၁။ရှားစောင်းလက်ပတ်ကို၂လက်မအရွယ်ဖြတ်ပြီးမီးကင်တယ်ဆိုရုံလေးကင်ပါငါးပြားလောက် စားပါ၊သွေးဝမ်းသွားခြင်းကိုပျောက်ကင်းစေနိူင်ပါတယ်၊ရောဂါဆိုးရင်တော့နေ့စဉ်တစ်ပတ်လောက်ဆက်စားပါ။
၂။မီးကင်ထားသောရှားစောင်းလက်ပတ်ကိုနေ့စဉ်၅ပြားလောက်စားပေးခြင်းအားဖြင့်လည်းအတွင်းလိပ်ခေါင်းရောဂါကိုပျောက်ကင်းစေနိူင်ပါတယ်၊ရှားစောင်းလက်ပတ်အနှစ်ကို
စအိုထဲထည့်ပေးနိူင်ရင်ဖောင်းကြွရောင်ရမ်းနေသောစအိုကြွက်သားနံရံမှအပူများကိုစုတ်ယူနိုင်စွမ်းရှိသောကြောင့်အတွင်းလိပ်ခေါင်းရောဂါပျောက်ကင်းနိူင်ပါတယ်၊ရောဂါပြင်းနေရင်တော့အချိန်ယူသုံးစွဲရမှာပဲဖြစ်ပါတယ်

၃။မီးယပ်သွေးဆုံးကိုင်နေသူများအတွက်ရှားစောင်းလက်ပတ်အနှစ်ကိုထန်းလျှက်ဖြင့်နေ့စဉ်လိမ်းပေးပါကသွေးဆုံးကိုင်ချိန်တွင်ခံစားရသောဝေဒနာများသက်သာပျောက်ကင်းစေပါတယ်
၄။နှလုံးရောဂါရှိသူများရုတ်တရက်အမောဖောက်လာပါကရှားစောင်းလက်ပတ်အနှစ်ကိုသကြားဖြင့်ဖျော်သောက်ပါကအမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်
၅။ရှားစောင်းလက်ပတ်အနှစ်ကိုအပူလောင်ခြင်းအမျိုးမျိုးအတွက်လည်းအသုံးပြုနိူင်ပါတယ်ဆီပူ၊မီးပူ၊အိတ်ဇောအပူလောင်ခြင်းများအတွက်ဖြစ်ဖြစ်ခြင်းရှားစောင်းလက်ပတ်အနှစ်

ကိုပတ်တီးဖြင့်စည်းထားပေးပါအရည်ကြည်အဖုလုံးဝဖြစ်ခြင်းမရှိပဲမူလအတိုင်ပျောက်ကင်းနိုင်ပါတယ်။အရည်ကြည်ဖုထွက်လာမှစည်းပေးလျှင်လည်းအပူကိုစုပ်ယူနိုင်သောကြောင့်အနာ မဖြစ်တော့ပါ
၆။ဘောက်ပျောက်၊ခေါင်းလျော်ရည်သုံးစွဲခြင်းကြောင့်ဆံပင်အကွက်လိုက်ကျွတ်သောသူများအတွက်ရှားစောင်းလက်ပတ်အနှစ်ကိုအရေပြားပေါ်တွင်လိမ်းပေးခြင်းအားဖြင့်ပြန်ပေါက်ပြီးဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးပါတယ်
၇။ရှားစောင်းလက်ပတ်အနှစ်ကိုနံနက်ညမျက်နှာသစ်ပြီးတိုင်းလူးပေးရင်တော့တင်းတိတ်ပျောက်ပြီးမျက်နှာပေါင်းတင်စရာမလိုပဲ

အရေးအကြောင်းမရှိမျက်နှာလေးတင်းနေပါလိမ့်မယ်။လှချင်ရင် တစ်သက်လုံးလိမ်းပေတော့Creditရတနာငယ်(မြန်မာစာ)လွိုင်ကော်