက်ကာစယောက်ခမနဲ့ချွေးမသိပ်အဆင်ပြေကြတာ

သမီးလေးသမီးလေးနဲ့ဟုတ်ကြတယ်မလား။အဲ့လိုညားကာစမှာယောက်ခမနဲ့ချွေးမက သားအမိအရင်းလိုပဲအဲ့အချိန်မှာလင်ကသူ့မိန်းမအတွက်စားစရာဝယ်လာတယ်ဝတ်စရာဝယ်လာတယ်စသဖြင့် ချွေးမအတွက်သူ့လင်ကဘာပဲဝယ်လာ

ဝယ်လာလင်ရဲ့မိဘတွေကကြည့်စမ်းလင်မယားတွေချစ်လိုက်ကြတာ တို့သားကလည်းသူ့မိန်းမကိုချစ်လိုက်တာအရမ်းစသဖြင့်ညားကာစမှာလင်ကသူ့မယားကိုချစ်တာကိုကြည့်ပြီးမိဘတွေပီတိဖြစ်ကြတာထုံးစံပါအဲသို့သော်သို့သော်

နှစ်တွေကြာလာတဲ့အခါလည်ကျရောလင်ကသူ့မယားအတွက်ဘာပဲဝယ်လာဝယ်လာကြည့်ငါတို့အတွက်ကျမပါတော့ဘူးငါတိုမွေးလို့လူဖြစ်လာတဲ့ကောင်ကဟင်းးအဲ့မှာစသေပြီတအိမ်တည်းနေခြင်းရဲ့ရလဒ်ကို3နှစ်4 နှစ်လောက်ကစပြီး

ခံစားရပြီအဲ့လင်နှစ်ဖက်စလုံးကို ရအောင်ထိန်းပေတော့မထိန်းနိုင်ရင်တော့ပွဲကြမ်းလာနိုင်တယ်မိန်းမအတွက်ဘာပဲဝယ်လာဝယ်လာမိဘက လိုက်ကြည့်ပြီးမကျေမနပ်ဖြစ်ပြီဟောမိဘအတွက်ဘာပဲဝယ်လာဝယ်လာမယားကလိုက်ကြည့်ပြီး

တင်းပြီနှစ်ဖက်စလုံးအတွက်အတူတူဝယ်လာရင်လဲဥပမာအမေ့အတွက်ရယ်မိန်းမအတွက်ရယ်လဖက်ရည်နှစ်ခွက်ဝယ် လာတယ်ဆိုပါစို့အမေကိုအရင်သွားပေးရင်အမေကနောက်လက်တဖက်ကလဖက်ရည်ထုတ်ကိုကြည့်ပြီးတွေးပြီကြည့်

သူ့မိန်းမကိုကျရှယ်ဝယ်လာတယ်ငါ့ကိုကျရိုးရိုးဝယ်လာတယ်အဲအဲ့လိုသားကပြောမယ်ဒီမှာအမေ့အတွက်လဖက်ရည်ရှယ်ဝယ်လာတယ်ဆိုရင်လည်းအမေကနောက်တထုတ်ကိုလှမ်းကြည့်ပြီးတွေးပြန်ပြီကြည့်

သူ့မိန်းမအတွက်ကျလက်ဖက်ရည်ထုတ်ကအများကြီးငါ့ကျနည်းနည်းလေးလိုပဲ။အဲအဲ့လိုအမှန်တကယ်က အတူတူပဲဝယ်လာတာဟောမပြီးသေးဘူးအမေကိုပေးပြီးမယားကိုသွားပေးတော့လည်းမယာကတွေးပြန်တယ်ကြည့်သူ့အမေအတွက်

ကျမုန့်ပါပါတယ်ထင်တယ်ငါ့ကျတော့လဖက်ရည်ပဲဝယ်လာတယ်အဲအဲ့လိုသဘောကသင့်အမေရောသင့်မိန်းမပါသူတို2 ယောက်စလုံးကသင်ဂရုစိုက်တာအသိအမှတ်ပြုတာကိုအခြားသူထက်ပိုလိုချင်ကြတာအချစ်ပေါ့ဗျာတယောက်ကလည်း

