နွေးထွေးသောမိသားစုဖြစ်ဖို့ကိုယ့်ယောက်ျားပိုက်ဆံဘယ်လောက်နဲ့အိမ်ပြန်လာတယ်ဆိုတာကိုပဲစိတ်မဝင်စားပါနဲ့ကိုယ့်ယောက်ျားဘေးအသီရန်မခပဲကောင်းမွန်စွာအိမ်ပြန်ရောက်လာနိုင်တာကိုလည်း ကျေးဇူးတင်ဝမ်းသာတတ်ပါစေအိမ်က

မိန်းမဟာအရင်တုန်းကလိုနုနယ်ပျိုမျစ်ခြင်းတွေမရှိတော့တာကိုအပြစ်မြင်စိတ်မကုန်ပါနဲ့သူမ ခေတ်သူမအခါတုန်းကယောက်ျားအများရဲ့စိတ်ဝင်စားမှုကိုသင်တစ်ယောက်နဲ့လဲလှယ်ခဲ့တဲ့ ကျေးဇူးကိုမမေ့လိုက်ပါနဲ့သူများယောက်ျားနဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကိုယ့်ယောက်ျားကို နှိုင်းယှဉ်ပြီးအပြစ်မမြင်မိပါစေနဲ့မိမိဘုန်းကံရှိသလောက်သာစံစားရတတ်တယ်ဆိုတာလက်ခံတတ်ပါစေမိမိအမျိုးသမီးကို အိမ်တွင်းပုန်းစေအိမ်အလုပ်တွေ လုပ်ခိုင်းထားပြီးသူများတွေလို ငွေမရှာတတ်တာခေတ်

မမီမဝင်ဆန့်တော့တာကိုအပြစ်မမြင်မိပါစေနဲ့သူမရှိနေလို့သာဒီအိမ်ဒီမိသားစု အတိုင်းအတာတခုထိအဆင်ပြေနေတာကိုလည်းအသိအမှတ်ပြုပေးတတ်ပါစေသင်လည်းသင့်အလုပ်မှာဖိအားတွေစိတ်ဖိစီးမှုတွေအဆင်မပြေမှုတွေ

ရှိနေသလိုသင့်အိမ်ထောင်ဖက်မှာလည်းသင်မသိတဲ့အခက်အခဲတွေသင်မတွေးမိတဲ့ စိတ်ဖိစီးမှုလေးတွေရှိနေမယ်ဆိုတာအပြန်အလှန်ကိုယ်ချင်းစာနားလည်တတ်ကြမယ်ဆိုရင်သင့်လည်းပြီးပြီးစုံနေသူ မဟုတ်သလိုမိမိအိမ်ထောင်ဘက်ရဲ့

အပြစ်အနာအဆာတွေကိုလည်းအပြန်အလှန်ဖြည့်တွေးပေးတတ်ကြမယ်ဆိုရင်အချင်းချင်းအပြစ်ဖို့နေကြမယ့်အစားပြဿနာကိုအဖြေရှာအချင်းချင်းဖေးမကူညီတတ်ကြမယ်ဆိုရင်ကိုယ့်အတိုင်းအတာနဲ့ကိုယ်အဆင်ပြေနေပျော်တဲ့မိသားစုတစ်စုဖြစ်နေမှာပါ