သားနဲ့သမီးတို့။အေးဒီတော့အိမ်ထောင်ပြုခြင်းကိုအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်သူနဲကိုယ်နဲဘဝနှစ်ခုပေါင်းစပ်ပြီးဘဝဆိုတဲ့အိမ်တစ်လုံးကိုခိုင်မြဲအောင်တည်ဆောက်ပြီး မကောင်းသောအတွေးမကောင်းသောအကြံ မကောင်းသောအလုပ်များရှိခဲ့ရင်ယနေ့မှစ၍ ပြုပြင်ပြောင်းလည်းပြီး လောကမှာတန်ဖိုးရှိတဲ့အိမ်ထောင်ရှင်ယောကျာ်းတန်ဖိုးရှိတဲ့အိမ်ထောင်ရှင်မိန်းမဖြစ်အောင်ကြိုးစားမယ်လို့ယူစရမယ်။
ထိုအတူပါပဲအိမ်ထောင်တစ်ခုမှာလင်နှင့်မယားဟာစာရိတ္တတည်းဟူသောခေါင်းမိုးကြီး ပွင့်ပြီဆိုရင်ဒီအိမ်ထောင်ရေးဟာဘဝမှာရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတဖြေးဖြေးဆွေးမြေ့ ပြိုကျပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်သားနဲ့သမီးတို့ရဲ့အိမ်ထောင်ရေးလေးသာယာဖို့ ငြိမ်းချမ်းဖို့အောင်မြင်ဖိုဆိုရင် စာရိတ္တခေါင်မိုးကိုဘဝထပ်ဆုံး လွှမ်းခြုံကာမိုးနိုင်ကြပါစေလို့အဖေဆန္ဒပြုလိုက်ပါတယ်။
အိမ်ထောင်ရေးတစ်ခုမှာလင်နှင့်မယားထားရှိရမည့်စိတ်နေစိတ်ထားများမေတ္တာစကားလက်ဆောင်ကျွန်တော်တို့အိမ်ထောင်ကြပြီးမကြာခင်ဇနီးမောင်နှံ့နှစ်ဦးသည်မိဘနှစ်ပါးအားနှစ်စဉ်နှစ်တိုင်းသွားရောက်၍ကန်တော့ဖြစ်လေသည်ဒီလိုကန်တော့အပြီးမှာဖခင်ဖြစ်သူကအိမ်ထောင်ရေးနဲ့ပတ်သတ်ပြီးခုလိုဆုံးမစကားပြောပါတယ်သားနဲ့သမီးတို့အဖေပြောမဲ့စကားလေ းတွေကိုအမြဲနှလုံးသွင်းထားပါနော်။ဒီနေ့ကစပြီး သားတို့ သမီးတို့ဟာအိမ်ထောင်ရှင်တွေဖြစ်သွားကြပြီ။
ဒီတော့အရင်လိုလူပျို၊အပျိုတွေလိုနေလို့မရတော့ဘူးအိမ်ထောင်ပြုခြင်းဆိုတဲ့စကား၃လုံးဟာသူ့မှာအဓိပ္ပါယ်တွေရှိပါတယ်။အိမ်ဆိုတာလူသားတွေအားလုံးအတွက်နေထိုင်ခြင်း။ရပ်တည်ခြင်း။လို့အဓိပ္ပါယ်ဆောင်တယ်ထောင်ဆိုတာထူထောင်ခြင်း။ ခိုင်ခန့်ခြင်း။တည့်မက်ခြင်း မြဲမြန်ခြင်းလို့အဓိပ္ပါယ်ဆောင်တယ် ပြု ဆိုတာပြုပြင်ခြင်းပြောင်းလဲခြင်းအသစ်ရေးဆွဲခြင်းလို့အဓိပ္ပါယ်ဆောင်ပါတယ်တဲ့။