သားအချစ်တယောက်ကလည်းလင်အချစ်အဲ့မှာအဲ့ဒီလူတဖက်ဖက်ကိုဦးစားပေးလိုက်ရင်လည်းကေယာမသ်နေ့မှာရှင်းရအုန်းမယ်ဥပမာအမေကျေနပ်အောင်ပဲအမေ့အတွက်ချည်းပဲဝယ်ပေးပြီးမိန်းမကိုဂရုမစိုက်ရင်လည်းမဖြစ်ပြန်ဘူးလေ

သူများသားသမီးယူပြီးရင်စိတ်ချမ်းသာအောင်ထားဖို့လည်းလိုသေးတယ်လေဟောမိန်းမစိတ်ချမ်းသာအောင်ပဲထားပြီးမိဘကိုလှည့်မကြည့်လို့လဲမရပြန်ဘူးလေအဲ့တော့တအိမ်ထဲမှာပဲနေနေရင်မိဘနဲ့မယားကြားထဲမှာဗျာများပြီးကြာလေ

တိုင်ပတ်လေ ဖြစ်သွားရော။သို့သော်သို့သော်အိမ်သီးသန့်နဲ့ နေလိုက်ရင်မိဘကိုဘာပဲဝယ်ပေးပေးသင့်မိန်းမမသိဘူးလေ။အဲ့လိုပဲသင့်မိန်းမကိုဘာပဲဝယ်ပေးပေးဘယ်လောက်ပဲဂရုစိုက်စိုက်သင့်မိဘမသိဘူးလေဥပမာသင့်အမေဆီကို

လဖက်ရည်ပါဆယ်ဝယ်သွားမယ်ပြီးရင်ပြောလိုက်အမေ့အတွက်စပါယ်ရှယ်ဝယ်လာတာလို့အကယ်၍အမေက သားမိန်းမအတွက်ရောဝယ်သွားအုန်းမှာလားလို့မေးလာရင်ခပ်ပြတ်ပြတ်လိမ်ပေတော့အဲ့ဒီမှာလိမ်တာချွင်းချက်မရှိပိုင်တယ်

ဘယ်လိုလိမ်ရမလဲဆိုတော့ဟာအမေကလည်းသူ့အတွက်ဘာလို့ဝယ်ရမှာလဲအမေက အသက်ကြီးပြီလေအမေ့ကိုပဲဦးစားပေးရမှာပေါ့သူ့ကိုတော့နောက်ကြုံမှဝယ်ပေးလိုက်မယ်အဲ့လိုပြောလိုက်ရင် သင့်အမေကငါ့သားငါ့ကိုဂရုစိုက်ပါလား

ဆိုပြီးခွတ်ရှီပဲဟုတ်တယ်မလားအဲဟုတ်ပြီအမေ့ဆီကနေမိန်းမအိမ်ကိုပြန်ပြီပြန်တော့အခုနလိုပဲလဖက်ရည်ဝယ်သွားလိုက်မိန်းမဆီရောက်ရင်ရော့ဒီမှာကိုယ့်အသည်းလေးအတွက် စပါယ်ရှယ်ဝယ်လာတာအဲ့အချိန်

သင့်မိန်းမကကိုယ့်အမေကိုရောဝယ်ပေးလိုက်သေးလားလို့မေးလာရင်ခပ်ပြတ်ပြတ်လိမ်ပေတော့ဘယ်လိုမျိုလိမ်ရမလဲဆိုတော့ဟာမိန်းမကလည်းနောက်ကျနေပြီလေအခုချိန်မှဝယ်ပြီး အမေ့ဆီတခေါက်ဝင်နေရင်ဖယ်ရီဘယ်မှီတော့မလဲ

