အိမ်ခြံအရောင်းအ၀ယ်ကိစ္စများအတွက်အဘမင်းသိင်္ခ၏ပေါင်မုန့်ကိုရေစိမ်၍ ခွေးကျွေးရသောယတြာကျွန်ုပ်တို့လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင်ဆုံဖြစ်လေ၏။ ပေတလူသည်ကျွန်ုပ်တို့အားနံပြားထောပတ်သုတ်၊လက်ဖက်ရည်များဖြင့်ဧည့်ခံကျွေးမွေးထားပြီး ၄င်းကမူနံနက်စာကျွေးရန်အတွက် ဈေးသို့သွားရလေ၏
။ဈေးမှ ပြန်ရောက်သောအခါငရုတ်သီးခွဲကြမ်း၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ချင်း၊ငံပြာရည်တို့ဖြင့်ငံပြာရည်ချက်ပြုလုပ်ပြီးနောက် ထို ငံပြာရည်ချက်ထဲတွင် ဘဲဥများဖောက်၍ထည့်လိုက် သောအခါဘဲဥငါးပိချက်ဟင်းရလေတော့၏။ထို့ပြင်ဝက်သားဆီပြန်ဟင်းတစ်ခွက်ချက်ရပြန်၏။အရည် သောက်အဖြစ်ဘူးညွန့်ကိုဟင်းချိုချက်၏။
အလုံးစုံကျက်သောအခါဦးဇင်းညာကလိကိုဆွမ်းကပ်၏ဦးဇင်းညာကလိဆွမ်းဘုဉ်းပေးပြီးသောအခါကျွန်ုပ်တို့ကို ကျွေးလေ၏။ကျွန်ုပ်တို့လူစုသည် လည်း ပေတလူချက်သောဟင်းများကိုမြိန်ရှက်စွာစားသောက်ကြလေ၏။ဒေါ်သာဥာဏ်ကြီးကမူဘူးညွန့်ဟင်းချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေလေ၏။
ကိုပီတာကြီးကမူဘဲဥငါးပိချက်တို့စရာများ တွဲဖက်ကာ မြိန်ရှက်စွာစားသောက်နေ၏။ထိုအချိန်၌ ဒေါ်သာညဏ်ကဒီကလူစုနဲ့တွေ့ရတာတစ်ခုတော့ ကောင်းတယ်အရေးအကြောင်းဆိုယတြာ တောင်းလို့ရတယ်။ ဟောဒီ ပေတလူလေးကလည်းယတြာအကုန်တတ်တယ်။သူ့အဘဆိုတာကလည်း ယတြာအကုန်တတ်တယ်။
ဓာတ်ရိုက်ဓာတ်ဆင်လည်းလုပ်တတ်တယ်။ နေရာကိုကျနေတာပဲ။ဒါပေမဲ့ဒီမှာ ပေးနေတာကတော့အများစုက ပေတလူယတြာ တွေပဲရှိတယ်။အဘဆိုတဲ့ပုဂ္ဂိုလ်ကြီးက ပေးတယ်ရယ်လို့မရှိပါဘူး”ဟုပြောလေ၏။ထိုအခါကျွန်ုပ်က“ပေတလူပေးတဲ့ယတြာတွေချည်း ဖြစ်နေတာပဲလေ။ကျုပ်မလိုပါဘူးဗျာ။သူပေးလို့မဖြစ်ဘူးမဟုတ်ဘူးဆိုရင်တော့ကျုပ်ဝင်ရမှာပေါ့ဗျာ
