လူတစ်ယောက်ကံကောင်းချင်လာပြီဆိုရင်ဒီလိုတွေဖြစ်လာမယ်လူတစ်ယောက်သည်ကံကောင်းချင်လာပြီဆိုလျှင်စိတ်တည်ငြိမ်လာခြင်း၊စိတ်ရှုပ်ထွေးမှုကင်းကာစိတ်များကြည်လင်လန်းဆန်းလာခြင်းစသောလက္ခဏာများဖြစ်ပေါ်လာလေ့

ရှိပါသည်၎င်းစိတ်ကိုယေဘုယျအားဖြင့်ကောင်းစိတ်ဟုသတ်မှတ်နိုင်ပါသည်ထိုစိတ်မျိုးဝင်လာလျှင်ငါတော့ကံကောင်းတော့မယ်ဒီစိတ်ဟာကောင်းကံပြုလုပ်ဖြစ်ဖို့အကြောင်းခံစိတ်ပေပဲဟုသဘောထားကာထိုစိတ်ကို

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပျောက်ပျက်မသွားရအောင်ထိန်းထားပြီးကောင်းမှုတစ်ခုခုကိုပြုလုပ်ဖြစ်အောင်သာကြိုးစားလုပ်ဆောင်ယူရမည်ဖြစ်သည်ထို့အပြင်အများဆုံးပြုလုပ်ဖြစ်လေ့ ရှိသည့်လေ့ကျင့်နေစရာအထူးမလိုသောသမားရိုးကျမကောင်းကံ

ဘက်သို့ပြန်ပြောင်းနောက်ကြောင်းပြန်မလှည့်မိစေရန်လည်းအထူးသတိထားရန်လိုအပ်ပါသည်လှူချင်တန်းချင်စိတ်ပေါက်လာလျှင်ငါကံကောင်းလာပြီ၊ဒီကံလေးအထမြောက်အောင်ငါလှူပေးဦးမှသီလဆောက်တည်ချင်စိတ်ပေါက်လာလျှင်

ငါကံကောင်းလာပြီ၊သီလလေးဆောက်တည်ပြီးနေဦးမှဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင်ငါကံကောင်းလာပြီ၊ဘုရားရှိခိုးပြီးတော့ပူဇော်လိုက်ဦးမှဘာဝနာကမ္မဋ္ဌာန်းပွါးများချင်စိတ်၊တရားအားထုတ်ချင်စိတ်ပေါက်လာလျှင်

ငါကံကောင်းလာပြီ၊ပွါးများဖြစ်အောင်ပွါးများလိုက်ဦးမှအားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှစသည်ဖြင့်ကောင်းကံများအထမြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သည်ကောင်းစိတ်များပေါ်လာပြီး

ကောင်းကံများကိုပြုလုပ်အားထုတ်ဖြစ်လျှင်အခွင့်အရေးကောင်းအခြေအနေကောင်းများရလာပြီဟုမှတ်ယူရမည်ဖြစ်ပြီး၎င်းအခွင့်ကောင်းအခြေအနေကောင်းများကိုလက်မလွတ်စေရန်လွန်စွာအရေးကြီးပါသည်ဆေဓမ္မမိတ်ဆွေသူတော်စင်အပေါင်းကျန်းမာရွှင်လန်းငြိမ်းအေးနိုင်ကြပါစေ







