အိမ္ ေက်ာင္း ေဆာက္ရာရက္လေရြးနည္းမ်ား(ေခတ္ေျပာင္းအေျခအေနအရတခ်ိဳ့အရာမ်ားမျဖစ္နိုင္ေသာ္ျငားေရွးထုံးလည္းမပယ္နဲ႔ ေစ်းသုံးလည္းမႂကြယ္နဲ႔စကားလိုေပါ့ကိုယ့္လူမ်ိဳးရဲ့ရိုးရာဓေလ့ထုံးတမ္းအစဥ္လာကိုလိုက္နာထိမ္းသိမ္းတဲ့သေဘာပါ)
သစ္ပင္ပန္းမန္ဆိုတာလူေတြအတြက္ေကာင္းမြန္တဲ့အရာပါ။သဘာ၀ရာသီဥတုကိုသင့္တင့္မၽွတေစသလိုသတၱဝါေတြကိုလည္းအက်ိဳးျပဳေစပါတယ္။မိမိအိမ္ပတ္၀န္းက်င္ၿခံထဲ၊အိမ္မွာအပင္ေတြစိုက္ပ်ိဳးျခင္းဟာကိုယ္ေရာစိတ္ပါရႊင္လန္းေစမွာပါ။ဒါေပမယ့္လို့
ေရွးျမန္မာအယူအရမိမိအိမ္၊ၿခံထဲမွာမစိုက္အပ္၊မရွိသင့္တဲ့အပင္တခ်ိဳ့ရွိပါတယ္သိပၸံေခတ္ႀကီးထဲမွာဒီအယူေတြ ေခတ္မမီေတာ့ဘူးလို့ဘဲဆိုဆို၊ေရွးထုံးကိုလည္းမပယ္နဲ႔ဆိုတဲ့စကားဘဲေျပာေျပာဗဟုသုတအျဖစ္နဲ႔ပဲျဖစ္ျဖစ္သိရေအာင္အိမ္နဲ႔ပက္သက္တဲ့ေရွးျမန္မာအယူတခ်ိဳ့ကို
ေဖာ္ျပေပးလိုက္ပါတယ္အိမ္ပတ္၀န္းက်င္တြင္မစိုက္အပ္ေသာအပင္မ်ားအိမ္၏အေရွ႕မ်က္ႏွာဘက္တြင္ ေညာင္၊သေျပပင္မ်ားမစိုက္ရစီးပြားပ်က္တတ္သည္အေနာက္ဘက္တြင္လက္ပံပင္၊ထိန္ပင္ ေတာင္ဘက္တြင္သၽွစ္သၽွားပင္ဖီးျခမ္းငွက္ေပ်ာသေဘၤာပင္မ်ား ေျမာက္ဘက္တြင္ထန္းပင္ဆန္းပင္သဖန္းပင္ႏွင့္သၽွစ္သၽွားပင္အဆိုပါအပင္မ်ားသည္
ေဖာ္ျပပါအရပ္မ်က္ႏွာမ်ားတြင္ရွိေနပါကစီးပြားယုတ္မည္ေရာပါဘယထူေျပာမည္။အိမ္တြင္းအိမ္ျပင္ဆူပူတတ္သည္အလိုေလ်ာက္ရွိေနပါကလည္း ႏွုတ္ပစ္၊ခုတ္ပစ္သင့္ပါသည္။အိမ္ေဆာက္ရက္ ေရြးနည္းတနဂၤေႏြဒုကၡဆင္းရဲ ေရာက္တတ္သည္။တနလာၤႏွစ္လေျမာက္တြင္သားသမီးဖြားျမင္ေသာ္ခ်မ္းသာႂကြယ္၀မည္။
အဂၤါဆန္ေရစပါး ေပါမ်ားႂကြယ္၀မည္။ဗုဒၶဟူး၊စေနသုခခ်မ္းသာရမည္။ၾကာသာပေတးခ်မ္းသာႂကြယ္၀မည္။ေသာၾကာသုံးလၾကာလၽွင္သုခပြားမည္။အိမ္ေဆာက္လ ေရြးနည္းတန္ခူးလခ်မ္းသာႂကြယ္၀မည္။ကဆုန္လဆန္ေရစပါး ေပါႂကြယ္၀မည္။၀ါေခါင္လဥစၥာတိုးပြားမည္။နတ္ေတာ္လထင္ေပၚေက်ာ္ေစာမည္။ျပာသိုလလူအမ်ားခ်ီးမြမ္းမွုရမည္။
တေပါင္းလခ်မ္းသာႂကြယ္၀မည္က်န္ေျခာက္လတြင္ ေဆာက္ပါကပ်က္စီးျခင္းမ်ား ၾကဳံရတတ္သည္။ယေန႔ေခတ္မွာအိမ္ကိုသစ္သားအေျချပဳၿပီး မေဆာက္ေတာ့သေလာက္ပါဘဲ။ဒါေပမယ့္အတြင္းပိုင္း အလွဆင္တာမ်ိဳးတို့ပရိေဘာဂေတြမွာေတာ့တြင္တြင္က်ယ္က်ယ္သုံးေနၾကေသးတာေၾကာင့္သစ္ဟာအိမ္တစ္အိမ္ရဲ့အဓိကပါ၀င္ပစၥည္း ျဖစ္ေနပါေသးတယ္
