အိမ်ပတ်၀န်းကျင်တွင်မစိုက်အပ်သောအပင်များအိမ်ဆောက်ရက်ရွေးနည်းအိမ်ဆောက်လရွေးနည်း
မသုံးအပ်သောသစ် (၈)မျိုးအိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုးအိမ်၊ကျောင်းဆောက်
ရာတွင် မပြုအပ်သောအရာများသစ်ပင်ပန်းမန်ဆိုတာ လူတွေအတွက်ကောင်းမွန်တဲ့အရာပါသဘာ၀ရာသီဥတုကိုသင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ်ပတ်၀န်းကျင် ခြံထဲ၊အိမ်မှာ
အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါရွှင်လန်းစေမှာပါဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိအိမ်၊ခြံထဲမှာမစိုက်အပ်၊ မရှိသင့်တဲ့ အပင်တချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူတွေ ခေတ်မမီတော့ ဘူးလို့ဘဲဆို
ဆို၊ ရှေးထုံးကိုလည်းမပယ်နဲ့ဆိုတဲ့စကားဘဲပြောပြောဗဟုသုတအဖြစ်နဲ့ဘဲဖြစ်ဖြစ်သိရအောင် အိမ်နဲ့ပက်သက်တဲ့ရှေးမြန်မာ အယူတချို့ ကိုဖော်ပြပေးလိုက်ပါတယ်အိမ်ပတ်၀န်းကျင်တွင်မစိုက်အပ်သောအပင်များ
အိမ်၏အရှေ့မျက်နှာဘက်တွင် ညောင်၊သပြေပင်များမစိုက်ရ။ စီးပွားပျက်တတ်သည်။အနောက်ဘက်တွင် လက်ပံပင်၊ထိန်ပင်-တောင်ဘက်တွင် သျှစ်သျှားပင်၊ဖီးခြမ်းငှက်ပျော၊သဘောင်္ပင် များမြောက်ဘက်တွင်
ထန်းပင်၊ဆန်းပင်၊သဖန်းပင်နှင့် သျှစ်သျှားပင်အဆိုပါအပင်များသည် ဖော်ပြပါအရပ်မျက်နှာများတွင်ရှိနေပါက စီးပွားယုတ်မည်။ ရောပါဘယထူပြောမည်။ အိမ်တွင်းအိမ်ပြင် ဆူပူတတ်သည်။ အလိုလျောက်ရှိနေပါက
လည်း နှုတ်ပစ်၊ခုတ်ပစ်သင့်ပါသည်အိမ်ဆောက်ရက်ရွေးနည်းတနင်္ဂနွေ ဒုက္ခဆင်းရဲရောက်တတ်သည်တနလာင်္ – နှစ်လမြောက်တွင် သားသမီးဖွားမြင်သော် ချမ်းသာကြွယ်၀မည်။အင်္ဂါ ဆန်ရေစပါး ပေါများကြွယ်၀မည်။
ဗုဒ္ဓဟူး၊စနေ – သုခချမ်းသာရမည်။ကြာသာပတေး – ချမ်းသာကြွယ်၀မည်။သောကြာသုံးလကြာလျှင် သုခပွားမည်။အိမ်ဆောက်လရွေးနည်းတန်ခူးလချမ်းသာကြွယ်၀မည်။ကဆုန်လဆန်ရေစပါး ပေါကြွယ်၀မည်။၀ါခေါင်
လ ဥစ္စာတိုးပွားမည်။နတ်တော်လ ထင်ပေါ်ကျော်စောမည်။ပြာသိုလ လူအများချီးမွမ်းမှုရမည်။တပေါင်းလချမ်းသာကြွယ်၀မည်။ကျန်ခြောက်လတွင် ဆောက်ပါကပျက်စီးခြင်းများကြုံရတတ်သည်။ယနေ့ခေတ်မှာ
အိမ်ကို သစ်သားအခြေပြုပြီး မဆောက်တော့သလောက် ပါဘဲ။ ဒါပေမယ့်အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာအိမ်တစ်အိမ်ရဲ့အဓိကပါ၀င်
ပစ္စည်းဖြစ်နေပါသေးတယ်။ရှေးမြန်မာလူကြီးများကတော့ အိမ်နဲ့ပက်သက်ရင် သစ်ကိုအလွန်စိစစ်ပါတယ်။ဗဟုသုတအလို့ငှာ သိသလောက်ဖော်ပြပေးလိုက်ပါတယ်။မသုံးအပ်သောသစ် (၈)မျိုး၁။ခုတ်ဖြတ်စဉ်တွဲလွဲ
ကျနေသောသစ် (သစ်ဆွဲချ)၂။ သစ်ခွသစ်ကိုင်းကြားတို့တွင် တင်နေသောသစ်(လူကောင်တင်)၃။အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီလူး)၄။ အရင်းအဖျားရှူး၍ အလယ်တွင်ကြီးသောသစ်(သစ်နပုန်း)
၅။လမ်းကူးချောင်းကူးသစ် (သစ်တံတား (ခ) သစ်လမ်းကူး)၆။ အပင်ချင်းအကိုင်းချင်းကြိတ်သောသစ် (သစ်ကြိတ်)၇။ အပင်တွင်နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ်
(သစ်စည်ယို)အိမ်၊ကျောင်း ဆောက်ရာတွင်မသုံးအပ်သော သစ် (၁၁)မျိုး၁။ မိကျောင်း၂။ မအူ၃။ သခွတ်၄။ ညောင်၅။ သျှစ်သျှား၆။ သီး(သား)၇။ သပြေ၈။ သစ်စိမ်ရေသား၉။ ကေလာ၁၀။ လက်ပံ၁၁။
လဲအိမ်၊ကျောင်း ဆောက်ရာတွင်မပြုအပ်သောအရာများ၁။ တိုင်ဟောင်းကို ပန်းမဆွဲရ။၂။ ထုပ်မစွပ်ခင် ယက်မမတင်ရ။၃။ တိုင်တို (ထောက်တို) ကိုကြမ်းပေါ် မပိုစေရ။၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ
၅။ ခေါင်လျှောက်ခွတင် မပြီးခင် ကြမ်းမဖောက်ရ။၆။ တိုင်ထူရာတွင် တိုင်ချင်းမထိရ။၇။ အိမ်ဆောက်မပြီးခင် ၀န်းမခတ်ရ။၈။ ထုပ်၊လျှောက်၊ဒိုင်း၊မြှား၊ခါးပန်း တို့ကို အလယ်တည့်တည့်တွင်မဆက်ရ။၉။အမျိုးမတူသော
သစ်ချင်းမဆက်ရ။၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏လျှောက်ကို တင်၍မဆက်ရ။တိုးတက်လာသောယနေ့ခေတ် အနေအထားအရ အထက်ပါအကြောင်းအရာတို့အား လုံးဝရှောင်ကျဉ်ရန်
မဖြစ်နိုင်တော့ပါဘူး။ဒါပေမယ့်လို့ ” ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ” စကားလိုမျိုးပါဘဲ။ နှစ်ပေါင်းများစွာတည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှဝေချင်တဲ့သဘောပါ။ ဖတ်ရှုသူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများပိုင်ဆိုင်နိုင်ကြပါစေ။ခရစ်တစ်