မိသားစုကိုဦးဆောင်နိုင်ဖို့မိဘတွေအနေနဲ့ပထမဆုံးကလေးကိုဒါတွေသင်ထားပေးပါမိဘတိုင်းကကိုယ့်ရဲ့ကလေးလေးတွေအကျင့်စာရိတ္တကောင်းမွန်ပြီးလိမ္မာရေးခြားရှိတဲ့သူတွေဖြစ်ချင်ကြမှာပါညီအစ်ကိုမောင်နှမချင်းချစ်ချစ်ခင်ခင်နေထိုင်တတ်ဖို့ကမိဘတွေနဲ့အများကြီးသက်ဆိုင်ပါတယ်။

တစ်ချို့သောမိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့သူစိမ်းတွေလောက်ရင်းနှီးချစ်ခင်မှုမရှိတာကို တွေ့နေရတတ်ပါတယ်။မိဘတိုင်းက မောင်နှမချင်းချစ်ခင်တတ်ဖို့ကိုသူတို့ရဲ့ပထမဆုံးကလေးလေးကနေသင်ပြပေးဖို့လိုအပ်ပါတယ်နော်။

ကိုယ့်ရဲ့ကလေးလေးတွေတစ်ယောက်နဲ့တစ်ယေက်ချစ်ချစ်ခင်ခင်ဖြစ်ဖို့ကပထမဆုံးကလေးပေါ်မှာအများကြီးမူတည်ပြီးတော့ နောက်ကလေးတွေကသူတို့ရဲ့အကြီးတွေဆီကနေအတုယူတတ်ကြတာ ဖြစ်ပါတယ်မျှဝေတတ်ဖို့ကိုသင်ကြားပေးပါ။

ကလေးတွေဆိုတာသင်လွယ်တတ်လွယ်တဲ့အရွယ်ဖြစ်သလို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ငယ်စဉ်ကလေးကသင်ကြားပေးထားဖို့လိုအပ်ပါတယ်ပထမဆုံးကလေးတွေဆိုတာတစ်ခြားသူတို့ထက်အငယ်တွေမမွေးသေးခင်မှာအချစ်တွေပုံအောရတတ်ကြပြီးအငယ်လေးတွေကိုအချစ်တွေခွဲဝေပေးရမှာ။

သူတို့အပေါ်အချစ်တွေလျော့သွားမှာကိုစိုးရိမ်တတ်ကြပါတယ်ဒီလိုအခြေအနေမှာ မိဘတွေကသေချာနားလည်အောင်ပြောပြတတ်ဖို့လိုအပ်ပြီးမျှဝေတတ်ဖို့ကိုသင်ကြားပေးဖို့လိုအပ်ပါတယ်နော်ကြင်နာသနားတတ်ပြီးသည်းခံတတ်ဖို့

ကိုယ့်ထက်အငယ်လေးတွေကိုအနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေရန်လိုတာမျိုးတွေမရှိပဲကိုယ့်ရဲ့ညီလေးညီမလေးတွေကိုဘယ်လိုကြင်နာရမယ်ဆိုတာကို သေချာပြောပြပေးဖို့လိုအပ်ပါတယ်တစ်ခါတစ်လေတစ်ယောက်ရဲ့အမှားကိုတစ်ယောက်

ခွင့်လွှတ်သည်းခံတတ်ဖို့နဲ့တစ်ယောက်နဲ့တစ်ယောက်ပိုပြီးချစ်ခင်တတ်ဖို့ကိုသင်ကြားပေးရမှာပါ။ဒါမှမောင်နှမတွေချစ်ချစ်ခင်ခင်ဖြစ်ပြီးနားလည်မှုရှိလာမှာ ဖြစ်ပါတယ်။ ဖေးမကူညီတတ်ဖို့ မောင်နှမတွေတစ်ယောက်အကူအညီလိုတဲ့အခါတိုင်း

တစ်ယောက်ကလိုက်ပြီးကူညီတတ်ဖို့ကိုပါသင်ကြားပေးဖို့လိုအပ်ပါတယ်။ဒီလိုမျိုးငယ်စဉ်ကတည်းကသင်ကြားထားမှာအရွယ်ရောက်တဲ့အခါမှာလည်တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတတ်သူတွေ ဖြစ်လာမှာဖြစ်ပါတယ်တစ်ယောက်ရဲ့ခံစားချက်ကိုတစ်ယောက်နားလည်တတ်ဖို့

တစ်ချို့သောမိသားစုတွေမှာဘယ်လောက်ပဲ မောင်နှမအချင်းချင်းဖြစ်နေပါစေ။တစ်ကိုယ်ကောင်းဆန်ပြီးကိုယ်အဆင်ပြေမှုကိုပဲကြည့်တဲ့သူတွေ တွေ့မြင်ရတတ်ပါတယ်ဒါဟာငယ်စဉ်ကတည်းကမိဘတွေသင်ပြဆုံးမမှုကို ကောင်းစွာမရရှိကြတဲ့ကလေးတွေမှာအဖြစ်များတတ်ပါတယ်နော်

ဒါကြောင့်စာနာမှု၊ ဖေးမတတ်မှု၊နားလည်မှု၊ကိုယ်ချင်းစာမှုစတာတွေကိုငယ်စဉ်ကတည်းကမိဘတွေသင်ပေးထားသင့်ပြီးတစ်ကိုယ်ကောင်းဆန်တဲ့သူမဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်