သားနဲ့သမီးတို့။အေးဒီတော့အိမ်ထောင်ပြုခြင်းကိုအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်သူနဲကိုယ်နဲဘဝနှစ်ခုပေါင်းစပ်ပြီးဘဝဆိုတဲ့အိမ်တစ်လုံးကိုခိုင်မြဲအောင်တည်ဆောက်ပြီးမကောင်းသောအတွေးမကောင်းသောအလုပ်များရှိခဲ့ရင်ယနေ့မှစ၍ ပြုပြင်ပြောင်းလည်းပြီး လောကမှာတန်ဖိုးရှိတဲ့အိမ်ထောင်ရှင်ယောကျာ်းတန်ဖိုးရှိတဲ့အိမ် ထောင်ရှင်မိန်းမဖြစ်အောင်ကြိုးစားမယ်လို့ယူစရမယ်။
အေးဒီတော့သားကိုအရင်ပြောရမယ်။ဒီမယ်သားအိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်ဟာရာထူးအာဏာပါဝါရပြီး အမြင့်တနေရာကိုရောက်တိုင်းအမြင်ကျယ်ပြီလို့ မထင်ပါနဲ့။နောက်ယောကျာ်းဆိုတာငွေရှာပေးနိူင်ပြီးကုတင်ပေါ်ကကိစ္စလောက် ခံစားရရင်တော်ပြီဆိုတဲ့အတွေးနဲ့ မပြီးပါဘူး။လောကမှာအိမ်ထောင်ရေးတစ်ခုသာယာဖို့ဆိုရင်လင်နှင့်မယား အပေးအယူမျှဖို့ရယ်။
နှစ်ဦးသားဟာပညာနားပညာမျက်စိနဲ့ပညာဦးနှောက်ဖြင့်ရှေ့ကိုကြိုုကြည့်ကြိုတွေးနိူင်ပြီးအကောင်းအဆိုးခွဲခြားနိူင်ဖိုအရမ်းအရေးကြီးပါတယ်အိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်ဟာရေနဲ့တူပြီးမိန်းမဖြစ်သူဟာကန်ဘောင်နဲ့တူတယ်ယောကျာ်း ရှာဖွေလိုသရမျှ ငွေကိုမျှမျှတတစည်းကမ်းရှိစွာသုံးဆွဲတတ်ရမယ်။အသုံးနဲ့အဖြုန်းနားလည်ရမယ်။လိုသည်ထက်ပို၍ မစားနဲ့မဝတ်နဲ့။မသွားနဲ့။ ဒါမှအကြွေးကင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိူင်မယ်သားနဲ့သမီး။
လောကမှာအလွန်တော်တဲ့မိန်းမများဟာလှေကားနဲ့တူပြီးအလွန်ချော်တဲ့မိန်းမများကြတော့ယောကျာ်းတစ်ယောက်အတွက်အမှိုက်နဲ့တူတယ်။မီးနဲ့တူတယ်။သူ့ကြောင့်ပူလောင်ရတယ်ညကို မီးထွန်းပြီး ငွေရှာတာတောင်မလောက်တဲ့ဘဝဖြစ်တတ်တယ်။ဒါတွေကိုသတိထားပါသားနဲ့သမီး။နောက်အိမ်ထောင်သက်တမ်းကြာလာရင်လူတွေဟာရရောထားတဲဝိုင်တစ်ခွက်လိုဖြစ်သွားတတ်တယ်။
ဝိုင်ဆိုတာပကတိအရသာကအချိုအရသာပါမေကမောင်လောက်မချစ်ပါဘူးမောင်ကမေ့လောက်မချစ်ပါဘူးနဲတစ်ဦးနဲတစ်ဦးအချစ်ပြိုင်ရင်းပြိုင်ရင်းနဲ့ နောက်တော့တဖြေးဖြေးအချစ်တွေပေါ့ပြီ ရေရောထားတဲ့ဝိုင်တစ်ခွက်လိုဖြစ်သွားတတ်တယ်နော်။ဒါကြောင့်သတိထားပါ။အချစ်တွေမပြိုင်မိပါစေနဲ့။နောက်အသက်၄၅နှစ်နောက်ပိုင်းရောက်ရင်တချို့အိမ်ထောင်သည်တွေဟာစိတ်တွေပြောင်းလည်းပြီးအိမ်ထောင်ရေး ပြဿနာကြီးငယ်ဖြစ်ပွှားစေတတ်တယ်နော်။