ဒါ့ကြောင့်အသည်းအတွက်ပဲဝယ်လာလိုက်တာအမေ့ကို နောက်မှဝယ်ပေးတော့မယ်အဲ့လိုလိမ်တာလည်းချွင်းချက်မရှိပိုင်တယ်။အဲ့လို ပြောလိုက်တော့မိန်းမကလည်း ငါယောကျာ်းငါ့ကိုဂရုစိုက်ပါလားဆိုပြီးခွတ်ရှီပဲဟုတ်တယ်မလား။

အဲအဲ့ဒါမျိုးကအိမ်သီးသန့်နဲ့နေမှရမယ့်ကိစ္စမျိုးပါတအိမ်တည်းမှာနေကြရင်တော့အဲ့လိုလိမ်ဂွင်လည်းလုပ်လို့လည်းမရသလိုအဲ့လိုမျိုးမိဘရောမိန်းမပါ သင့်ကိုအချစ်တိုးအောင်လုပ်ဖို့လည်းမလွယ်ပါတခုတော့သတိပေးပါရစေ

လင်မယားသီးသန့်နေပြီးရင်လင်က မိမိရဲ့မိဘအိမ်ကိုအနည်းဆုံးတနေ့2 ကြိမ်3ကြိမ်လောက်တော့သွားဖြစ်အောင်သွားဖို့အလွန်အင်မတန် အရေးကြီးပါတယ်ဘာလို့လဲဆိုတော့သားယောက်ျားလေးကမိမိမိဘကိုတသက်လုံးဖေးမမှု

လုပ်ရမှာမို့လို့ပါ ။အိမ်ထောင်ကျပြီးသွားရင်လည်းမိဘကိုဆက်လက်ပြီးဂရုတစိုက်လုပ်နေရမှာပါဒါ့ကြောင့်အနည်းဆုံးတနေ့ 2 ကြိမ်3ကြိမ်လောက်မိဘအိမ်ကိုသွားပြီးမိဘရဲ့လိုအပ်ချက်ဝတ်ကြီးဝတ်ငယ်ကိုဖြည့်ဆည်းပေးရမှာပါ။

ဒါက လင်ယောကျာ်းလုပ်ရမယ့်အရေးကြီးတာဝန်တခုကိုကြားဖြတ်တင်ပြပေးတာပါနောက်တခု အိမ်သီးသန့်နဲ့ နေရင် သင်အိမ်ကိုပြန်ရောက်တော့ မိန်းမကို တွေ့တာနဲ့ တန်းပြီး အာပွား ပေးလည်းအကြောင်း မဟုတ်ဘူးလေ ။

လင်မယား နှစ်ယောက်တည်း ဆိုတော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေလို့ ရတယ်လေအဲ့လို လင်မယားနှစ်ယောက် စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေတာ အရမ်းကောင်း တယ်နော် အချစ်တိုးဖို့ အကြောင်းခံ အများကြီး

ဖြစ်နိုင်တယ်ဟော အိမ်တလုံးတည်းမှာ အကုန်စုနေတော့ ကိုယ်က အိမ်ပြန်လာလို့ ကိုယ့်မိန်းမကို အာပွားပေးချင်လည်း လူတွေနဲ့ ဆိုတော့ မဖြစ်ပြန်စသဖြင့် စသဖြင့် ပြောရရင်တော့ post တအားရှည် သွားလိမ့်မယ် အခုတောင်

မနည်းရှည်နေပြီ ။ကဲ အခုနောက်ဆုံး အရေးအကြီးဆုံး အရာကို ပြောပါတော့မယ် လင်နဲ့မယား လျာနဲ့သွား ဆိုတာကြားဖူးကြမှာပါလင်မယား 2 ယောက် အိမ်သီးသန့်နဲ့ နေတဲ့အခါ တယောက်နဲ့ တယောက် စကားများ ရန်ဖြစ်ကြတဲ့အခါ

မခေါ်မပြောပဲ ဘယ်လောက်ပဲနေနေ 1 ရက် 2 ရက် နောက်ဆုံး 3 ရက်ထက်မပိုပါဘူးတယောက်ယောက်က အကြောင်းမရှိ အကြောင်းရှာပြီး စကားပြောရင်းနဲ့ ပြန်ပြီး ပြေလည်သွားကြတာ များပါတယ်အဲတအိမ်ထဲမှာစုနေတဲ့အခါ

