မီးကွေးပျက်ရင်လွှင့်မပြစ်နဲ့နှစ်ခုတစ်ခုပေါင်းပြီးသုံးကြမယ်မီးကွေးပျက်ရင်လွှင့်မပြစ်နဲ့ကျနော်အားကြီးစိတ်ဆိုးတယ်နှစ်ခုတစ်ခုပေါင်းပြီးသုံးကြမယ်ကနေ့မြန်မာပြည်ကအိမ်အများစုသုံးနေကြတာယခင်ကလို2ပေ4ပေမီးချောင်းများမဟုတ်ကြ

တော့ဘဲဖော်ပြပါမီးကွေးများဖြစ်ကြပါတယ်၊မီးသီးကျွမ်းရင်အလွယ်တကူဖြုတ်လဲပြီးအဟောင်းကိုလွှင့်ပစ်တတ်ကြပါတယ်။အာမခံမပါတဲ့မီးကွေးက၁၀၀၀ကျပ်၊နဲ့အာမခံပါရင်၃၀၀၀ဝန်းကျင်ပါ၊(mdyဈေး)Philips၊National

အမျိုးအစားတွေဆိုရင်ဒီထက်ဈေးပိုပါတယ်ကျနော့အိမ်အတွက်မီးချောင်းများကိုသုံးပါတယ်၊ရေရှည်အသုံးခံလို့ပါ၊ပျက်ရင်လည်းကျနော်ကိုယ်တိုင်ပြုပြင်ပါတယ်အနှစ်၃၀ကျော်ခံတဲG.Eမီးချောင်းများ၁၉၈၄ခုကျနော်GTIဒုတိယနှစ်EP

ကျောင်းသားဘဝLabလက်တွေ့ခန်းထဲကမီးချောင်းကျွမ်းတာကိုဆရာကဖြုတ်လဲခိုင်းရာအင်္ဂလန်လုပ်G.Eမီးချောင်းMoonlightအရောင်လရောင်1954ခုနှစ်ထုတ်အနှစ်၃၀ကျော်အသုံးခံတာတွေ့ခဲ့ရပါတယ်ကျနော်ဘာမီးကွေးသုံး

သလည်းဈေးကြီးတဲ့နေရှင်နယ်၊ဖီးလစ်အာမခံနဲ့ရောင်းတဲ့မီးကွေးများမသုံးပါ၊ဈေးသက်သာပြီးပစ္စည်းသပ်ရပ်တဲ့၁၀၀၀ကျပ်တန်တရုတ်မီးကွေးဘဲသုံးပါတယ်ကျွမ်းရင်လည်းဖော်ပြထားသလိုနှစ်ခုတစ်ခုပေါင်းပြီးသုံးပါတယ်။အပိုင်း၂ပိုင်းဆက်စပ်ထားတဲ့မီးကွေး

မီးကွေးမှာအပေါ်ဘက်အပိုင်းကအော်တိုချုပ်အပိုင်းဖြစ်ပြီးအောက်ဖက်မှာမီးကွေးအပိုင်းပါချုပ်အပိုင်းကပျက်တတ်သလိုမီးကွေးကျွမ်းတာလည်းရှိပါတယ်ပြင်တယ်ဆိုတဲ့သဘောတရားကချုပ်ကောင်းတာနဲ့မီးကွေးကောင်းတာကိုပေါင်းစပ်ပေးစားဂဟေဆက်ပေးခြင်းဘဲဖြစ်ပါတယ်

အထူးသတိပေးချက်လျှပ်စစ်သဘောတရားအရမီးလုံးအားwattဝပ်မတူရင်ပေါင်းစပ်လို့မရပါဘူးအမျိုးအစားတူဆိုရင်ပေါင်းစပ်ရတာအလွန်လွယ်ကူပါတယ်အထိုင်တူလို့ပါမီးကွေး၂ခုပေါင်းစပ်ခြင်းဖော်ပြထာသည့်မီးကွေး၂ခုဟာ

26wattအသီးသီးဖြစ်ကြပြီး၊အရွယ်တူဝပ်တူအမျိုးမတူဖြစ်ကြပါတယ်မီးကွေးAကမီးချောင်းကျွမ်းနေပြီးမီးကွေးBကချုပ်ကျွမ်းနေပါတယ်မီးကွေးAချုပ်ဟာ၂၀၁၂ကဖြစ်ပြီးမီးကွေးက၂၀၁၅ဖြစ်ကာပထမတစ်ခါပေါင်းစပ်ထားခြင်

ဖြစ်ပြီးယခုဒုတိယအကြိမ်ထပ်ပြီးပေါင်းစပ်မှာပါခုနှစ်များဆော့ပင်နှင့်ရေးထားပါသည်မီးချောင်းမီးကွေးကျွမ်းမကျွမ်းဘယ်လိုသိနိုင်လည်း?မီးကွေးဘက်က
ကျွမ်းရင်အခြေနေရာမှာမဲနေပါတယ်၊၄ပေမီးချောင်းကျွမ်းသလိုပါဘဲပိုပြီး