ဒါကိုလည်းသတိပေးပါရစေသားနဲ့သမီးလာကမှာအိမ်ထောင်တစ်ခုတည်ဆောက်ရတာဘုရားတစ်ဆူတည် ဆောက်ရသလိုပါပဲ။ဘာလိုလဲဆိုတော့ဘုရားဆိုတာဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေပါစေဘုရားမှာဆွဲလည်းမရှိရင်။ ဆွဲလည်းမပါရင်မသာယာနိူင်ဘူးတဲဘုရားကိုတောတောင်ထဲမှာပဲတည်တည်။မြို့ထဲ ရွာထဲမှာပဲတည်တည်။ဒီ ဆွဲလည်းသံတချွန်ချွန်ကြားရသော ဘုရားစေတီတို့မှာ လွန်စွာမှ သာယာလှတယ်။
ထိုအတူပါပဲ အိမ်ထောင်ရေးမှာလည်းတောမှာပဲပြုပြု | မြို့မှာပဲပြုပြု ဆွဲလည်း တည်းဟူသော သားသမီး ရတနာဆိုတာ မရှိလို့ မဖြစ်ပါဘူး။ဒီသားသမီးကို အကြောင်းပြုပြီးအိမ်ထောင်ရေးရဲ့ တန်ဖိုးနဲ့ လူ့ဘဝကိုနားလည်ပြီး လေးနက်တဲ့ အတွေးအမြင်များနဲ့ ဘဝဟာ အဓိပ္ပါယ်တွေများစွာရှိပြီးအိမ်ထောင်ရေးဟာ ပျော်ရွှင်ခြင်း|သာယာခြင်း| ကြည်နူးခြင်းတွေနဲ့ ဘဝဟာလေးနက်လာလိမ့်မယ်နော်။ဒါလေးတွေကိုလည်း သားနဲ့ သမီး မမေ့ပါနဲ့နော်။
နောက်ဆုံးအနေနဲ့အဖေအထူးမှာချင်တာကတော့သားနဲသမီးတို့ဟာဘယ်လိုအိမ်ထောင်ရေးဘဝမျိုးကိုရောက်နေပါစေ။ခေါင်အမိုးမလုံတဲ့အိမ်တစ်လုံးလိုမဖြစ်ပါစေနဲ့အမိုးမလုံတဲ့အိမ်ဟာဘယ်လောက်တန်ဖိုးကြီးမားတဲ့ပစ္စည်းဥစ္စာတွေမည်မျှပင် ရှိစေကာမူကြာလာရင် ဒီမိုးရေတွေကြောင့် ပျက်စီးဆုံးရှုံးပြီးတန်ဖိုးမဲ့သွားတတ်တယ်။
ထိုအတူပါပဲအိမ်ထောင်တစ်ခုမှာလင်နှင့်မယားဟာစာရိတ္တတည်းဟူသောခေါင်းမိုးကြီးပွင့်ပြီဆိုရင်ဒီအိမ်ထောင် ရေးဟာဘဝမှာရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတဖြေးဖြေးဆွေးမြေ့ ပြိုကျပျက်စီးသွားနိူင်ပါတယ်ဒါကြောင့်သားနဲ့သမီးတို့ရဲ့အိမ် ထောင်ရေးလေးသာယာဖို့ ငြိမ်းချမ်းဖို့အောင်မြင်ဖိုဆိုရင် စာရိတ္တခေါင်မိုးကိုဘဝထပ်ဆုံး လွှမ်းခြုံကာမိုးနိူင်ကြပါစေလို့အဖေဆန္ဒပြုလိုက်ပါတယ်။
စိတ်ချပါအဖေသားတို့သမီးတို့အားလုံးသာယာငြိမ်းချမ်းပျော်ရွှင်သောအိမ်ထောင်ရေးမျိုးတည်ဆောက်ပါမယ်လို့ကတိပေးပါတယ်။လောကထဲရှိ အိမ်ထောင်ရှင်များအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ခရက်ဒစ်Z.Cရွှကုန်းရွာ
LEAVE A REPLY
Please enter your comment!
Please enter your name here