”ဟုကျွန်ုပ်က ပြောလိုက်ရလေတော့၏။ထိုအခါ ဒေါ်သာဥာဏ်ကအဘပေးတဲ့ယတြာတွေဟာတစ်ခါတလေ ဗေဒင်ဆန်တယ်။ တစ်ခါတလေတော့လည်းဆက်စပ်စဉ်းစားလို့မရဘူး။လုပ်လိုက်လျှင်ဟုတ်သွားတာပဲဘယ်လိုဟာတွေလဲရှင်းပြပါဦးဟု ပြောလေ တော့၏။ထိုအခါကျွန်ုပ်ကဒီလိုရှိတယ် ဒေါ်သာဥာဏ်ရဲ့တစ်ခါတလေလည်း
ဗေဒင်ယတြာနည်းတွေအသုံးပြုမပြုဖြစ်ပါဘူး ကောင်းကင်ကိုမျက်နှာမော့ပြီးဒီကိစ္စအတွက်လုပ်ရန်ဖြစ်မယ့်ယတြာပေးပါဆိုပြီးအမြန်ဆုတောင်းကာအာရုံပြုလိုက်တယ်အဲဒီလို အာရုံ ပြုလိုက်ရင်ဘာလုပ်ရမယ်ဘာလုပ်ရမယ်ဆိုတာအာရုံထဲမှာ ပေါ်လာတာပဲ။ ပေါ်လာတဲ့အာရုံ အတိုင်းပြုလိုက်ရင်အဲဒီကိစ္စဟာပြီးသွားတာပဲ”ဒ်ါသာဥာဏ်ကြီးကနမူနာတစ်ခုလောက်
ပြောပြပါလားအဘရယ်ဟု ပြောလေတော့၏။ထို့ကြောင့်ကျွန်ုပ်လည်းနမူနာပြောဆိုတော့လည်း ပြောရတာပေါ့ကွတစ်ခါက မနန္ဒာဆိုတဲ့မိန်းကလေးတစ်ယောက်ကျုပ်ဆီကို ရောက်လာတယ်သူရောသူ့ယောက်ျား ရောဟာကျုပ်နဲ့ အတော်ရင်းနှီးကြပါတယ်သူ ရောက်လာတဲ့ကိစ္စကိုမေးတော့ မြေနီကုန်းကခြံကြီးနဲ့အိမ်ကြီးကိုဝယ်ဖို့စကားပြောထားတာ ဈေးလည်း တည့်နေပြီ။ အဲဒီအချိန်မှာ ရောင်းတဲ့ဘက်က မရောင်းဘူး ဖြစ်နေလို့လာတာပဲ။
အဲဒီတော့ ကျုပ်က“မနန္ဒာရယ် ညည်းမှာလည်း ခြံနဲ့တိုက်ရှိနေတာပဲ။ ဘာလုပ်မလို့လဲ”လို့ မေးလိုက်တယ်။ “လုပ်ငန်းရှင် တစ်ဦးက အဲဒီနေရာမျိုးမှာ လိုချင်တယ်ဆိုလို့ သမီး က ၀ယ်လိုက်ပြီး အဲဒီ လူကို ပြန်ရောင်းမလို့ပါ”လို့ပြောတယ်။ သူကလည်း ချက်ချင်းကို ၀ယ်ချင် နေတယ်။ သူများ ဦးသွားမှာစိုးတယ်တဲ့။ ပြီးတော့ ဒါကြီးကိုဝယ်ဖို့ သူ့မှာငွေမပြည့်လို့ ငွေလည်း ဆွဲ ထားတာတဲ့။ အဲဒီငွေတွေက အတိုးပေးရမှာတဲ့။
မ၀ယ်ဖြစ်လို့ကို မဖြစ်ဘူးတဲ့။အဲဒီတော့ ကျုပ်လည်း တတ်ထားတဲ့ ယတြာနည်းနဲ့ ဘယ်လိုမှလုပ်လို့မရဘူးဆိုတာသိတယ်။ အဲဒါကြောင့် မျက်နှာကို ကောင်းကင်ဘက်ကိုမော့ပြီး မျက်စိမှိတ်ကာ ချက် ချင်း အောင်မြင်မယ့် ယတြာပေးပါလို့ အာရုံပြုပြီး တောင်းလိုက်တယ်။ အဲဒီတော့ မျက်စိထဲမှာ အာရုံ တစ်ခု ပေါ်လာတယ်။တစ်တောင်လောက်ရှိတဲ့ ပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့် တိုက်ရဲ့ရှေ့မှာ ချထားလိုက်တယ်။