သေချာခြင်ရင်AVOမီတာနဲ့မီးကွေးအစတွေကိုထောက်ပြီးစမ်းရင်သိပါတယ်ချုပ်မကောင်းတာဘယ်လိုစမ်းမလည်း။မီးထွန်းကြည့်ရင်ထွန်းခါစအလင်းများပြီးတနာရီလောက်နေရင်တဖြည်းဖြည်းမီးမှိန်လာတာမျိုး၊ပိုပြီးသိတာတာကမီးကွေးဟာ

ပိုးစုန်းကြူးလိုဖလပ်ဖလပ်ဖြစ်နေရင်ချုပ်ကျွမ်းတာဖြစ်ပါတယ်။မီးကွေးAကချုပ်အကောင်းနဲ့မီးကွေးBကမီးကွေးအကောင်းပေါင်းစပ်ပြီးမီးသီးအကောင်းတခုရအောင်လုပ်မယ်၁ဖော်ပြထားတဲ့မီးကွေး၂ခုကိုချုပ်နဲ့မီးကွေးပေါင်းစပ်ထားတဲ့

နေရာကနေဓားခပ်တုံးတုံးတချောင်းနဲ့ကလန့်ပြီးခွာထုတ်ပါပုံကိုကြည့်ပါ၂မီးကွေး၂ ခုစလုံးကိုခွာထုတ်ပြီးပါကမီးကွေးအစလေးခုနှင့်ချုပ်/ဆားကစ်ဘုတ်ဆက်သွယ်ထားသည်ကိုဖော်ပြပါအတိုင်းဘဲနှုတ်သီးပလာယာဖြင့်အသာအယာလိမ်းပြီ

လှည့်ဖြုတ်ပါဝါယာလေးပင်ကိုလိမ်ပြးီပူးထားသည်ပုံကိုကြည့်ပါ၃မီးကွေးAကချုပ်အကောင်းကိုယူမယ်ပြီးရင်မီးကွေးBကမီးကွေးအကောင်းကိုယူပြီးဖြုတ်စဉ်ကအတိုင်းဝါယာလေးပင်ကိုအသာအယာလိမ်ပြီးဂျွိုင်းဆက်ပေးမယ်ကြေးကြိုး

သေးတာကြောင့်စိတ်လိုက်မာန်ပါလိမ်ဆက်ရင်ပြတ်သွားနိုင်ပါတယ်တခုသတိထားရမှာကအမျိုးမတူတာကြောင့်အထိုင်မတူပါဘူး။ဒါ့ကြောင့်မဆက်မီနေရာကျမကျအရင်ချိန်ပါချိန်ပြီးမှနောက်ဆုံး၊အဝေးဆုံးဝါယာကနေစပြီးဆက်ပါ၎င်းနောက်

လျှပ်ကာစက္ကူletheroid paperအစိမ်းပုတ်ရောင်ကိုဆားကစ်ပြားအောက်မှာခံပေးပါ။၄.မီးကွေးAချုပ်အကောင်းနဲ့မီးကွေးBကမီးကွေးအကောင်းတို့ပေါင်းစပ်ပြီးပါပြီ၊အဲဒီနောက်မီးခေါင်းမှာမီးထိုးပြီးစမ်းလိုက်တဲ့အခါမှာမီးကွေး

အကောင်းတစ်ခုရလာပါပြီပုံကိုကြည့်ပါဘယ်လောက်ခံသလည်းလွန်ခဲ့တဲ့၅နှစ်ကျော်ကထည်းကဒီလိုလုပ်ပြီးကျနော်သုံးလာတာပါ။ဆိုင်ကဝယ်တဲ့အသစ်ထက်ခံတာလက်တွေ့ပါမကြာခနဖွင့်ပိတ်လုပ်တာတွေ၊အချိန်အကြာကြီးတောက်လျှောက်

ထွန်းပြီးမပိတ်ဘဲထားပါကတညတာထွန်းခြင်းကိုမဆိုလိုမီးကွေးသက်တမ်းတိုပါတယ်ပုံ၁ကျွမ်းနေသောမီးကွေးများAနှင့်Bပုံ၂မီးကွေးAမီးကွေးကျွမ်း၍အရင်း၌မဲနေပုံပုံ၃ချုပ်နှင့်မီးကွေးများခွာထားသည့်မီးကွေးAနှင့်ပုံ၄ချုပ်ကောင်းသည့်

မီးကွေးAမှချုပ်နှင့်မီးကွေးကောင်းသည့်မီးကွေးBမှမီးကွေးတို့ကိုပေငမငငဂဂဝဟဥငင်းစပ်အပြီးတွေ့ရစဉ်။ပုံ၅မီးသီးAနှင့်Bပေါင်းစပ်ပြီးABမီးသီးအကောင်းရလာပုံ။ကိုဗစ်ကာလအိမ်မှလျှပ်စစ်ပစ္စည်းများကိုယ်တိုင်ပြုပြင်မယ်ခရက်ဒစ်ပေးပြီးကူးယူဖော်ပြနိုင်ပါသညကိုတင်လေးဇော်AGTI(E.P).ETEC(Civil ).B.A(Psychology)လျှပ်စစ်ကျွမ်းကျင်ဒုတိယဆင့်