မိသားစုအပေါ်သိတတ်လိမ္မာတဲ့သမီးတွေသာသိနားလည်တဲ့အခက်အခဲလေးများမိဘဆိုတာအပေးပဲရှိပြီးအယူမရှိဘူးလို့ ပြောစမှတ်ရှိကြပါတယ်ဒါပေမယ့်လည်းမိသားစုအပေါ်သိတတ်တဲ့သူအများစုကတော့သမီးမိန်းကလေးတွေ

ဖြစ်နေတတ်ပါတယ်မိသားစုအပေါ်အဲ့လိုသိတတ်တဲ့သမီးတွေမှာသူများတွေထက်ပိုတဲ့အခက်အခဲတွေရှိလို့ နေတတ်ပါတယ်အဲ့ဒါတွေကတော့(၁)အနစ်နာခံရတယ်သိတတ်တယ်ဆိုတာရဲ့ နောက်မှာအနစ်နာခံမှုကလည်း

တွဲပါလာပါတယ်ကိုယ့်အတွက်လိုချင်တာတွေကိုဖြည့်ဆည်းကြတဲ့သူတွေ များပေမယ့်မိသားစုကိုသိတတ်သူတွေကတော့မိသားစုကိုအရင်စဉ်းစားကြပါတယ်မိသားစုလိုအပ်တာကိုအရင် ဖြည့်ဆည်းပြီးကိုယ့်ကိုယ်ကိုအနစ်နာ

ခံကြတာကတော့သိတတ်သူလေးတွေရဲ့စိတ်ထားပါပဲ(၂)နားလည်ပေးမယ့်သူမရှိသလိုပဲမိသားစုကိုသိတတ်နေရတဲ့အခြေအနေကသူတို့ရဲ့မိသားစုကိုပစ်မထားနိုင်တဲ့စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေကို

ရင်ဆိုင်နေတဲ့သူတို့အတွက်အသိအမှတ်ပြုနားလည်ပေးမယ့်သူမျိုးကိုသူတို့က လိုချင်တတ်ကြပါတယ်သမီးလေး တော်လိုက်တာ၊သားသမီးကောင်းကိုရထားတာပဲ စတဲ့ စကားတွေထက်သမီးလေးပင်ပန်းနေပြီလားကျန်တဲ့သူတွေလည်း

အခုလိုသိနားလည်ရင်ကောင်းမှာပဲဆိုတဲ့စကားတွေကိုပိုပြီးလိချင်ကြပါတယ် ချီးမွမ်းတဲ့စကားထက်နားလည်မှုပေးတဲ့စကားမျိုးကိုသူတို့ကလိုချင်ကြတာ ဖြစ်ပါတယ်(၃)ကိုယ့်ဖို့ကို နောက်မှာထားနေရတယ်မိသားစုမှာ

လိုအပ်တာကအရင်ဖြစ်ပြီးကိုယ့်ရဲ့တစ်ကိုယ်ရေဆန္ဒကဒုတိယဆိုတာကိုသူတို့ကလက်ခံထားကြပါတယ်မိသားစုကိုကိုယ်မှမသိတတ်ရင်ဘယ်လိုလည်ပတ်မလဲ တွေးတတ်ပြီးကိုယ်ပဲအဆင်ပြေပြီးအခက်အခဲကိုကြည့်နေတာမျိုးမနေနိုင်ဘူး

ဆိုတဲ့စိတ်နဲ့ဦးစားပေးနေပေမယ့်သူတို့စိတ်ထဲမှာလည်းကိုယ့်အတွက်ကိုယ်အဆင်ပြေတဲ့ဘဝကို ရောက်ချင်မိတတ်ပါတယ်(၄)အချစ်ခံချင်ပေမယ့်မျိုသိပ်ရတယ်သိတတ်တဲ့သူတွေကကိုယ့်ရဲ့ပင်ကိုစိတ်ကြောင့်သိတတ်ရပေမယ့်

လည်းသူတို့လည်းတခြားသူတွေကိုလူလိုငါလို နေတတ်ချင်ကြပါတယ်ဆိုးချင်တယ်ကိုယ့်အသုံးစရိတ်အတိုင်းသုံးပြီးမပူမပန်နေရချင်ပေမယ့်လည်းသူတို့ကတော့ဒီခံစားချက်တွေကိုမြိုသိပ်ပြီးဘာမှမဖြစ်သလို ဖြတ်သန်းနေကြရပါတယ်

(၅)ဝမ်းနည်းတာတွေရှိလည်းသည်းခံရတယ်သူတို့လည်းဝမ်းနည်းတတ်ပါတယ်ကိုယ်တစ်ယောက်တည်းကပဲမိသားစုအပေါ်သိတတ်ရတဲ့အခြေအနေမျိုးမှာကိုယ်လည်းဘယ်တော့မှ အေးဆေးနေရမလဲလို့ တွေးပြီးဝမ်းနည်းမိသလို

တခြားသောဝမ်းနည်းစရာကိစ္စရပ်တွေကြောင့်စိတ်မကောင်းဖြစ်နေရတဲ့အခါမျိုးမှာလည်းအိမ်ကကိုယ့်အတွက်စိတ်ပူရမှာစိုးပြီးစိတ်ထဲပဲသိမ်းထားပြီးတစ်ယောက်တည်းခံစားတတ်တာလည်းသူတို့ပါပဲအိမ်မှာဒီလိုမျိုးသိတတ်တဲ့သူရှိရင်ကိုယ့်ဘက်ကပိုပြီးဂရုစိုက် ပေးလိုက်ပါနော်