။ေရွးျမန္မာလူႀကီးမ်ားကေတာ့အိမ္နဲ႔ပက္သက္ရင္ သစ္ကို အလြန္စိစစ္ပါတယ္။ဗဟုသုတအလို့ငွာသိသေလာက္ေဖာ္ျပေပးလိုက္ပါတယ္မသုံးအပ္ေသာသစ္(၈)မ်ိဳး၁။ခုတ္ျဖတ္စဥ္ တြဲလြဲက်ေနေသာသစ္(သစ္ဆြဲခ်)၂။သစ္ခြသစ္ကိုင္းၾကားတို့တြင္တင္ေနေသာသစ္(လူေကာင္တင္)၃။အဖ်ားႀကီး၍အရင္းရွူးေသာသစ္(သစ္ဘီလူး)
၄။အရင္းအဖ်ားရွူး၍အလယ္တြင္ႀကီးေသာသစ္(သစ္နပုန္း)၅။လမ္းကူးေခ်ာင္းကူးသစ္(သစ္တံတား(ခ)သစ္လမ္းကူး)၆။အပင္ခ်င္းအကိုင္းခ်င္းႀကိတ္ေသာသစ္(သစ္ႀကိတ္)၇။အပင္တြင္ႏြယ္ရစ္ပတ္ေနေသာစ္(သစ္နဂါး)၈။မ်က္ရည္ေပါက္ကဲ့သို့ အကြက္ထေနေသာသစ္(သစ္စည္ယို)အိမ္၊ ေက်ာင္း ေဆာက္ရာတြင္မသုံးအပ္ေသာသစ္(၁၁)မ်ိဳး
၁။မိေက်ာင္း၂။မအူ၃။သခြတ္၄။ ေညာင္၅။သ်စ္သ်ား၆။သီး(သား)၇။သေျပ၈။သစ္စိမ္ေရသား၉။ ေကလာ၁၀။လက္ပံ၁၁။လဲအိမ္၊ ေက်ာင္း ေဆာက္ရာတြင္မျပဳအပ္ေသာအရာမ်ား၁။တိုင္ေဟာင္းကိုပန္းမဆြဲရ။၂။ထုပ္မစြပ္ခင္ယက္မမတင္ရ။၃။တိုင္တို(ေထာက္တို)ကိုၾကမ္းေပၚမပိုေစရ။၄။ၾကမ္းခင္းတိုင္တြင္ ဝါးမတင္ရ။၅။ ေခါင္ေလၽွာက္ခြတင္မၿပီးခင္ၾကမ္းမေဖာက္ရ။
၆။တိုင္ထူရာတြင္တိုင္ခ်င္းမထိရ။၇။အိမ္ေဆာက္မၿပီးခင္၀န္းမခတ္ရ။၈။ထုပ္၊ ေလၽွာက္၊ဒိုင္း၊ ျမားခါးပန္းတို့ကိုအလယ္တည့္တည့္တြင္မဆက္ရ။၉။အမ်ိဳးမတူေသာသစ္ခ်င္းမဆက္ရ၁၀။အိမ္ေဟာင္း၏ ေလၽွာက္ေပၚတြင္အိမ္သစ္၏ေလၽွာက္ကိုတင္၍မဆက္ရ။တိုးတက္လာေသာယေန႔ေခတ္အေနအထားအရအထက္ပါအေၾကာင္းအရာတို့အားလုံးဝေရွာင္က်ဥ္ရန္မျဖစ္နိုင္ေတာ့ပါဘူး။
ဒါေပမယ့္လို့ ေရွးထုံးလည္းမပယ္နဲ႔ ေဈးသုံးလည္းမႂကြယ္နဲ႔စကားလိုမ်ိဳးပါဘဲႏွစ္ေပါင္းမ်ားစြာတည္ျမဲခဲ့တဲ့ ျမန္မာလူမ်ိဳးတို့ရဲ့ ဓေလ့ထုံးတမ္းေတြကိုမၽွေဝခ်င္တဲ့သေဘာပါ။credit.အားလုံးက်န္းမာခ်မ္းသာပါေစျပန္လည္မၽွေဝျခင္းပညာရိပ္ျမဳံစာၾကည့္တိုက္
အိမ် ကျောင်း ဆောက်ရာရက်လရွေးနည်းများ(ခေတ်ပြောင်းအခြေအနေအရတချို့အရာများမဖြစ်နိုင်သော်ငြားရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုပေါ့ကိုယ့်လူမျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းအစဉ်လာကိုလိုက်နာထိမ်းသိမ်းတဲ့သဘောပါ)