လင်နဲ့မယား စကားများတဲ့အခါ မှာ 1 ကျပ်သားပြဿနာ က 1ပိဿာ ပြဿနာ ဖြစ်ဖြစ်သွားတတ်တယ်ဘာလို့လဲဆိုတော့ လင်မယား စကားများပြီဆိုရင် ယောက်ခမက သူ့သားကို ပြောမယ် ငါ မပြောချင်လို့ ကြည့်နေတာ

နင့်မယား လူပါးဝတာများနေပြီယောင်းမတွေ ရှိရင် ယောင်းမတွေကလည်း ပြောမယ် အကိုကြီးမိန်းမကလေ မပြောချင်ဘူး အကိုကြီးမို့လို့ သည်းခံနေတာ မိန်းမ မရှားပါဘူး အကိုကြီးရယ်အဲအဲ့လိုမျိုး ညှောင့်ပေးလိုက်တဲ့အခါ

လင်ဖြစ်သူက သွေးနထင်ရောက်သွားပြီး တော်ရုံ တန်ရုံ နဲ့ ပြီးရမယ့်လင်မယား ပြဿနာအသေးအမွှားကနေဘယ်လောက်ကြီးသွားလဲဆိုတာ နောက်ဆုံး ကွဲကြပြဲကြတဲ့အထိ ပါပဲအဲ့ဒါက အဆိုးဆုံးပါပဲမယုံရင် လိုက်လေ့လာကြည့်ပါ

ကွဲသွားကြတဲ့လင်မယားအများစု တွေမှာ ဘေးလူတွေရဲ့ ပယောဂအများကြီး ပါပါတယ်သို့သော်အိမ်တိုင်းအိမ်တိုင်းကလူတိုင်း လူတိုင်းကိုတော့ မဆိုလိုပါတချို့တွေ ကောင်းကြပါတယ်လင်မယားစကားများရင် ပြေလည်သွားအောင်

ကြားဝင်ဖြန်ဖြေပေးတဲ့ မိဘ တွေ ယောင်းမ တွေ လည်း ရှိကြပါတယ်အကောင်းဆုံးကတော့ ကိုယ့်လင်မယား ပြဿနာ ကိုယ့်ဟာကိုယ် ဖြေရှင်းကြတာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါ ကြားလူ ပါမလာရင် အချိန်တန်

ပြေလည်သွားကြတာချည်းပါပဲအခုလောက်ဆို အိမ်သီးသန့်နေခြင်းရဲ့ အကျိုးရလဒ်ကို ခန့်မှန်းကြည့်လို့ရပါပြီအခုလို လင်မယား အိမ်သီးသန့်နဲ့နေဖို့ တင်ပြပေးတာ အားလုံးစုနေတဲ့မိသားစု တကွဲတပြား ဖြစ်စေချင်လို့ တင်ပြခြင်း

လုံးဝ လုံးဝ မဟုတ်ရပါလင်မယား နှစ်ယောက် စိတ်ချမ်းသာစွာနဲ့ ဘဝကို အဓွန့်ရှည်စွာ ဖြတ်သန်း နိုင်ဖို့ ရည်ရွယ်ပြီး တင်ပြပေးတာပါဒါ့ကြောင့် သာသနာကလည်း လင်မယား ညားပြီဆိုရင် မိဘအိမ်မှာ နေတာထက် လင်မယားနှစ်ယောက်

သီးသန့်နေဖို့ကိုပိုမိုတိုက်တွန်းထားတာပါမယုံရင်တတ်သိနားလည်တဲ့အာလင်မ်ပညာရှင်တွေကိုမေးမြန်းကြည့်ပါဒီPOST ကဘယ်သူ့ဘယ်သူ့ကိုမှမရည်ရွယ်ပါတိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါအားလုံးပဲသာယာချမ်းမြေ့တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေCreditto original writer

LEAVE A REPLY

Please enter your comment!
Please enter your name here