လင်နဲ့မယားကြားကစည်းလေးများလင်နဲ့မယားလျှာနဲ့သွားဆိုပေမဲ့အိမ်ထောင်ရှင်တိုင်းသတိထားဆင်ခြင်ရမည့်အချက်(၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ် နော်(၁)လူရှေ့သူရှေ့မရှောင်အိမ်ထောက်ဘက်ကိုအပြစ်တင်ခြင်း
အိမ်ထောင်သက်ရလာတာနဲ့အမျှအထစ်အငှော့လေးတော့ရှိတတ်ကြပါတယ်လူရှေ့သူရှေ့မရှောင်တဘက်သားကိုအပြစ်တင်ရန်ထောင်ရင်တော့ရန်ပွဲဖြစ်လာမှာပါအဲလို ရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင်မဖြေရှင်းနိုင်တဲ့အပြင်
မီးလျှံထဲကိုဓါတ်ဆီလောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ် နောက်ဆုံးကျရင်ဘယ်သူမှအလျှော့ပေးလို့မရတဲ့အနေအထား ရောက်သွားတတ်ပြီးခက်ခဲသွားပါတယ်ဒါကြောင်မို့လို့လင်မယားမှတ်ထားရမှာကမည်သူရဲ့ရှေ့မှာမဆို
အိမ်ထောက်ဘက်ကိုအပြစ်တင်မိတာမျိုးလုံးဝရှောင်ကြင်ပါလက်ဝါးတဘက်ထဲဘယ်တော့မှ လက်ခုတ်တီးလို့မရပါဘူး(၂)သားသမီးတွေ ရှေ့မှာရန်ဖြစ်ခြင်းမိဘဆိုတာသားသမီးရဲ့အားကိုးရာဖြစ်သလိုခိုလုံရာလည်းဖြစ်ပါတယ်
လင်မယားနှစ်ယောက် ပြဿနာတစ်ခုခုရှိခဲ့ရင်သားသမီးကို ရှောင်ပါလင်မယားရန်ဖြစ်တယ်ဆိုတာလူကြီး နှစ်ဦးရဲ့ကိစ္စပါမိဘရန်ဖြစ်တာကိုကလေးတွေ တွေ့သွားရင်ကလေးရဲ့အတွင်းစိတ်ကိုထိခိုက်သွားနိုင်သလိုသူတို့ရဲ့အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့စိတ်ထားကိုပါ
ထိခိုက်နိုင်ပါတယ်တကယ်လို့သားသမီးများဟာအိမ်မှာသာယာတဲ့အရသာကိုမခံစားရဘူးဆိုရင် နောင်မျိုးဆက်တစ်ခုလုံးကိုထိခိုက်သွားစေနိုင်ပါတယ်(၃)အိမ်ထောင်ဘက် နေမကောင်းတဲ့အခါရန်ဖြစ်ခြင်းအိမ်ထောင်ဘက်တစ်ဦးဦးက
နာမကျန်း ဖြစ်နေရင်စိတ်ဓါတ်ကျပြီးစိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်အဲဒီအချိန်မှာရန်ဖြစ်မိရင်အိမ်ထောင်ရေးကိုလုံးဝထိခိုက်သွားနိုင်ပါတယ်(၄)အနာဟောင်း ပြန်ဖော်ခြင်းရန်ဖြစ်တိုင်းအနာဟောင်းကို ပြန်ဖော်တာမျိုးလုံးဝ
ရှောင်ကြင်သင့်ပါတယ်မမှားတဲ့ရှေ့နေမသေတဲ့ဆေးသမားဆိုသလိုလူတိုင်းကိုယ်စီ တစ်ခုခုမှားဖူးတတ်ကြစမြဲပါအနာဟောင်းကိုလက်ကိုင်တုတ်အဖြစ်ခဏခဏထုတ်သုံးရင်တော့အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ခက်ခဲသွားတတ်ပါတယ်။
