အလွယ်ကူဆုံးအသုံးဝင်မယ့်အစွမ်းထက်လိမ်းဆေးလေးများသိမ်းထားပါကွမ်းရွက်ကွမ်းရွက်အရိုးကိုထုခြေ၍မျက်ခမ်းတစ်လျောက်အပေါ်အောက်သုတ်လိမ်းပေးခြင်းကိုတစ်နေ့သုံးကြိမ်ပြုလုပ်ပေးပါကမျက်သားယားယံ

ခြင်း၊မျက်စိနာခြင်းတို့သက်သာပျောက်ကင်းစေပါသည်၂။ကွမ်းသီးအနာပေါက်ရောဂါများ၌ကွမ်းသီးကိုသွေး၍လိမ်းပေးနိုင်ပါသည်။အပူလောင်ပြည်ဖုနာများ၌ကွမ်းသီးနဲ့ကြက်ချေးကိုသွေးလိမ်းပေးလျှင်ပျောက်ကင်းစေနိုင်ပါသည်

အမာရွတ်ပျောက်စေရန်ကွမ်းသီးအားရေဖြင့်သွေးလိမ်းပါကွမ်းစားဂမုန်းကွမ်းစားဂမုန်းဥကိုသနပ်ခါးနှင့်ရောပြီးလိမ်းပေးပါကမျက်နှာတွင်အဆီထွက်ခြင်းမှသက်သာစေပါသည်။အဖုအကြိတ်အမျိုးမျိုးတွင်ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်း

ပေးပါကအဖုအကျိတ်များကြေစေပါသည်ကွမ်းစားဂမုန်းဥကိုသွေး၍လိမ်းပေးပါကအမွှေးနံသာအဖြစ်လည်ကောင်းခေါင်းလျှော်ရာတွင်လည်ကောင်းထည့်သွင်းအသုံးပြုနိုင်ပါသည်။

၄။ကြောင်လျှာလေဖြတ်၍တစ်ခြမ်းသေ၊တစ်ပိုင်းသေ၊ထုံကျဉ်နာချည့်နဲ့သောသူများသည်ကြောင်လျှာမြစ်၊ကြောင်လျှာခေါက်တို့ကိုသွေးလိမ်းပေးခြင်းဖြင့်ရောဂါဝေဒနာသက်သာစေနိုင်သည်ဖောရောင်ခြင်းကိုလည်းပျောက်ကင်းစေနိုင်သည်

အနာဝင်၍ငန်းမန်းလိုက်ပါကကြောင်လျှာမြစ်ကိုသွေးလိမ်းပေးနိုင်ပါသည်ကြက်ဟင်းခါးကြက်ဟင်းခါးသီးအခြောက်ကိုသွေးလိမ်းပေးခြင်းဖြင့်လည်ပင်းရောင်ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်အရေပြား၌ယားနာအမျိုးမျိုးပေါက်ခဲ့သော်

ကြက်ဟင်းခါးပင်ပဉ္စငါးပါး၊သစ်ကြပိုးခေါက်၊ပိတ်ချင်းနှင့်ဗာဒံစေ့တို့ကိုရောကြိတ်၍လိမ်းပေးနိုင်ပါသည်။အဆစ်မြစ်ရောင်ရမ်းသော်ကြက်ဟင်းခါးသီးနုများ၏သတ္တုရည်ကိုမီးဖြင့်နွေးရုံအပူပေး၍လည်းလိမ်းပေးသင့်၏

ခြေဆစ်လက်ဆစ်ဖောရောင်သော်ကြက်ဟင်းခါးရွက်ကိုထောင်း၍ဂုံညင်းဆံနှင့်ကန့်ဘလူဥကိုဆန်ဆေးရေဖြင့်သွေး၍ရောကာလိမ်းပေးခြင်းဖြင့်အဖောရောင်များသက်သာစေပါ၏

၆။ကြက်သဟင်းကြက်သဟင်းမြစ်ကိုဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါအဖုအကျိတ်၊အနာပေါက်ရောဂါများကိုပျောက်ကင်းစေပါသည်အဆိပ်ရှိသောပိုးမွှားများအကိုက်ခံရလျှင်လည်း၎င်းဆေးရည်ကိုလိမ်းပေးနိုင်ပါသည်

၇။ကြက်သွန်နီနေပူရှိန်ရှိန်ထဲသွားလာမိခြင်းကြောင့်နေပူလောင်ခဲ့သော်ကြက်သွန်နီသတ္တုရည်ကိုလိမ်းပေးသင့်၏။အလွန်ယားယံသောအရေပြားရောဂါများတွက်လည်း၎င်းဆေးရည်ကိုလိမ်းပေးလျှင်သက်သာပျောက်ကင်းစေ၏

ကင်း၊ခွေးနှင့်အဆိပ်ရှိသောသတ္တဝါများအကိုက်ခံရ၍အဆိပ်တက်လျှင်လည်းကြက်သွန်နီဥသတ္တုရည်ကိုဒဏ်ရာနေရာတွင်လိမ်းပေးရုံဖြင့်အဆိပ်များပြေလျော့သက်သာစေပါမည်ကြက်သွန်ဖြူကြက်သွန်ဖြူဥ၊လေးညှင်းနှင့်နှမ်းဆီတို့ကို

ရောစပ်၍ကျိုချက်လိမ်းပေးပါလျှင်ကိုယ်လက်ကိုက်ခဲခြင်း၊နားပြည်ယိုခြင်းစသည့်ရောဂါဝေဒနာများသက်သာစေနိုင်ပါသည်ကြံကျတ်ပတီးနာရှိသူများအားကြံရည်နှင့်ဖန်းခါးသီးသတ္တုရည်တို့ကိုရော၍အနာများကိုလိမ်းပေးလျှင်သက်သာပျောက်ကင်းနိုင်ပါသည်

ကန်စွန်းငန်းမန်းရှိသောအနာကိုကန်စွန်းရွက်နှင့်ဘူးရွက်ရောစပ်၍သတ္တုရည်ညှစ်ပြီးအနာကိုဆွတ်လိမ်းပေးခြင်းဖြင့်အညှော်၊ငန်းမန်းကိုကျစေနိူင်၏မီးလောင်နာအပူလောင်နာတို့တွက်လည်းကန်စွန်းရွက်သတ္တုရည်နှင့်သကြားရောစပ်၍လိမ်းပေးခြင်းဖြင့်သက်သာပျောက်ကင်းစေပါသည်