သစ်ပင်ပန်းမန်ဆိုတာလူတွေအတွက်ကောင်းမွန်တဲ့အရာပါ။သဘာဝရာသီဥတုကိုသင့်တင့်မျှတစေသလိုသတ္တဝါတွေကိုလည်းအကျိုးပြုစေပါတယ်။မိမိအိမ်ပတ်ဝန်းကျင်ခြံထဲ၊အိမ်မှာအပင်တွေစိုက်ပျိုးခြင်းဟာကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါ။ဒါပေမယ့်လို့
ရှေးမြန်မာအယူအရမိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊မရှိသင့်တဲ့အပင်တချို့ရှိပါတယ်သိပ္ပံခေတ်ကြီးထဲမှာဒီအယူတွေ ခေတ်မမီတော့ဘူးလို့ဘဲဆိုဆို၊ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြောဗဟုသုတအဖြစ်နဲ့ပဲဖြစ်ဖြစ်သိရအောင်အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာအယူတချို့ကို
ဖော်ပြပေးလိုက်ပါတယ်အိမ်ပတ်ဝန်းကျင်တွင်မစိုက်အပ်သောအပင်များအိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရစီးပွားပျက်တတ်သည်အနောက်ဘက်တွင်လက်ပံပင်၊ထိန်ပင် တောင်ဘက်တွင်သျှစ်သျှားပင်ဖီးခြမ်းငှက်ပျောသင်္ဘောပင်များ မြောက်ဘက်တွင်ထန်းပင်ဆန်းပင်သဖန်းပင်နှင့်သျှစ်သျှားပင်အဆိုပါအပင်များသည်
ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါကစီးပွားယုတ်မည်ရောပါဘယထူပြောမည်။အိမ်တွင်းအိမ်ပြင်ဆူပူတတ်သည်အလိုလျောက်ရှိနေပါကလည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်။အိမ်ဆောက်ရက် ရွေးနည်းတနင်္ဂနွေဒုက္ခဆင်းရဲ ရောက်တတ်သည်။တနလာၤနှစ်လမြောက်တွင်သားသမီးဖွားမြင်သော်ချမ်းသာကြွယ်ဝမည်။
အင်္ဂါဆန်ရေစပါး ပေါများကြွယ်ဝမည်။ဗုဒ္ဓဟူး၊စနေသုခချမ်းသာရမည်။ကြာသာပတေးချမ်းသာကြွယ်ဝမည်။သောကြာသုံးလကြာလျှင်သုခပွားမည်။အိမ်ဆောက်လ ရွေးနည်းတန်ခူးလချမ်းသာကြွယ်ဝမည်။ကဆုန်လဆန်ရေစပါး ပေါကြွယ်ဝမည်။ဝါခေါင်လဥစ္စာတိုးပွားမည်။နတ်တော်လထင်ပေါ်ကျော်စောမည်။ပြာသိုလလူအများချီးမွမ်းမှုရမည်။
