ရွှေအိမ်တော်များပိုင်စေသတည်းမင်္ဂလာပါခင်ဗျာ။မိတ်ဆွေများကိုအိုးအိမ်ကံများ ကောင်းစေဖို့နဲ့အိမ်ပိုင်ယာပိုင်များရရှိစဖေို့အထောက်အပံ့ဖြစ်စေနိုင်မယ့် လောကီနည်းများကို ဖော်ပြလိုက်ပါတယ်ဘယ်နေ့သားသမီး၊ဘယ်လိုဇာတာရှင်မျိုး

မဆိုအိမ်ငှားဘဝကနေလွတ်မြောက်ပြီးအိမ်ရှင်အိမ်ပိုင်ဘဝ ဖြစ်လိုတယ်ဆိုရင်သစ်ပင်ကြီးကြီးမားမားတွေမှာနတ်ကွန်း၊နတ်စင် ဆောက်ပြီးရုက္ခစိုးနတ်မင်းကိုလှူပြီးဆုတောင်းရပါတယ်။ရိှပြီးသား နတ်ကွန်း၊နတ်စင်ကိုလည်းပြုပြင်တာမျိုး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

လုပ်ပေးလို့ရပါတယ်ခင်ဗျာအဘမင်းသိင်္ခသင်ကြားသွားခဲ့တဲ့နည်းတခုဖြစ်ကြောင်း မှတ်သားထားတာကို ပြန်လည်ဖောက်သည်ချပေးလိုက်ပါတယ်အဓိဌာန်ဝင်နိုင်တဲ့မိတ်ဆွေများကတော့ အစိန္တယျေလို့ရွတ်ပုတီးတလုံးချကာကိုယ့်ရဲ့

သက်စေ့အတိုင်းပုတီးပတ်ရအောင်စိပ်ပြီးအဓိဌာန်ဝင်ပေးပါအသက်၃၀ရှိတဲ့သူဆို တနေ့ပုတီးပတ်၃၀ရအောင်စိပ်ရမှာပေါ့ဗျာ။အဓိဌာန်ဘယ်နှစ်ရက်ရအောင် ဝင်ရမယ်လို့တော့သတ်မှတ်ထားတာမပါပါဘူး။ပုတီးစိပ်ရုံ

သက်သက်နဲ့အိမ်ရဖို့ဆိုတော့အဓိဌာန်တခါဝင်ရင်၄၉ရက်လောက်တော့ရအောင်ဝင်သင့်တယ်လို့ထင်ပါတယ်နောက်တခုအိမ်ပိုင်လိုချင်တယ်လို့ဆိုလာသူများကိုကျွန်တော်ပေးနေကျနည်းတခုကတော့ငှက်အိမ်ကလေးတွေသက်စေ့

လှူခိုင်း၊ထားခိုင်းတာပါထားတဲ့အခါမှာလည်းပြီးပြီးရောထားတာမဟုတ်ပဲကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ်၊ ငှက်ကလေးတွေအနေများတဲ့နေရာမှာပဲဖြစ်ဖြစ်ငှက်အိမ်လေးတလုံး စချိတ်လိုက္မယ်။ငှက်ကလေးတွေအဲ့ဒီအိမ်ကလေးမှာနေပြီဆိုမှ

ဓာတ်မိပါတယ်အဲ့ကျမှ နောက်တလုံးထပ်ဖန်တီးပေးရပါမယ်အဲ့ဒီအတိုင်းတနှစ်အတွင်းကိုယ့်သက်စေ့ငှက်အိမ်လေးတွေလှူမယ်လှူတဲ့ငှက်အိမ်လေးတွေမှာလည်းငှက်ကလေးတွေ နေမယ်ဆိုရင်မိတ်ဆွေအတွက်အိမ်တလုံးရဖို့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မခက်ခဲတော့တဲ့အကြောင်းတွေ ရရိှလာပါလိမ့်မယ်ခင်ဗျာမိတ်ဆွေများအားလုံးရွှေအိမ်တော်များပိုင္ဆိုင္ၾကပါေစခင္ဗ်ာသင္ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးခိုက်လျက်ဒဂုန်ရောင်