ခွေးနှစ်ကောင်ဟာအဲဒီပေါင်မုန့်ကြီးကိုလာပြီး ဆွဲကြတယ်မနန္ဒာကအဲဒါကိုကြည့်ပြီးသဘောကျနေတာကိုလည်း တွေရတယ်။ ကျုပ်က အဲဒီတော့မနန္ဒာ ဒီက အပြန်မှာ တစ်တောင် လောက်ရှိတဲ့ ပေါင်မုန့်ကြီးကိုဝယ်လိုက်အဲဒီပေါင်မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့်တိုက်ရှေ့မှာ သွားချလိုက်လို့ မှာလိုက်တယ်။ အဲဒီမှာ ခွေးလာဆွဲရင် အောင်ပြီလို့မှာလိုက်တယ်”မနန္ဒာဟာ မှာတဲ့အတိုင်း လုပ်လိုက်တယ်။ ပြီးတော့ ကားကိုမောင်းမထွက်သွားဘဲ ခွေးကဆွဲမဆွဲ စောင့်ကြည့်သေးတယ်။ ခွေးနှစ်ကောင် လာပြီးဆွဲမှ သူက ကားကို မောင်းထွက်သွားတယ်။
ညလည်း ကျရော ရောင်းမယ့်လူက ရှေ့နေကိုခေါ်ပြီး မနန္ဒာကို ရောင်းမယ်လို့ ပြောပါလေရော။ အဲဒီမှာပဲ ရှေ့နေတွေ ဘာတွေခေါ်ပြီး ရောင်းဖြစ်သွားတယ်ဟေ့။ မနန္ဒာ လည်း ၀ယ်ဖြစ်သွားတယ်။အဲဒါကြောင့် နောက်တစ်နေ့မှာ မနန္ဒာရောက် လာပြီး ကျုပ်ကို ငွေတစ်သိန်းကန်တော့တယ်။ကျုပ် လည်း အဲဒီနေ့မနက်မှာပဲ ခြံထဲက ကလေးတွေကို ၀က်သားဟင်း ချက်ကျွေးလိုက်တယ်။တစ်ပတ် လောက်ကြာတော့မနန္ဒာရောက်လာပြီးနန္ဒာလက်ထဲခြံနဲ့တိုက်လည်း ရောက်ရော
ဝယ်မယ့်လုပ်ငန်းရှင်က အင်တင်တင် လုပ်နေပြန်ပြီ။အဲဒါလုပ်ပေးပါဦးလို့ ပြောတယ်ကျုပ်လည်း မျက်နှာကို ကောင်းကင်ကို မော့ပြီး အာရုံတောင်းလိုက်တယ်။ အာရုံထဲမှာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးနေတာကိုပဲ မြင်နေရ ပြန်တယ်။ ကျုပ်လည်း မနန္ဒာကို အဲဒီအတိုင်းလုပ်ဖို့ ခိုင်းလိုက်တယ်။ မနန္ဒာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးလိုက်ပြန်တယ်။
ဝယ်မယ့်လူက ၀ယ်မယ် ဆိုပြီး ခြံနဲ့အိမ်ကိုလာကြည့်တယ်။