တပေါင်းလချမ်းသာကြွယ်ဝမည်ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများ ကြုံရတတ်သည်။ယနေ့ခေတ်မှာအိမ်ကိုသစ်သားအခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ပရိဘောဂတွေမှာတော့တွင်တွင်ကျယ်ကျယ်သုံးနေကြသေးတာကြောင့်သစ်ဟာအိမ်တစ်အိမ်ရဲ့အဓိကပါဝင်ပစ္စည်း ဖြစ်နေပါသေးတယ်
။ရှေးမြန်မာလူကြီးများကတော့အိမ်နဲ့ပက်သက်ရင် သစ်ကို အလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာသိသလောက်ဖော်ပြပေးလိုက်ပါတယ်မသုံးအပ်သောသစ်(၈)မျိုး၁။ခုတ်ဖြတ်စဉ် တွဲလွဲကျနေသောသစ်(သစ်ဆွဲချ)၂။သစ်ခွသစ်ကိုင်းကြားတို့တွင်တင်နေသောသစ်(လူကောင်တင်)၃။အဖျားကြီး၍အရင်းရှူးသောသစ်(သစ်ဘီလူး)
၄။အရင်းအဖျားရှူး၍အလယ်တွင်ကြီးသောသစ်(သစ်နပုန်း)၅။လမ်းကူးချောင်းကူးသစ်(သစ်တံတား(ခ)သစ်လမ်းကူး)၆။အပင်ချင်းအကိုင်းချင်းကြိတ်သောသစ်(သစ်ကြိတ်)၇။အပင်တွင်နွယ်ရစ်ပတ်နေသောစ်(သစ်နဂါး)၈။မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်(သစ်စည်ယို)အိမ်၊ ကျောင်း ဆောက်ရာတွင်မသုံးအပ်သောသစ်(၁၁)မျိုး
၁။မိကျောင်း၂။မအူ၃။သခွတ်၄။ ညောင်၅။သျစ်သျား၆။သီး(သား)၇။သပြေ၈။သစ်စိမ်ရေသား၉။ ကေလာ၁၀။လက်ပံ၁၁။လဲအိမ်၊ ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ၁။တိုင်ဟောင်းကိုပန်းမဆွဲရ။၂။ထုပ်မစွပ်ခင်ယက်မမတင်ရ။၃။တိုင်တို(ထောက်တို)ကိုကြမ်းပေါ်မပိုစေရ။၄။ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ။၅။ ခေါင်လျှောက်ခွတင်မပြီးခင်ကြမ်းမဖောက်ရ။
၆။တိုင်ထူရာတွင်တိုင်ချင်းမထိရ။၇။အိမ်ဆောက်မပြီးခင်ဝန်းမခတ်ရ။၈။ထုပ်၊ လျှောက်၊ဒိုင်း၊ မြားခါးပန်းတို့ကိုအလယ်တည့်တည့်တွင်မဆက်ရ။၉။အမျိုးမတူသောသစ်ချင်းမဆက်ရ၁၀။အိမ်ဟောင်း၏ လျှောက်ပေါ်တွင်အိမ်သစ်၏လျှောက်ကိုတင်၍မဆက်ရ။တိုးတက်လာသောယနေ့ခေတ်အနေအထားအရအထက်ပါအကြောင်းအရာတို့အားလုံးဝရှောင်ကျဉ်ရန်မဖြစ်နိုင်တော့ပါဘူး။
ဒါပေမယ့်လို့ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့စကားလိုမျိုးပါဘဲနှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကိုမျှဝေချင်တဲ့သဘောပါ။credit.အားလုံးကျန်းမာချမ်းသာပါစေပြန်လည်မျှဝေခြင်းပညာရိပ်မြုံစာကြည့်တိုက်