အိမ်ဆောက်ရာတွင်လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းကိုစရာမျှဝေပါတယ်ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့ စကားမျိုးလိုပါပဲအိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ

အိမ်လှေကားပြုလုပ်ခြင်းပါပဲရှေးကျမ်းဆရာတို့သည် “စုံ” “မ”နှစ်ခုလုံးတပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က “မ” ကိုသာ တပ်စေပါတယ်။လက်သမား ဆရာကြီးများမှာ “စုံ”တပ်သည်လည်း ရှိတယ်

“မ” တပ်သည်လည်း ရှိပါတယ်အဘယ်ကြောင့်ဆိုသော်ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံလာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ပထမထစ်က လာဘဒုတိယထစ်က

သုခ တတိယထစ်ကမရဏ လာဘက လာတ်လာဘ ပေါများခြင်းသုခက ကြွယ်ဝချမ်းသာခြင်းမရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့လာဘက– ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်သုခက

၂ ထစ်၊ ၅ထစ်၊၈ ထစ်မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ် စသည်ဖြင့်တပ်ဆင်ကြပါတယ်။အိမ်အနေအထားမင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။တစ်ချို့ ဆရာများမှာ

[ရာဇ၊လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်၁ထစ် ဘုန်းကျက်သရေတိုးခြင်း၂ထစ် လာတ်လာဘ ပေါများခြင်း၊၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်တစ်ကျောင်းတစ်ဂါထာ

တစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏တစ်ထစ်ထားသော်ကောင်းစားစေတက် ၏။ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့

ပြည့်စုံ၍ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။၁၂ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။Credit

LEAVE A REPLY

Please enter your comment!
Please enter your name here