အိမ်ရှင်မတို့အတွက်အိမ်လုပ် ရေချိုငါးပိပြုလုပ်နည်းနှင့်သိမ်းဆည်းနည်းကျွန်မတို့ နေ့စဉ်ထမင်းမြိန်စေတဲ့ငပိရည်ဟာစားလို့တော့ ကောင်းပါရဲ့ငပိရည်ဘယ်လိုဖြစ်လာတာကိုသိသူနည်းပါးပါလိမ့်မယ်ဒါကြောင့်ပထမငါးပိလုပ်နည်းကို ပြောပြချင်ပါတယ်။

ငါးပိတစ်ပိဿာအတွက်ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက်ဝယ်ရပါမယ်ငပြေမကတော့ ပြောစမှတ် ဖြစ်ရအောင်အချိုဓာတ် လေးလေးပင်ပင်ရှိလှပါတယ်ဈေးမှာလွယ်လွယ်ဝယ်လို့ရတဲ့ငရံ့၊ငခူ၊ငကျီး၊ငမွေထိုးစတဲ့ရေချို

ငါးတို့ကိုလည်းသုံးနိုင်ပါတယ်ဦးစွာငါးတွေကိုဗိုက်ခွဲအူထုတ်ပြီး ရေပြောင်အောင် ဆေးပေးပါငါးတစ် ကောင်ချင်းစီကိုတစ်ထွာ လောက်ထက်ပို၍မကြီးသင့်ပါဘူးငါးအကောင်ကြီးရင်တော့ထက်ခြမ်းခွဲသင့်ပါတယ်ဒါမှသာ

ပထမနေ့မှာပဲအတော်အသင့်အစိုဓာတ်နဲသွားမှာပါဆားနယ်တဲ့အခါမှာပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါသို့သော်ဆားထဲ့များရင်ငံလွန်းနေပြီးဆားနည်းရင်တော့ငါးတွေပုပ်တတ်ပါတယ်သဘာဝနည်းဖြစ်လို့အချိုမှုန့်နဲ့

ယမ်းစိမ်းလုံးဝထည့်စရာမလိုပါသတိပြုရန်ငါးနေလှန်းတဲ့အခါယင်ကောင်များနားပါကဥချခဲ့ရင်ငပိထဲမှာလောက်ကောင်များ တွေ့ရတတ်လို့ယင်မနားပါစေနှင့်ငါးခြောက် ဖြစ်တဲ့အထိ နေမလှန်းပဲအစိုဓာတ်ထက်ဝက်လောက်လျော့ကျ

သွားချိန်မှာငရုပ်ဆုံထဲထည့်ပြီး ထောင်းပေးပါသို့သော်အထူးညက်စရာမလိုပါ။ ငါးပုံပျက်ပြီးအနဲငယ်ပဲ့ရွဲ့၍ဖိသိပ်ထဲ့လို့ရတဲ့အနေအထားထိ ပျော့ပျောင်းလာရင်တော့ပလပ်စတစ်ဗူး၊ဖန်ဘူးများထဲသိပ်ထည့်ထားပါပြီးရင်အပေါ်မှ

ဆားများကို ဖြူး၍အနဲဆုံးလက်တစ်ဆုပ်ခန့်အဖုံးကိုလုံအောင်ပိတ်ထားလိုက်ရုံပါဘဲယခုလိုသဘာဝနည်းဖြင့်ငါးငပိလုပ်နည်းကငါးကလေးဆိုရင် နှစ်လခွဲခန့်ကြာမှာ ဖြစ်ပြီး၊ငါးကြီးဆိုလျှင်သုံးလခွဲခန့်ကြာနိုင်ပါတယ်ငါးပိနပ်လို့အိုး

စဖွင့်တယ်ဆိုရင်ဘဲငပိအိုးတက်ရည်များကို တွေ့ရပါလိမ့်မယ်အဲဒီအိုးတက်ရည်တွေဟာသဘာဝငပိမှထွက်တဲ့ငံပြာရည်များဖြစ်လို့ ဘေးအန္တရယ်ကင်းစွာအသုံးပြုနိုင်ပါတယ်ဒီအတိုင်းသုံးရင်အနံ့မကောင်းတဲ့အတွက်အိုးထဲမှငံပြာရည်အိုးတက်ရည်များကိုခပ်ယူပြီး

ပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်ငံပြာရည်အချိုကြိုက်ရင်တော့သကြားထည့်ပေးနိုင်ပါတယ်ပြီးရင်ပုလင်းအလွတ်တစ်လုံးထဲမှာသိမ်းပြီးသဘာဝငါးငံပြာရည်စစ်စစ်အဖြစ်လိုသလိုအသုံးပြုနိုင်ပါတယ်ဒါဆိုရင်ဖြင့်အိမ်ရှင်မများမိမိအိမ်မှာငါးငပိလုပ်ရင်းငါးငံပြာစစ်စစ်ကိုပါသုံးစွဲလို့ရပါပြီ