ခြံမှာက ဆိုင်က လေးတွေ ဆောက်ပြီးငှားထားကြတာကိုး။ ဒါပေမဲ့ဆိုင်ကလေးတွေအားလုံးလိုလိုဟာဖျက်သွားကြပါပြီ။ ကုလားဒန်ပေါက်ဆိုင်တစ်ဆိုင်ပဲ ကျန်နေတာဝယ်မယ့်သူက အဲဒီကုလားဒန်ပေါက်ဆိုင် ပြောင်း သွားမှ ငွေချေမယ်လို့ ပြောပြန်လေရောကျုပ်က လည်း ကုလားဒန်ပေါက်ဆိုင်ပြောင်းသွားဖို့ယတြာ တောင်းရပြန်ရော။မနန္ဒာလည်း ပေါင်မုန့်တစ်လုံး ရေဆွတ်ပြီးဒန်ပေါက်ဆိုင်ရှေ့ကိုယူသွားတယ်။အဲဒီမှာကုလားကအစ်မအစ်မပေါင်မုန့်ကို ခွေးမကျွေးနဲ့တော့။
ကျွန်တော်တို့ဆိုင်အခုပဲပိတ်ပြီအခုပဲ ပြောင်းမှာ ကျွေးမနေနဲ့တော့လို့ ပြောတယ်တကယ်လည်းသူဟာမီးကြိုးတွေဘာတွေဖြုတ်ပြီးပစ္စည်းပစ္စယတွေသိမ်းနေတယ်ပြီးတော့ဒန်ပေါက်ကုလားက ပြောသေးတယ်။ဒီခြံနဲ့ဒီအိမ်ကိုလာ လာပြီး ၀ယ်နေကြတာ လူတစ်ရာလောက်ရှိပြီ။အရောင်းအ၀ယ်ကို မဖြစ်ဘူးအစ်မ ပေါင်မုန့်ကို ရေဆွတ်ပြီး ခွေးလာကျွေးတော့မှအရောင်းအ၀ယ် ဖြစ်သွားတယ်။ဘယ်သူပေးတဲ့နည်းလဲမဟုတ်မှလွဲရောဆရာမင်းသိင်္ခပေးတဲ့နည်းပဲ
ဖြစ်ရမယ်လို့ ပြောတယ်အဲဒီတော့မနန္ဒာကဟုတ်တယ်အဘ ပေးတဲ့နည်းပဲလို့ ပြောလိုက်တယ်အဲဒီမှာဒန်ပေါက် ရောင်းတဲ့ ကုလားကဒီဆရာကြီး ပေးတဲ့နည်းက ဖြစ်တယ်။ချက်ချင်းကိုဖြစ်တာကျွန်တော့်ကိစ္စတုန်းကလည်းသူပဲလုပ်ပေးတာ အောင်မြင်ပါတယ်။တခြား ဗေဒင်ဆရာပေးတဲ့ နည်းတွေနဲ့ မတူဘူး။ ကျွန်တော်တို့မှာကုလားဆရာတစ်ယောက်ရှိတယ်သူ့နာမည်ကဦးကာဆင်တဲ့သူက ပြောဖူးတယ်မင်းသိင်္ခလုပ်တဲ့ယတြာနည်းတွေကရိုးရိုးနည်းတွေမဟုတ်ဘူးတဲ့။
ကျွန်တော်တော့နားမလည်ဘူး ဖြစ်တာတော့အမှန်ပဲတဲ့ဒီအိမ်နဲ့ဒီခြံကအမွေဆိုင်ငါးယောက်တဲ့တစ်ယောက်ကကန့်ကွက်နေတာ။အခုအဲဒီကန့်ကွက်တဲ့လူကိုယ်တိုင်ကအစ်မတို့ဆီလာပြီး ရောင်းသွားတာမဟုတ်ဘူးလားဟု ပြောလေတော့၏။မနန္ဒာသည် ငွေသိန်းနှစ်ထောင်ကျော်နဲ့ဝယ်လိုက်သောခြံနဲ့အိမ်ကိုလုပ်ငန်းရှင်အားသုံး
ထောင်ကျော်နှင့် ပြန်၍ရောင်းလိုက်လေ၏ထို့ကြောင့်နှစ်ရက်အတွင်းမှာပင် ငွေသိန်းတစ်ထောင်ကျော် မြတ်သွားပြန်၏။ နောက်တစ်နေ့တွင်ကျုပ်အား ငွေကန်တော့ပြန်၍၀က်သားဟင်းထပ်မံ၍ချက်ကျွေးလိုက်ရလေတော့သတည်း။သဗ်ဗသေတ်တာ ကမ်မဿကာမင်းသိင်္ခcreditမူလတင်သူ