(၅)အိမ်ထောင်ဘက်၏မိဘနဲ့အိမ်သားများကိုထိခိုက်စေသောစကားများရန်ဖြစ်တယ်ဆိုတာတစ်ခုခုအပေါ်မကျေနပ်လို့သဘောမတူနိုင်လို့ ဖြစ်ပါတယ်အဲဒီကိစ္စအပေါ်သာအချေအတင်ငြင်းခုန်သင့်ပါတယ်အိမ်ထောင်ဘက်ရဲ့
မိဘနဲ့မိသားစုကို စောင်းပြောတာမျိုးထိခိုက်စေတဲ့စကားမျိုးလုံးဝ ရှောင်ကြင်ရမှာပါ(၆)ပစ္စည်းလွင့်ပစ်တတ်တဲ့အကျင့်ရန်ဖြစ်ပြီဆိုမှနဂိုကတည်းကအသံကကျယ်လှောင်ပြီးသားပစ္စည်းလွင့်ပစ်တဲ့အသံခုန်ထုတဲ့အသံပစ္စည်းကျကွဲသွားတဲ့အသံတွေနဲ့ ရောသွားရင်ပွဲအများကြီး
ပိုကြမ်းသွားတတ်ပါတယ်ချစ်လို့ယူထားကြတာပဲပစ္စည်းလွင့်ပစ်လို့ကျကွဲတယ်ဆိုတာ နှလုံးသားကျကွဲတာနဲ့တူတတ်ပါတယ်(၇)စိတ်နာစေတဲ့စကားအသုံးအနူန်းများစိတ်ဆိုးအောင် လုပ်လို့ရတယ်စိတ်နာအောင်မလုပ်ကြပါနဲ့
စိတ်နာစေတဲ့စကားမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်ရှင်ကိုအားကိုးလို့တော့သူတောင်းစားပဲ ဖြစ်သွားမှာသူများယော့င်္ကျားတွေကြည့်ပိုက်ဆံရှာဘယ်လောက် တော်လဲရှင်နဲ့တစ်စက်ကလေးမှမတူဘူးစတဲ့စကားမျိုးကိုမပြောဆိုရပါ
(၈) သေတာနဲ့ချိန်းခြောက်ခြင်းငါအသက်ရှင်နေတာဘာထူးသေးလဲငါအသက်မရှင်ချင်တော့ဘူးငါမင်းကိုသေပြမယ်စသည်ဖြင့် သေတာနဲ့ချိန်းခြောက်တာမျိုးလုံးဝ ရှောင်ကြင်သင့်ပါတယ်(၉)လက်ပါခြင်းဘယ်လောက်ပဲ
စိတ်ဆိုးစိတ်ဆိုးကိုယ့်လက်ကိုလုံးဝထိန်းထားရပါမယ်တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှအတိုးရောအရင်းပါဆုံးရူံးသွားနိုင်ပါတယ် ပြင်ပဒဏ်ရာကုစားရလွယ်သလောက်စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့မလွယ်လှပါ(၁၀)ကွဲမယ်ဆိုတဲ့စကားအလွယ်တကူသုံးခြင်း
ဘယ်သူပဲဖြစ်ဖြစ်စိတ်ဆိုးတဲ့အခါ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်မျိုးဝင်တတ်ပါတယ်ကွဲမယ်ဆိုတဲ့စကားဟာအင်မတန်မှ ကြောက်စရာကောင်းတဲ့နိမိတ် ဖြစ်တတ်ပါတယ်။ နောက်ဆုံး ပြောချင်တာကတော့ရန်မဖြစ်တာအကောင်းဆုံးပါအချစ်
ဆိုတာဟာအိမ်ထောင်သက်ကြာလာတာနဲ့အမျှရင်ခုန်တာတွေဓါတ်လိုက်တာတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပေမဲ့တစ်ဦးအပေါ်တစ်ဦးဆက်ပြီးတန်ဖိုးထားနေသေးခြင်းကိုဆိုလိုပါကြောင်း တင်ပြလိုက်ရပါသည်